ဆူးတွင်းပစ်ဆရာတော်

ဝီကီပီးဒီးယား မှ

ဆူးတွင်းပစ်ဆရာတော် (သို့) ပေါက္ကံဆရာတော် (၆၇၅ ခန့် - ၇၃၅ ခန့်) ဟု ကျော် ကြားသော ဆရာတော် သျှင်နာဂိတကို စစ်ကိုင်းမြို့ မြောက်ဘက် သာစည်ရွာတွင် အသည်ကြီး တစ်ဦးမှ မွေးဖွားခဲ့သည်။

ဆရာတော်လောင်းလျာ သူငယ်သည် ကျောင်းသွား၍ စာပေသင်ကြားရန် အလွန်ပျင်း ရိသည်။ စာပေသင်ကြားရန်အတွက် မိဘများက အထူဂရုစိုက်၍ တိုက်တွန်းသော်လည်း သူငယ်ကား မည်သည့်အခါမျှ ကျောင်းသို့ မှန်ကန်စွာ သွားရောက်လေ့ မရှိပေ။ ကြာသော် အသည် ကြီးသည် သူငယ်အား နောင်တရစိမ့်သောငှာ ဆူးပုံဆူးချုံတွင်းသို့ ချ၍ ဆုံးမသည်။ ဤသို့ မှတ်သား လောက်အောင် ဆုံးမလိုက်သောအခါ သူငယ်သည် ကြောက်လန့်၍လည်းကောင်း၊ နောင်တရသော ကြောင့်လည်းကောင်း အိမ်သို့ မပြန်တော့ဘဲ ကျောင်းမှာပင် နေလေတော့သည်။

သူငယ်သည် ကျောင်း၌ အနေများလာသောအခါ ကျောင်း၌ ပျော်ပိုက်လာ၏။ စာပေ သင်ကြားလိုစိတ်လည်း ဖြစ်ပေါ်လာ၏။ ထို့ကြောင့် သျှင်သာမဏေပြု၍ လောကီ လောကုတ္တရာ စာပေများကို အပတ်တကုတ် ကြိုးစားအားထုတ်လေသည်။ ရဟန်းပြုသောအခါ ဘွဲ့မည်မှာ သျှင်နာဂိတ ဟူ၍ ဖြစ်သည်။

သျှင်နာဂိတသည် ကျေးလက်ဒေသတွင် စာပေသင်ကြားရသည်ကို အားမရသေးဘဲ အသိအမြင် ပွင့်လင်းရာဖြစ်သော ပုဂံပြည်သို့ ကြွရောက်၍ စာပေများကို သင်ကြားပြန်လေသည်။ သျှင်နာဂိတ စာပေသင်သော စကားကျောင်းမမှ ဆရာတော် သျှင်သုဓမ္မမဟာသာမိမထေရ်သည် ထိုစဉ်က ပုဂံ၌ ကျော်စောသူ ဖြစ်သည်။ သျှင်နာဂိတသည် ထိုဆရာတော်ထံမှ စာပေနည်းနိသျတို့ကို စုံလင်စွာ ရရှိတော်မူသည့်အတွက် စာပေဂုဏ်သတ္တိသည်လည်း ပုဂံပြည်၌ အကျော်တစော ဖြစ်တော်မူလေသည်။

ထိုအခါ အဖဖြစ်သူ အသည်ကြီးသည် သျှင်နာဂိတ၏ ကျော်စောမှုကို ကြားသိရသဖြင့် မိမိသား ဖြစ်လောက်သည်ဟု အောက်မေ့၍ ပုဂံပြည်သို့ လိုက်လာလေသည်။ ရောက်လျှင် ရဟန်း တော်၏ အတိတ်အကြောင်းကို မေးမြန်းပြီး မိမိသားမှန်း သိလျှင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် မိမိကိုယ်တိုင် ဝတ်ပြု၍ လုပ်ကျွေးမွေးမြူလေသည်။

သျှင်နာဂိတသည် ဖခင်ပြုစု လုပ်ကျွေးသော ဆွမ်းပန်းတို့ကို စကားမပြော တုဏှိဘော ဖြင့်သာ သုံးဆောင်လေ့ ရှိ၏။ ပြီးလျှင်လည်း မိမိစာကိုသာ ကြည့်ရှုဆည်းပူးနေလေ့ ရှိသည်။ တစ်နေ့သော် ဖခင်ကြီးက ဆွမ်းကပ်ရာ၌ ယနေ့ ဆားပေါ့သည်၊ ဆားငန်သည် စသည်ဖြင့် ပြောဆို လာ၏။ ဤသို့ဆိုဖန်များသော် ဖခင်ကြီးက အရှင်သည် ရှေးယခင်က ဆွမ်းလုပ်ကျွေးလျှင် မည်သို့မျှ စကားဆိုလေ့ မရှိ၊ ယခုမူကား အဘယ့်ကြောင့် ပေါ့သည် ငန်သည်ဖြင့် အကြိမ်ကြိမ် ဆိုလာပါသနည်း၊ ဟု မေးမြန်းသည်။

