ဇလွန်မြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဇလွန်မြို့​သည် ဧရာဝတီတိုင်း​တွင် ပါဝင်​သော မြို့​တစ်မြို့​ ဖြစ်ပြီးဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ ခရိုင်၏ အရှေ့တောင်ဘက်ရှိ မြို့နယ်ဖြစ်၍၊ ဧရာဝတီမြစ်၏ အ​နောက်ဘက်ကမ်းတွင်း တည်ရှိသည်။ ဟင်္သာတမြို့၏ အရှေ့တောင်တူရူ ၁၆ မိုင်ခန့် အကွာတွင်ရှိ၏။ ဇလွန်မြို့စည်ပင်ရေးအတွက် မြူနီစီပယ်အဖွဲ့ကို ၁၈၈၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၍၊ နောင်သောအခါ၌ ဒေသန္တရအုပ်ချုပ်ရေးတွင် ထည့်သွင်းသည်။


ဇလွန်မြို့​သည် ကုန်း​ဘောင်​ခေတ် သာယာဝတီ မင်း​လက်ထက် ပုသိမ် ( ၃၂ ) မြို့​နယ် စာရင်း​ဝင် မြို့​တစ်မြို့​ ဖြစ်သည်။ ထိုစဉ်က ကျိုက်​တော် သမန္တပူရ ဇရွန်၊​ ဇလွန်ဟူ၍ ​ဖော်ပြပါရှိသည်။ ကိုလိုနီ ​ခေတ်ဦး​တွင် ဧရာဝတီ မြစ်​ရေ တိုက်စား​သဖြင့်​ မြို့​တစ်ဝက်​ကျော်​ကျော် တွင် မြစ်ထဲ ပါသွား​ခဲ့​သည်။ ထို့​ကြောင့်​ ​ရေကာတာ အသစ်များ​ တည်​ဆောက်ခဲ့​ပြီး​ မြို့​ကို ​ရေကာတာအတွင်း​ ​ရွှေ့​ပြောင်း​ခဲ့​သည်။ ဧရာဝတီ မြစ်သည် ဇလွန်မြို့​၏ အလယ်မှ ဖြတ်သန်း​စီး​ဆင်း​နေသဖြင့်​ မြို့​နယ်မှာ နှစ်ခြမ်း​ ဖြစ်​နေသည်။ မြို့​နယ်၏ အ​နောက်ဘက်ခြမ်း​တွင် လယ်လုပ်ငန်း​သည် အဓိကလုပ်ငန်း​ ဖြစ်၏။ အ​ရှေ့​ဘက်ခြမ်း​တွင်မူ လယ်လုပ်ငန်း​၊​ ကိုင်း​လုပ်ငန်း​အြပင် အင်း​၊​ အိုင်များ​ တည်ရှိ​နေသဖြင့်​ အင်း​လုပ်ငန်း​ကိုလည်း​ လုပ်ကိုင်ကြသည်။ မြို့​နယ်အတွင်း​ ​နေထိုင်သူများ​တွင် မြန်မာ အများ​ဆုံး​ဖြစ်ပြီး​ ကရင်တိုင်း​ရင်း​သား​ များ​သည်လည်း​ အများ​အပြား​ ​နေထိုင်ကြသည်။


ဇလွန်မြို့​တွင် မာန်​အောင်မြင်​ ခေါ်ဇလွန်ပြည်တော်ပြန်ဘုရားကြီးမှာ အထူး​ထင်ရှား​သည်။ ၁၈၃၈ ခုနှစ်တွင် မြို့​သူကြီး​ ဦး​ရွှေပွင့်​က အများ​ပြည်သူများ​ ကြည်ညိုကိုး​ကွယ်နိုင်​စေ​သောငှာ ​ကြေး​ဆင်း​တု​တော်ကြီး​တစ်ဆူ ကို သွန်း​လုပ်လှူဒါန်း​ခဲ့​သည်။ ထို​ကြေး​ဆင်း​တု​တော်ကြီး​ ကို ၁၈၅၂ ခုနှစ်၊​ အင်္ဂလိပ် - မြန်မာ ဒုတိယ ကမ္ဘာစစ်ပွဲအပြီး​တွင် အင်္ဂလိပ်စစ်တပ်က သ​င်္ဘောဖြင့်​ သယ်​ဆောင်သွား​ခဲ့​၏။ သို့​သော် ၁၈၉၃ ခုနှစ်တွင် ​ကြေး​ဆင်း​တု​တော်ကြီး​ကို ဇလွန်မြို့​သို့​ ပြန်လည်ပို့​ဆောင်ခဲ့​ရသည်။ ထိုအချိန်မှစ၍ ပြည်​တော်ပြန်ဘုရား​ကြီး​ ဟု ​ကျော်ကြား​ခဲ့​သည်။ အခြား​ ထင်ရှား​သော ဘုရား​မှာ ​ရွှေရင်ဧစေတီတော်ဖြစ်သည်။

ဇလွန်မြို့သည် သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သဖြင့် ဟင်္သာတမှလာသော သင်္ဘောများနှင့် ရန်ကုန်မှလာသော သင်္ဘောများဆိုက်ကပ်ရာ ဒေသဖြစ်လေသည်။ အရေးကြီးသော ထွက်ကုန်မှာ ဆန်စပါးဖြစ်၏။

မြစ်ရေတိုးခြင်းဒဏ်ကြောင့် ကမ်းပြိုပျက်စီးသဖြင့် ဇလွန်မြို့ကို ကုန်းတွင်းသို့ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့ရသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၂၇၆ မျှရှိ၍၊ မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းကောင်စာရင်းအရ ၈၉၈ ယောက်ခန့် ဖြစ်လေသည်။[၁]

မြို့နယ်၏ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

ရပ်ကွက် (၅) ခုရှိသည်။ ၎င်းတို့မှာ-

၁) လမ်းမတော်တောင်ရပ်ကွက်

၂) လမ်းမတော်မြောက်ရပ်ကွက်

၃) ကန်းနားရပ်ကွက်

၄) ဆန်တန်းရပ်ကွက်

၅) ညောင်ပင်ဈေးရပ်ကွက်

ကျေးရွာအုပ်စု ( ) ကျေးရွာပေါင်း ( )တို့ဖြစ်ကြသည်။

အထင်ကရနေရာများ[ပြင်​ဆင်​ရန်​]

ဇလွန်မြို့တွင် အထင်ကရနေရာများစွာရှိသည်။ ၎င်းတို့အနက်အောက်ပါနေရာများသည် လည်ပတ်သွားလာရန်အကောင်းဆုံးဖြစ်သည်။

၁) မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး

၂) ဗုဒ္ဓအံတော်မြတ်

၃) ဦးသီလစေတီတော်

၄) ရွှေငြိမ်းအေးဘုရား

အစားအသောက်[ပြင်​ဆင်​ရန်​]

ထိုဒေသတွင် နာမည်ကြီးသည့် အထင်ကရအစားအသောက်များမှာ-

၁) မဗေဒါပဲကြီးလှော်

၂) ဇင်မင်းဂျင်းသုတ်

၃) ငှက်ပျော်ကြော် တို့ဖြစ်ကြသည်။

ဒေသထွက်ကုန်များမှာ

၁) ဆန်/စပါး

၂) ပဲမျိုးစုံ

၃) ပြောင်းဖူး

၄) ငရုတ်သီး

၅) သင်ဖြူးဖျာ





ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)