ဇာကိုးနီးယမ်
ဇာကိုးနီးယမ်[ပြင်ဆင်ရန်]
သက္ကရာဇ် ၁၇၈၉ ခုနှစ်တွင် ဂျာမန်လူမျိုး ဓါတုဗေဒ ဆရာ ကလပ်ပရုတ်ဆိုသူသည် သီဟိုဠ်ကျွန်းမှရသည့် ဂေါ်မိတ် တွင် ဇာကိုးနီးယမ်းပါဝင်သော ဒြဗ်ပေါင်းတစ်ခုကို အောက် ဆိုက်အဖြစ်ဖြင့် တွေ့ခဲ့သည်။ သို့သော် ဇာကိုးနီးယမ်ကိုမူ ဗာဇီး လီယပ်ဆိုသူကသာ ပထမဆုံးထုတ်ယူရရှိခဲ့သည်။ ဇာကိုးနီး ယမ်းပါဝင်သည့် အဓိကတွင်းထွက်နှစ်မျိုးမှာ ဇာကိုးနီးယမ်း ဆီလီကိတ်ဖြစ်သော ဇာကွန်(ဂေါ်မိတ်)နှင့် ဇာကိုးနီးယမ်း အောက်ဆိုက်ဖြစ်သော ဗက်ဒဲလီယိုက်ဖြစ်သည်။ ဇာကိုးနီးယမ် ကို မီးစာကျောက်သဲတွင်လည်း တွေ့ရသေးသည်။ ဇာကွန်ကို ဩစတြေးလီးယား၊ အိန္ဒိယနှင့် ဗရာဇီးနိုင်ငံများ၌၎င်း တွေ့ရ သည်။ ဇာကွန်အမြောက် အမြားကို နယူးဆောက်သဝေးမှလည်း ရသေးသည်။ ထိုပြင် ဂေါ်မိတ်ကသစ်ရေ သို့မဟုတ် ဂေါ်မိတ်နီ ကဲ့သို့သော ကျောက်မျက်မျိုးတွင်လည်း တွေ့ရသေးသည်။ ဇာကိုးနီးယမ်းသည် အောက်ဆီဂျင်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒ ရိုဂျင်၊ ကာဗွန်၊ ဆီလီကွန်ကဲ့သို့သော ဒြဗ်စင်များနှင့်တွေ့ထိ လျှင် အလွန်ဓါတ်ပြောင်းလွယ်သည်။ ထိုကြောင့် အခြားသတ္တု များကို ဇာကိုးနီးယမ် သတ္တုကျောက်ရိုင်းမှ ဖယ်ရှားပစ်လိုက် သည့်တိုင်အောင် ဇာကိုးနီးယမ် သတ္တုသန့်သန့်ကို လွယ်ကူစွာ ထုတ်ယူ၍ မရနိုင်သေးပေ။ သတ္တုမှုန့်ကို ရလိုသောအခါ သတ္တု ဖလူအိုရိုက်ကို ဆိုဒီယမ်နှင့်ရောလျက် အလွန်ခိုင်ခံ့၍ အလုံပိတ် ထားသည့် လုံကြီးများတွင်ထည့်ကာ အပူတိုက်ပေးရသည်။
သို့သော် ပလာနယ်တွင်ရှိသော တန်စတင် အမျှင်သေးပေါ်သို့ လျှပ်စစ်ဓါတ်ဖြင့် အပူတိုက်၍ ဇာကိုးနီးယမ် အိုင်အိုဒိုက်အငွေ့ ကို လွှတ်ပေးသောအခါတွင် အိုင်အိုဒင်သည် ပြိုကွဲသွားကာ တန်စတင်အမျှင်သေးပေါ်တွင် ဇာကိုးနီးယမ်လာရောက် စွဲကပ် နိုင်၏။
ဇာကိုးနီးယမ်သည် အလှည့်မှန်ဇယားတွင် တိုင်တေးနီယမ် နှင့်ဆီလီကွန်ရှိသည့်အစု၌ ပါဝင်သည်။ ထိုဒြဗ်စင်၏ အက်တမ် အမှတ်စဉ်နှင့် အက်တမ်အလေးဆများမှာ ၄ဝ နှင့် ၉၁ ့၂ ဖြစ်သည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||