ထိုအခါ သျှင်နာဂိတက ဖခင်ဒါယကာကြီး၊ ယခင်တုန်းက စာပေအတွက် အားပြု လေ့လာနေရသဖြင့် ပေါ့ခြင်း ငန်ခြင်းစသော အရသာများကို ခံယူမနေအားခဲ့ပါ၊ ယခုမူကား စာပေလေ့လာမှု၌ အတော်အတန် ကျေနပ်ပြီဖြစ်၍ ကိုယ်လက်အားဖြည့်လိုသဖြင့် သင့်မြတ်သော အာဟာရများကို စားသုံးလို၍ ဖြစ်သည်၊ ဟု ပြောကြားလေသည်။

ဖခင်ကြီးသည် ထိုစကားကို ကြားသဖြင့် အရှင့်အမိသည် မျှော်တ၍ နေပေတော့မည်၊ စာပေအတွက် ကျေနပ်ပြီဆိုလျှင် အရှင့်အမိ၏ အဖူးမြော်ခံရန် ရပ်ရွာသို့ ကြွရောက်တော်မူပါဦး၊ ဟု လျှောက်ထား၏။ သျှင်နာဂိတလည်း သဘောတူသဖြင့် ဖခင်အသည်ကြီးနှင့် အတူ ပုဂံနေပြည် တော်မှ မိမိတို့ ရပ်ရွာသို့ ပြန်လာခဲ့ကြလေသည်။

ထိုအချိန်တွင် ပင်းယ၌ ငါးစီးရှင်ကျော်စွာ၏ သားဖြစ်သော လေးစီးရှင်ကျော်စွာသည် ထီနန်းအုပ်ချုပ် မင်းလုပ်နေ၏။ ထိုမင်းသည် ပင်းယစကား ခုနစ်ကျောင်းအနီးတွင် တင့်တယ် ခမ်းနားသော ကျောင်းတော်ကြီးကို ဆောက်လုပ်ထား၏။ ကျောင်းကို 'ကျော်စွာကျောင်း'ဟု သမုတ်ထားသည်။ ထိုကျောင်းကို မည်သူ့အားမျှ တင်လှူခြင်း မပြုဘဲ မင်းတရားက သီလ ဝန် ဂုဏဝန်မှစ၍ ရဲရင့်တည်ကြည်သော ပုဂ္ဂိုလ်မှသာလျှင် တက်နေပါစေ၊ ဟု အမိန့်တော် ထုတ်ပြန်ထားသည်။ ထိုအမိန့်စကားသည် ပျံ့နှံ့နေလေသည်။ ကာလအတန်ကြာမျှ တက်ရောက် နေထိုင်သူ မရှိဘဲ ဖြစ်နေခဲ့၏။

သျှင်နာဂိတတို့သည် ပင်းယသို့ ရောက်ရှိလာကြသည်တွင် ဘုရားပုထိုး ရှိခိုးရင်း မြို့ တွင်းသို့ ဝင်ခဲ့ကြ၏။ ကျော်စွာကျောင်းကြီး အနီးသို့ ရောက်ကြလျှင် လေးစီးရှင်ကျော်စွာမင်း၏ ဆန္ဒကို သိရသဖြင့် ထိုကျောင်းကြီးပေါ်သို့ တက်၍ နေလေသည်။ ထိုအကြောင်းကို အစောင့်လူ များက ကျော်စွာမင်းအား လျှောက်ကြားကြကုန်၏။ ထိုအခါ မင်းကြီးသည် ပညာအရာ၌ အားထား ရသော စတုရင်္ဂဗလအမတ်ကြီးအား ကျောင်းပေါ်၌ နေသော မထေရ်၏ စာပေဂုဏ်သတ္တိတို့ကို သွားရောက် စုံစမ်းစေလေသည်။

