ဆောဖလိုင်းယင်ကောင်
Wikipedia မှ
| ဆောဖလိုင်း ယင်ကောင် | |
|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | |
ဆောဖလိုင်းယင်ကောင် [ပြင်ဆင်ရန်]
ဆောဖလိုင်းယင်ကောင်သည် ပရွက်ဆိတ်၊ ပျား၊ နကျယ် ကောင်တို့နှင့်အတူ 'ဟိုင်မင်နော့တာရာ'မျိုးစုကြီး တစ်ခုတည်း တွင် ပါဝင်သည်။ ခူဘဝမှ တစ်ဆင့်ကြီးရသော အကောင်းမျိုး ဖြစ်သည်။ ပရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့ကဲ့သို့ ခါးမ သေးပေ။ ယင်း၌ အလင်းပေါက်သော အတောင်ပံ ၄ ခုရှိ သည်။ အတောင်ပံများတွင် ထူးခြားသော အမှတ်အသားများ မပါချေ။ ဥအုသော အင်္ဂါတွင် လွှသွားကဲ့သို့ထက်သော အစိတ် အပိုင်းများရှိသည်။ ထိုအစိတ်အပိုင်းဖြင့် သစ်ရွက်၊ ပင်စည် တို့တွင် ရှရာပေး၍ ဥများကို ထည့်ထားတတ်သည်။ ဆောဖလိုင်းယင်ကောင်သည် သစ်ပင်၊ ချုံပင်တို့ကိုအကြီး အကျယ်ဖျက်ဆီးသည်။ ယင်းတို့ကို အနောက်နိုင်ငံများတွင် တွေ့ရသည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)