ဆဲလျူလွိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆဲလျူလွိုက်[ပြင်​ဆင်​ရန်​]

ရှေးအခါက ဘီး၊ ကြယ်သီး၊ ဓားရိုး၊ ထီးရိုး၊ ပေါင်ဒါဗူး၊ ဆံပင်ည|ပ်ကလစ်၊ ဆေးလိပ်စွပ်တံ၊ ဗိလယက်ဘောလုံး၊ ကစား စရာအရုပ်စသော လူတို့၏ အလှအပအသုံးအဆောင်ပစ္စည်းများ ကို ဆင်စွယ်၊ ပယင်း၊ လိပ်ခွံစသည်တို့ဖြင့် ပြုလုပ်ခဲ့ကြ၏။ ထိုပစ္စည်းများမှာ သဘာဝပစ္စည်းများဖြင့် ပြုလုပ်ရသည်ဖြစ်၍ ဈေးကြီးသည်။ သို့ရာတွင် ဆဲလျူလွိုက်ဟုခေါ်သော ပစ္စည်း တစ်မျိုးကို လူတို့ပြုလုပ်လာနိုင်သည့် အချိန်မှစ၍ ထိုပစ္စည်းမျိုး တို့ကို ဈေးနှုန်းချိုသာစွာနှင့် အမြောက်အများ ပြုလုပ်ရောင်းချ နိုင်ခဲ့လေသည်။ ဆဲလျူလွိုက်ဖြင့် ဆင်စွယ်၊ ပယင်းနှင့် လိပ်ခွံများကိုသာ တုနိုင်သည်မဟုတ်၊ မဟူရာ၊ အက်ဗနီသစ်နက်သား အပြင် အခြားသဘာဝပစ္စည်းအများကိုလည်း တုနိုင်သဖြင့် ယခု အခါ ဆဲလျူလွိုက်ကို ကမ္ဘာအနှံ့မှာပင် တွင်ကျယ်စွာ အသုံးပြု လျက်ရှိနေပြီ။ အထက်တွင်ဖေါ်ပြခဲ့သော အလှအပ အသုံး အဆောင်ပစ္စည်းများကိုသာမက ဆဲလျူလွိုက်ဖြင့် စန္ဒားခလုတ်၊ စကားပြောကြေးနန်းနားထောင်ခွက်၊ မော်တော်ကား တံခါး ဘောင်၊ ဗက်ထရီဓာတ်အိုးခွံ၊ အလင်းပေါက်သည့်ကားချပ်မှစ၍ အခြားအသုံးအဆောင် ကရိယာအများအပြားကိုလည်း ပြုလုပ် နိုင်လေသည်။ဆဲလျူလွိုက်သည် ပလပ်စတစ်အမျိုးအစားတွင် ပါဝင်သည်။


အင်္ဂလန်နိုင်ငံတွင် ပတ် နှင့် စပီးဆိုသူ ပုဂ္ဂိုလ်နှစ်ဦးကခရစ်၁၈၅၅ခုနှစ်နှင့် ၁၈၆၈ ခုနှစ်များတွင် ဆဲလျူလွိုက်နှင့် ဆင်တူယိုးမှားပစ္စည်းများကို အသီးသီး စမ်းသပ်တွေ့ရှိခဲ့ကြသည်။ သို့သော် ယခုအခါ ဆဲလျူလွိုက် ဟု ခေါ်တွင်လျက်ရှိသော ပစ္စည်းကိုမူ အမေရိကန်ပြည်ထောင်စုနိုင်ငံ နယူးဂျာစီပြည်နယ်၊ နျူးအတ်မြို့မှ ဂျွန်ဝက်စလီ ဟိုင်းယက်ဆို သူ ပုံနှိပ်ဆရာတစ်ဦးက ၁၈၆၉ ခုနှစ်တွင် အောင်မြင်စွာစမ်း သပ်တွေ့ရှိခဲ့လေသည်။

