ဆွာဇီလန်နိုင်ငံ
| ကင်းဒမ်းအော့ဖ် ဆွာဇီလန် | |||||
| Kingdom of Swaziland Umbuso weSwatini |
|||||
|
|||||
| နိုင်ငံတော်ဆောင်ပုဒ် - "We are a fortress" "We are a mystery/riddle" "We hide ourselves away" |
|||||
| နိုင်ငံတော်သီချင်း - Oh God, Bestower of the Blessings of the Swazi | |||||
| ပထဝီ |
|||||
| မြို့တော် | လိုဘမ်ဘာမြို့ | ||||
| အကြီးဆုံးမြို့ | အမ်ဗာဗာနီမြို့ | ||||
ဧရိယာ
|
|||||
| စံတော်ချိန်ဇုန် | UTC +၂ | ||||
| လူနေမှု | |||||
လူဦးရေ
|
|||||
| နိုင်ငံရေး | |||||
| အမျိုးအစား | ပါလီမန် ဒီမိုကရေစီ စည်းမျဉ်းခံ ဘုရင်စနစ် | ||||
အစိုးရခေါင်းဆောင်များ
|
|||||
ထူထောင်မှု
|
|||||
| စီးပွားရေး | |||||
| GDP(PPP) | ၅.၈၅၈ ဘီလီယံ[၂] (အဆင့် - ) | ||||
| GDP(PPP) | US $၅,၇၀၈[၂] (အဆင့် - ) | ||||
| HDI | ▲၀.၄၉၈ (အလယ်) (အဆင့် - ၁၂၁) | ||||
| ငွေ | လီလန်ဂီနီ | ||||
| နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ | |||||
| CCLTD | .sz | ||||
| Calling code | +၂၆၈ | ||||
အာဖရိကတိုက်တောင်ပိုင်း၌ တည်ရှိသော ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် ဘုရင်အုပ်ချုပ်ခံနိုင်ငံဖြစ်သည်။ ဆွာဇီလန် နိုင်ငံ၏ မြောက်ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့တွင် တောင်အာဖရိက ပြည်ထောင်စုနိုင်ငံ၊ အရှေ့ဘက်တွင် ပေါ်တူဂီ နိုင်ငံ မိုဇမ်ဗစ်နယ်ကြားတို့ အသီးသီးတည်ရှိသည်။ ဆွာဇီလန်နိုင်ငံ၏ အကျယ်အဝန်းမှာ ၆,၇ဝ၄ စတုရန်းမိုင် ဖြစ်၍ လူဦးရေမှာ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေအရ ၄၃ဝ,ဝဝဝ ဖြစ်၏။
ကျွဲနွားမွေးမြူရေးသည် တိုင်းရင်းသားတို့၏ အဓိကလုပ်ငန်း ဖြစ်သည်။ သို့သော် မြေဩဇာကောင်းသည့်ပြင် ရေအလုံ အလောက်ရရှိသဖြင့် ပြောင်း၊ ဝါ၊ ဂွမ်း၊ စပါး၊ မြေပဲ၊ ဆေး ရွက်၊ ကြံ၊ နာနတ် စသည်တို့ကို စိုက် ပျိုးလုပ်ကိုင်သည်။ဆွာဇီလန်နိုင်ငံသည် သယံဇာတပစ္စည်း ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်၏။ ကျောက်ဂွမ်း၊ သံ၊ ရွှေ၊ သံဖြူ၊ မီးသွေးနှင့် လချေး အစရှိသည့် သတ္တုများထွက်၏။ များမကြာမီနှစ်များက အစပြု၍ သစ်လုပ်ငန်းနှင့် သစ်ပျော့ဖတ်လုပ်ငန်းတို့ကို သန်း ပေါင်းများစွာ ရင်းနှီးမြှုပ်နှံ၍ တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ရေအား လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ထိုနည်း တူ လုပ်ကိုင်လျက်ရှိ၏။ နိုင်ငံ၏အဓိက ထုတ်ကုန်များမှာ ကျောက်ဂွမ်း၊ သံရိုင်း၊ အမဲသား၊ ရှောက်မျိုးဝင်း သီးနှံများနှင့် သကြားတို့ ဖြစ်လေသည်။