အမတ်ကြီးသည် ကျော်စွာကျောင်းပေါ်သို့ သွားရောက်၍ သျှင်နာဂိတအား ပါဠိ အဋ္ဌကတာ ဋီကာကျမ်းဂန် အရပ်ရပ်တို့မှ ခက်ရာခက်ဆစ်တို့ကို မေးမြန်းလေသည်။ မေးမြန်းတိုင်း ပင် မိမိရရ ရှိလှသဖြင့် ထိုအကြောင်းကို မင်းကြီးအား ပြန်ကြားလျှောက်ထားလေသည်။ ထို့ကြောင့် သျှင်နာဂိတသည် ကျောင်းတော်ကြီးကို အလှူခံ ရရှိတော်မူ၏။ အဖဖြစ်သော အသည်ကြီးအား လည်း သူဌေးအရာပေး၍ ချီးမြှောက်သဖြင့် ယခုတိုင် ' သူဌေးရွာ သာစည် ' ဟု ခေါ်တွင်လျက် ရှိလေသည်။

ဆရာတော်သည် ငယ်စဉ်က ဆူးတွင်းသို့ ပစ်ချခံရသည်ကို အစွဲပြု၍ ဆူးတွင်းပစ်ဆရာ တော်ဟုလည်းကောင်း၊ ပုဂံမြို့မှ အကျော်တစောဖြစ်၍ ပင်းယသို့ ရောက်ရှိလာခဲ့သောကြောင့် ပုဂံဆရာတော်၊ ဝါ- ပေါကံ္ကဆရာတော်ဟုလည်းကောင်း ခေါ်တွင်ထင်ရှားလေသည်။ ဆရာတော်သည် ပင်းယ၌ သီတင်းသုံးနေတော်မူစဉ် စာသင်သားတို့အတွက် ' သဒ္ဒ သာရတ္ထ ဇာလိနီ ' ခေါ် သဒ္ဒါငယ်ကျမ်းကို ရေးသားတော်မူသည်။ ထိုကျမ်းကို ပြုစုရာ၌ ၎င်း၏ ဆန္ဒတော်ကို နိဂုံးဂါထာအမှတ် ၅၁၆-၌ ဤသို့ တောင်းဆုယူထားသည်။

အဟံ၊ ငါသည်။ ဝဋ္ဋေသု၊ ဝဋ်ဆင်းရဲတို့၌။ ဝတံ္တ-ဝတ္တန္တော၊ ဖြစ်သည်ရှိသော်။ တိဘ

ဝေသု၊ သုံးပါးသော ဘဝတို့၌။ ဝုယှံ-ဝုယှန္တော၊ မျောပါးသည်ရှိသော်။ ရောဂါဒိဝဇ္ဇံ၊ ရောဂါ အစရှိသော အပြစ်ကို။ ဝိဟတော၊ အထူးသဖြင့် ဖျောက်နိုင်သည်။ ဘဝေယျံ၊ ဖြစ်ရလို၏။ အရိမေတ္တေယျသင်္ချံ၊ အရိမေတ္တေယျအမည်ရှိသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ဖုသေမိ၊ တွေ့ ရလို၏။ ဒါနဉ္စ၊ အလှူကိုလည်း၊ ဒတွာ၊ ပေး၍။ ပိဋကံ၊ ပိဋကတ်သုံးပုံကို။ ဓာရေယျံ၊ ဆောင်

ရလို၏။

ဆရာတော်သည် ကဗျာလင်္ကာ စီကုံးထုံးဖွဲ့မှု၌လည်း ကျွမ်းကျင်လိမ္မာတော်မူ၏။ စတု ရင်္ဂဗလအမတ်ကြီး ရေးသားသော ' ရွှေဘဝါးတော်အောက် ' အစချီ ရတုကို ဖြေကြားသော 'အ ထွေအထွေ ' ချီ ရတုဖြင့် ဆရာတော်၏ အရည်အသွေးကို လေးစားရ၏။

ရွှေဘဝါးတော်အောက်ချီရတုသည် ဆရာတော်အား တိုက်ရိုက် မေးလျှောက်ထားသော ရတု မဟုတ်ပေ။ စတုရင်္ဂဗလအမတ်သည် လေးစီးရှင်ကျော်စွာမင်း အိမ်ရှေ့စံဘဝက ဤရတုကို အမေးပုစ္ဆာပြု၍ ရေးသားခဲ့ခြင်း ဖြစ်၏။ ထိုရတု၏ မူလအမေးခံ ပုဂ္ဂိုလ်မှာ လေးစီးရှင်ကျော်စွာ ပင် ဖြစ်သည်။ လက်ဝဲနော်ရထာ စုဆောင်းသည့် စာဆိုတော်များ ရတုပေါင်းချုပ်တွင် ပင်းယ အမတ် စတုရင်္ဂဗလ မင်းကို မေးသည်။ ဟုလည်းကောင်း၊ ရတုအဆုံးတွင်လည်း ပရမတ္ထ၌ လည်း နှလုံးသွင်းသော အလေ့ရှိသော အိမ်ရှေ့မင်းကို ကျွန်ုပ်မေး၍၊ ဟုလည်းကောင်း အမှတ်အသား ရှိပေသည်။

