ဆွံ့အနားမကြား အိုလံပစ် အားကစားပွဲတော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Deaflympics
International Committee of Sports for the Deaf (CISS) Logo.gif
Deaflympics Logo

ဆောင်ပုဒ် PER LUDOS AEQUALITAS (Equality through sport)
ပထမအကြိမ် 1924 ပါရီမြို့ ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ်
Occur every 4 years
နောက်ဆုံးတစ်ခေါက်
ကျင်းပခဲ့သည့် ပြိုင်ပွဲ
2009 ထိုင်ပေမြို့ တရုတ်သမ္မတနိုင်ငံ၏ အလံတော် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်)
ရည်မှန်းချက် Provision of opportunities for deaf persons to participate in elite sports
ဌာနချုပ် Frederick, Maryland, United States
President Donalda Ammons
ဝက်ဘ်ဆိုက် Deaflympics Official Website

ဆွံ့အနားမကြား အိုလံပစ် အားကစားပွဲတော် (Deaflympics ဒက်ဖ်လင်းပစ်) (ယခင်က ဆွံ့အနားမကြား ကမ္ဘာ့အားကစားပွဲတော်၊ အပြည်ပြည်ဆိုင်ရာ ဆွံ့အနားမကြား အားကစားပွဲတော်ဟု ခေါ်ဝေါ်သည်။) သည် ဆွံ့အနားမကြားသူများအတွက် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော် ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီမှ ဟူသော စာလုံးပေါင်းကို အသုံးပြုခွင့်ပြုထားသည့် ဤအားကစားပွဲတော်အား ပထမအကြိမ်မှ စ၍ ဆွံ့အနားမကြား အပြည်ပြည်ဆိုင်ရာ အားကစား ကော်မတီ (Comité International des Sports des Sourds, CISS သို့ "The International Committee of Sports for the Deaf") က လေးနှစ်တကြိမ် ကြီးမှူးကျင်းပသည်။

မာတိကာ

[ပြင်​ဆင်​ရန်​] ကျင်းပသည့် နိုင်ငံနှင့် မြို့များ

ယနေ့အထိ ဒက်ဖ်လင်းပစ် ပွဲတော်ကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မြို့ကြီးပေါင်း ၃၆ မြို့တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဥရောပနှင့် မြောက်အမေရိက ပြင်ပတွင် သုံးကြိမ်သာ ကျင်းပခဲ့သည်။ ၎င်းတို့မှာ ၁၉၈၉ ခုနှစ် ခရစ်ချပ်ခ်ျ၊ ၂၀၀၅ မဲလ်ဘုန်းနှင့် ၂၀၀၉ ထိုင်ပေမြို့တို့ ဖြစ်သည်။ နောက်အကြိမ်ပွဲတော်ကို ဂရိနိုင်ငံ အေသင်မြို့တွင် ကျင်းပမည်ဖြစ်သည်။ ဒက်ဖ်လင်းပစ် ကျင်းပခဲ့သည့် နိုင်ငံနှင့် မြို့ကြီးများမှာ အောက်ပါအတိုင်းဖြစ်သည်။ [၁]

[ပြင်​ဆင်​ရန်​] ပြိုင်ပွဲ အမျိုးအစား

အောက်ပါ ပြိုင်ပွဲ အမျိုးအစားများသည် လက်ရှိ ဒက်ဖ်လင်းပစ်တွင် ပါဝင်ယှဉ်ပြိုင်သည့် အားကစား ပြိုင်ပွဲများ ဖြစ်သည်။ [၂]

[ပြင်​ဆင်​ရန်​] နွေရာသီပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] တဦးချင်းပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] အသင်းလိုက်ပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] ဆောင်းရာသီပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] တဦးချင်းပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] အသင်းလိုက်ပြိုင်ပွဲ

