ဆေးခြောက်ပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဆေးခြောက်ပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးပေါင်းစု [[Magnoliophyta]]
မျိုးပေါင်း [[Magnoliopsida]]
မျိုးစဉ် [[Rosales]]
မျိုးရင်း [[Cannabaceae]]
မျိုးစု [[Cannabis]]
မျိုးစိတ် ''C. sativa''
ဒွိနာမ
''Cannabis sativa L.[၁]
Cannabis indica Lam. (putative)[၁]

ဆေးခြောက်ပင်[ပြင်​ဆင်​ရန်​]

ရုက္ခဗေဒ အလိုအားဖြင့် ဆေးခြောက်ပင်ကို 'ကန္နာဗစ် ဆာတီဗား'ဟု ခေါ်သည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ဆေးခြောက်ပင်ကို လျှော်အတွက်သာမက အရွက်နှင့်အပွင့်များ အတွက်လည်း စိုက်ပျိုးကြသည်။ ဆေးခြောက်ပင်၏ အရွက်နှင့် အခက်နုကလေးများကို အခြောက်လှန်းသောအခါ၊ ဘင်းခေါ် မူးယစ်စေတတ်သည့် ပစ္စည်း တစ်မျိုးကိုရသည်။ ဆေးခြောက်ပင်၏ ပန်းပွင့်ရှိရာအခက်အလက်များကို လက်နှင့်ပွတ်၍ ချေသောအခါ အစေးတမျိုးထွက်လာသည်။ ထိုအစေးကို ဆေးတံသောက်ဆေးနှင့်၎င်း၊ တမာကူးနှင့်၎င်းရော၍ ရှူကြသည်။ ဆေးခြောက်ပင်၏အပွင့်ခြောက် သို့မဟုတ် ပန်းခြောက်ကို ဂံဂျာပြုလုပ်ကြသည်။ ဂံဂျာနှင့် ဘင်းသည် ရှူရှိုက်စား သုံးသူတို့၏ အာရုံကြောကို ထိခိုက် ပျက်စီးစေတတ်သည်။ ဘင်းသည်

  1. ဘိန်း
  2. ဘင်း
  3. ကဇော်
  4. လှော်ဇာ
  5. အရက် ဟူသော ယစ်မျိုးငါးပါးတွင် ပါဝင်သည်။


အပင်ပေါက်ရာဒေသကိုစွဲ၍ ဆေးခြောက်ပင်အမည် အမျိုး မျိုးရှိသည်။ ထင်ရှားသောဆေးခြောက်ပင် သုံးမျိုးမှာ

  1. အိန္ဒိယဆေးခြောက်
  2. အမေရိကန် ဆေးခြောက်
  3. အာဖရိက ဆေးခြောက်တို့ဖြစ်သည်။


အိန္ဒိယဆေးခြောက်ကို ဗင်္ဂလားဂံဂျာနှင့် ဘုံဘိုင်ဂံဂျာဟူ၍ နှစ်မျိုးခွဲထားသည်။ ဗင်္ဂလား ဂံဂျာကို အိန္ဒိယနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတွင် များစွာ အသုံးပြုကြသည်။ ယင်းကို အများအားဖြင့် ကာလကတ္တားမြို့ မြောက်ပိုင်းနှင့် ဘုံဘိုင်မြို့အရှေ့ပိုင်းတွင် စိုက်ပျိုးသည်။ အမေရိ ကန်ဆေးခြောက်သည် အိန္ဒိယဆေးခြောက်ကဲ့သို့ အစေးမများလှ ချေ။ ယင်းကို တောင်ပိုင်းနှင့်မြောက်ပိုင်း ကယ်ရိုလီးနား၊ အီလီနွိုင်၊ အင်ဒီယားနား၊ နယူးယော့၊ ဝစ္စကွန်းဆင်း၊ ကင်တပ် ကီး၊ တက်ဆက်နှင့် မိဘူးရီပြည်နယ်တို့မှ တင်ပို့သည်။ အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေနှင့် အနောက်ဘက်ကမ်းခြေ အနီးတို့တွင်ပေါက်သော ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့် များကိုအများအားဖြင့် ဇန်ဇိဗာမြို့မှတင်ပို့သည်။ ကွန်ဂိုမြစ်နှင့် ဇမ်ဗီဇီမြစ်မှ ရေသွင်းယူရသော အာဖရိကတိုက် အလယ်ပိုင်း ဒေသတွင်ပေါက်သည့် ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့်များ ကိုလည်း ဇန်ဇိဗာမှ တင်ပို့သည်။ ဆေးခြောက်ပင်မှ ဘင်းကို အပူပိုင်းနိုင်ငံများ၌သာ ရနိုင် သည်။ အအေးပိုင်းနိုင်ငံများရှိ ဆေးခြောက်ပင်မှ ဘင်းကို မရ နိုင်ခြင်းမှာ ထူးခြားသည်။ အိန္ဒိယနိုင်ငံလုံးတွင် ထိုဘင်းကိုပင် ဘိန်းအစားအသုံးပြုကြသည်။ သို့ရာတွင် အစိုးရထံမှ လိုင်စင်ရ မှသာ ထိုအပင်ကိုစိုက်ပျိုးနိုင်သည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ John H. Wiersema. Cannabis sativa information from NPGS/GRIN. Ars-grin.gov. Retrieved on 2010-01-02
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)