ဆွာဇီလန်နိုင်ငံ၏ မြို့တော်မှာ အမ်ဗာဗာနီမြို့ဖြစ်၏။ တစ်ဆယ့်ခြောက်ရာစုနှစ်တွင် မိုဇမ်ဗစ်နယ်ပယ်သို့ ဗန္တူလူမျိုး များ လာရောက်နေထိုင်ခဲ့ရာမှ လူမျိုးစုကလေး အချို့သည် ၁၈ ရာစုနှစ်တွင် ယခု ဆွာဇီလန်နိုင်ငံ တည်ရာဒေသသို့ ပြောင်းရွေ့ အခြေစိုက် နေထိုင်ခဲ့ကြသည်။ ယင်းတို့သည် ဇူလူတို့နှင့်မကြာ ခဏ တိုက်ခိုက်နေရသောကြောင့် တဆယ့်ကိုး ရာစုနှစ်တွင် လူမျိုးစုကြီးအဖြစ် စည်းလုံးမိခဲ့ကြ၏။ ယင်းတို့ကို အုပ်ချုပ်သူ အမ်ဆွာ ဇိသည် ၁၉၄ဝ ပြည့်နှစ်လွန်နှစ်များတွင် ဇူလူတို့၏ ရန်မှ ကာကွယ်ပေးရန်အတွက် ဗြိတိသျှတို့ထံ အကူအညီ တောင်းခံခဲ့သည်။ ဗြိတိသျှအစိုးရနှင့် ထရန်စဗားပြည်နယ် အစိုးရတို့က ၁၈၈၁ ခုနှစ်တွင် ဆွာဇီလန်နယ်၏ လွတ်လပ်မှု အတွက် အာမခံချက်ပေးခဲ့၏။ ၁၈၉ဝ ပြည့်နှစ်တွင် ဆွာဇီလန်၊ ဗြိတိသျှနှင့် ထရန်စဗားတို့ကို ကိုယ်စားပြုသည့် ယာယီအစိုးရ အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့၏။
ဆွာဇီလန်သည် ၁၈၉၄ ခုနှစ်မှ ၁၈၉၄ ခုနှစ်အထိ တောင်အာဖရိက ပြည်ထောင်စု၏ အစောင့်အရှောက်ခံနယ် ပယ်ဖြစ်နေခဲ့သော်လည်း ဗိုးဝါးစစ်ပွဲအပြီး ၁၉ဝ၂ ခုနှစ်တွင် ဗြိတိသျှတို့ အုပ်ချုပ်မှုအောက်သို့ လွဲပြောင်းရောက်ရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗြတိသျှအစောင့်အရှောက်ခံ နယ်ပယ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အိမ်နီးချင်းလည်း ဖြစ်၍ ယခင်က ဗြိတိသျှပိုင်နက်နယ်ပယ်များလည်းဖြစ်သော ဗက်ချူအာနာလန်နယ်နှင့် ဗာဆူတိုလန်နယ်တို့သည် ဗော့ဆွာနာ နိုင်ငံနှင့် လီဆိုသိုနိုင်ငံဟူ၍ လွတ်လပ်သောနိုင်ငံများ ဖြစ်လာ သည်ကိုအားကျ၍ ဆွာဇီလန်နယ်ကလည်း လွတ်လပ်ရေး အတွက် ကြိုးပမ်းလာခဲ့၍ ၁၉၆၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဗြိတိသျှ ဓနသဟာယအဖွဲ့ဝင် လွတ်လပ်သော နိုင်ငံဖြစ်လာခဲ့၏။
နိုင်ငံ၏ အကြီးအကဲမှာ ဒုတိယမြောက် ဆိုဘူဇာဘုရင် ဖြစ်သည်။ ဆွာဇီလန်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံဖြစ် ၏။[၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Department of Economic and Social Affairs Population Division (2009). "World Population Prospects, Table A.1" (PDF). United Nations. Retrieved on 2009-03-12.
- ↑ ၂.၀ ၂.၁ Swaziland. International Monetary Fund. Retrieved on 2010-04-21။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)