[ပြင်​ဆင်​ရန်​] နွေရာသီ ဒက်ဖ်လင်းပစ်

ခုနှစ် အကြိမ် မြို့ နိုင်ငံ
1924 I ပါရီမြို့ ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ်
1928 II အမ်စတာဒမ်မြို့ နယ်သာလန်နိုင်ငံ၏ အလံတော် နယ်သာလန်နိုင်ငံ
1931 III Nürnberg ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီနိုင်ငံ
1935 IV လန်ဒန်မြို့ ယူနိုက်တက်ကင်းဒမ်း၏ အလံတော် ယူနိုက်တက်ကင်းဒမ်း
1939 V စတော့ဟုမ်းမြို့ ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင်
No games were held between 1940–48 due to World War II
1949 VI ကိုပင်ဟေဂင်မြို့ ဒိန်းမတ်နိုင်ငံ၏ အလံတော် ဒိန်းမတ်နိုင်ငံ
1953 VII Brussels ဘယ်လ်ဂျီယမ်နိုင်ငံ၏ အလံတော် ဘယ်လ်ဂျီယမ်နိုင်ငံ
1957 VIII မီလန်မြို့ အီတလီနိုင်ငံ၏ အလံတော် အီတလီနိုင်ငံ
1961 IX ဟယ်ဆင်ကီးမြို့ ဖင်လန်နိုင်ငံ၏ အလံတော် ဖင်လန်နိုင်ငံ
1965 X ဝါရှင်တန်မြို့ အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု
1969 XI ဘဲဂရိဒ်မြို့ ယူဂိုဆလားဗီးယားနိုင်ငံ၏ အလံတော် ယူဂိုဆလားဗီးယား
1973 XII Malmö ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင်
1977 XIII Bucharest ရိုမေးနီးယားနိုင်ငံ၏ အလံတော် ရိုမေးနီးယားနိုင်ငံ
1981 XIV Köln ဂျာမနီနိုင်ငံ၏ အလံတော် အနောက်ဂျာမနီ
1985 XV Los Angeles အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု
1989 XVI Christchurch နယူးဇီလန်၏ အလံတော် နယူးဇီလန်
1993 XVII Sofia ဘူဂေးရီးယားနိုင်ငံ၏ အလံတော် ဘူဂေးရီးယားနိုင်ငံ
1997 XVIII ကိုပင်ဟေဂင်မြို့ ဒိန်းမတ်နိုင်ငံ၏ အလံတော် ဒိန်းမတ်နိုင်ငံ
2001 XIX ရောမမြို့ အီတလီနိုင်ငံ၏ အလံတော် အီတလီနိုင်ငံ
2005 XX မဲလ်ဘုန်းမြို့ ဩစတြေးလျနိုင်ငံ၏ အလံတော် ဩစတြေးလျနိုင်ငံ
2009 XXI ထိုင်ပေမြို့ တရုတ်သမ္မတနိုင်ငံ၏ အလံတော် တရုတ်သမ္မတနိုင်ငံ(ထိုင်ဝမ်)

(Flag of Chinese Taipei for Deaf.png Chinese Taipei အမည်ဖြင့်ယှဉ်ပြိုင်သည်။)

2013 XXII အေသင်မြို့ ဂရိနိုင်ငံ၏ အလံတော် ဂရိနိုင်ငံ

[ပြင်​ဆင်​ရန်​] ဆောင်းရာသီ ဒက်ဖ်လင်းပစ်

ခုနှစ် အကြိမ် မြို့ နိုင်ငံ
1949 I Seefeld ဩစတြီးယားနိုင်ငံ၏ အလံတော် ဩစတြီးယား
1953 II အော်စလိုမြို့ နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ
1955 III Oberammergau ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီနိုင်ငံ
1959 IV Montana-Vermala ဆွစ်ဇာလန်နိုင်ငံ၏ အလံတော် ဆွစ်ဇာလန်နိုင်ငံ
1963 V Åre ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင်
1967 VI Berchtesgaden ဂျာမနီနိုင်ငံ၏ အလံတော် ဂျာမနီနိုင်ငံ
1971 VII Adelboden ဆွစ်ဇာလန်နိုင်ငံ၏ အလံတော် ဆွစ်ဇာလန်နိုင်ငံ
1975 VIII Lake Placid အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု
1979 IX Méribel ပြင်သစ်နိုင်ငံ၏ အလံတော် ပြင်သစ်
1983 X Madonna di Campiglio အီတလီနိုင်ငံ၏ အလံတော် အီတလီနိုင်ငံ
1987 XI အော်စလိုမြို့ နော်ဝေနိုင်ငံ၏ အလံတော် နော်ဝေ
1991 XII Banff ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါနိုင်ငံ
1995 XIII Ylläs ဖင်လန်နိုင်ငံ၏ အလံတော် ဖင်လန်နိုင်ငံ
1999 XIV Davos ဆွစ်ဇာလန်နိုင်ငံ၏ အလံတော် ဆွစ်ဇာလန်နိုင်ငံ
2003 XV Sundsvall ဆွီဒင်နိုင်ငံ၏ အလံတော် ဆွီဒင်
2007 XVI Salt Lake City အမေရိကန်ပြည်ထောင်စု၏ အလံတော် အမေရိကန်ပြည်ထောင်စု
2011 XVII High Tatras ဆလိုဗက်ကီးယားနိုင်ငံ၏ အလံတော် ဆလိုဗက်ကီးယားနိုင်ငံ
2015 XVIII ဗင်ကူဗာမြို့ ကနေဒါနိုင်ငံ၏ အလံတော် ကနေဒါနိုင်ငံ

[ပြင်​ဆင်​ရန်​] ကျမ်းကိုး

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်