နိုက်ထရိတ်ဖြစ်အောင် ပြုလုပ်ထားသော ဆဲလှူလို့သည် ပရုတ်ထဲ၌ ပျော်ဝင်နိုင်သည့် သတ္တိရှိသည်။ ဆဲလျူလွိုက်ပြုလုပ် သည့်နည်းမှာ ထိုသတ္တိကို အခြေခံသောနည်းဖြစ်၏။ ရှေးဦးစွာ စက္ကူ၊ ဝါဂွမ်း၊ သစ်သား စသော ဆဲလျူလို့ပါဝင်သည့် ပစ္စည်း များကို နိုက်ထရ်စနှစ် ဆာလဖျူရစ်အက်ဆစ် အပြင်းရည်နှစ်မျိုး ရောစပ်ထားသော အက်ဆစ်ရည်တွင် နှစ်ပေးသောအခါ နိုက် ထရစ်ဖြစ်လာသည်။ ထိုနိုက်ထရိတ်ကိုဆေးကြော အခြောက် လှန်းပြီးနောက် ပရုတ်နှင့် အယ်လကိုဟောတို့ဖြင့် ရောပေးသော အခါ ကော်ရည်ကဲ့သို့သော ဆဲလျူလွိုက်ဖြစ်လာသည်။ ထို အဆင့်တွင် ပျော့ပျောင်းစေရန်အတွက် သင့်တော်သောဆီများနှင့် အလိုရှိသော အရောင်ဆေးများကို ရောစပ်ပေးပြီးနောက် အပူ တိုက်ထား၍ ပြုပြင်ပေးနိုင်သည့် ဒလိမ့်တုံးများနှင့် ကြိတ်ပေး သောအခါ ဆဲလျူလွိုက်ကော်ပြားများကိုရသည်။ ထိုကော်ပြား များကို ဖိစက်ဖြင့် ဖိပေးပြီးနောက် အငွေ့ပျံသည့် ပစ္စည်းများ ထွက်သွားအောင် အခြောက်ခံပေးရပြန်သည်။ ဤနည်းမှာ အခြေခံမူလနည်းပင် ဖြစ်သည်။

ဆဲလျူလွိုက်၌ အရောင်မရှိချေ။ အကယ်၍ ရှိပြန်လျှင် လည်း အဝါရောင်အနည်းငယ်မျှသာရှိသည်။ ပါးလွှာစွာပြုလုပ် ထားလျှင် ထုတ်ချင်းပေါက် မြင်နိုင်သည်။ အရောင်ဆေးထည့် ပေးသောအခါ တစ်ညီတစ်ညာ ပျံ့နှံ့၍သွားနိုင်သည်။ ပရုတ်နံ့ အနည်းငယ်ရှိသည်။ ရေ၌ဖြစ်စေ၊ အက်ဆစ်အပျော့ရည်များ၌ ဖြစ်စေ ပျော်ဝင်နိုင်ခြင်းမရှိပေ။ တစ်ခုသတိပြုရန်မှာ ဆဲလျူ လွိုက်သည် အလွန်မီးလောင်လွယ်သည်။ ထို့ကြောင့် သိပ္ပံဆရာ အသီးသီးတို့သည် မီးမလောင်နိုင်သော သို့မဟုတ် မီးအလောင် နည်းသော ဆဲလျူလွိုက်ပြုလုပ်နည်းကို အမျိုး မျိုးရှာကြံရပြန် သည်။

ရေဆူဆူတွင် သို့မဟုတ် ဆူချိန်နီးနေသော ရေထဲတွင် ဆဲလျူလွိုက်ကို နှစ်ပေးသောအခါ ပုံအမျိုးမျိုး ပြုလုပ်နိုင်အောင် ပျော့ပျောင်းလာသည်။ ထိုအချိန်မျိုးတွင် ဆဲလျူလွိုက်တို့ကို လူ၏ အသုံးအဆောင်နှင့် အလှအပပစ္စည်း အမျိုးမျိုးအတွက် ပုံသွန်းပြုလုပ်နိုင်သည်။ သာမန်အချိန်တွင်လည်း ဆဲလျူလွိုက် ကို လိုသလို လှီးဖြတ်ဖောက်ထွင်းနိုင်ပေသည်၊ ဆဲလျူလွိုက် သည် အခိုင်အမာဆုံးသော လက်လုပ်ပစ္စည်းတစ်ခု ဖြစ်သည်။ ရော်ဗာစေးကဲ့သို့ ကျုံ့နိုင် ကန်နိုင်သောသတ္တိရှိ၍ အလွန်ပါး လွှာသည့် ဖလင်ကော်ပြားများဖြစ်အောင် ပြုလုပ်နိုင်သည်။ မီးမလောင်နိုင်သည့် ဆဲလျူလွိုက် ပြုလုပ်နည်းကို ရှာကြံ ခဲ့ကြရာတွင် အချို့က ဆဲလျူလွိုက်ထဲ၌ ကလို ရိုက်တစ်မျိုးကို ဖြစ်စေ၊ ဗရိုမိတ်တစ်မျိုးကိုဖြစ်စေ သို့မဟုတ် မီးကို ငြိမ်းသတ် နိုင်သော ဓာတ်ငွေးများကို ထုတ်ပေးနိုင်သည့် အခြားပစ္စည်း တစ်မျိုးမျိုးကိုဖြစ်စေ ထည့်ပေးလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)