တစ်ဖန် ထိုရတုကို အဘယ့်ကြောင့် ပုဂံဆရာတော်က ဖြေကြားရသနည်းဟူမူ အိမ်ရှေ့ မင်းသား ကျော်စွာက ထပ်ဆင့်လျှောက်ထားသောကြောင့် ဖြေကြားရခြင်း ဖြစ်သည်။ ကျော်စွာ မင်းသားသည် အိမ်ရှေ့စံဘဝနှင့် ဟံသာဝတီမှ ပုဂံပြည်သို့ ရောက်ရှိလာခဲ့၏။ ထိုအခါက ဆရာတော်သျှင်နာဂိတမှာ ပုဂံမြို့ ရွှေစည်းခုံ ခြေတော်ရင်း၌ စာပေပို့ချနေခိုက် ဖြစ်သည်။ ထိုသို့ ပို့ချနေစဉ် ရတုပိုဒ်စုံဖြင့် မေးမြန်း လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ရတုမှာ အောက်ပါအတိုင်း ဖြစ်သည်။

(ပ) ရွှေဘဝါးတော်အောက်၊ ကျွန်၏လျောက်ဖြင့်၊ မလျှောက်ဝံ့ဝံ့၊ လျှောက်ဝံ့ဝံ့တည့်၊ ကြောက်

ရွံ့လျက်ပင်၊ စက်ရွှေစင်ကို၊ ထိပ်ပြင်ပန်းနှယ်၊ ဆင်စံပယ်လျက်၊ နိကာယ်လုံးစုံ၊ ကျမ်းသုံးပုံ ဝယ်၊ အာဂုံညွတ်ညွတ်၊ ပရမတ်ကို၊ အထွတ်ဘုန်းခိုင်၊ သိမြင်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြည့်လကလျှင်၊ ဘဝသုံးမည်၊ လူနတ်ပြည်၌၊ မည်သည့်ကုသိုလ်၊ နှိုင်းဆိုမတန်၊ နိဗ္ဗာန်လက် လှမ်း၊ နန်းပွင့်ငြမ်းသည်၊ ၊ ရွှင်ဝမ်းမြောက်တော်မူစေသော။

(ဒု) မင်း၏တရား၊ ကျင့်ဆယ်ပါးနှင့်၊ မမှားအယူ၊ နတ်လူပူဇော်၊ မင်းရဲကျော်ဝယ်၊ ကျွန်တော် ရင်းစစ်၊ အဖြစ်ရှေးဦး၊ ပါခဲ့ဖူးသား၊ ကျေးဇူးလိုက်လှာ၊ မရဏာသန်၊ ဇောငါးတန်လျှင်၊ လွန်၍ ခုနစ်၊ အဖြစ်သဘော၊ မဇောလေကောင်း၊ ဇောလေကောင်းတည်း၊ အကြောင်းထွေငေါ်၊ တစ်နည်းသော်မူ၊ နိရော်အထွတ်၊ သမာပတ်ကို၊ လူနတ်ဗြဟ္မာ၊ ဝင်သောခါ၌၊ ချမ်းသာငြိမ်းမျှ၊ ခံစားကြသား၊ နေဝသညာ၊ နာသညာ(ယတန)နှောင်း၊ ရကောင်းဘဝင်၊ ဖိုလ်နှင့်ပင်တည့်၊ သို့စင်ဟူ၍၊ အယူမသိ၊ ဝိစိကိစ္ဆာ၊ စွန်းသင်္ကာကို၊ Óဏ်ဝါလင်းပြောင်၊ ထွတ်ဘုန်းခေါင် သည်၊ ၊ ပျောက်အောင် ဖျောက်တော်မူစေလော့။

(တ) နာမ်နှင့် ရုပ်ကို၊ ပေါင်းချုပြ်<ွကင်းမဲ့၊ သင်္ချာဖွဲ့သော်၊ တစ်ဆယ့်လေးကိစ္စ၊ ဆယ်ဌာနဖြင့်၊ ဒွါရခြောက်ထပ်၊ ခြောက်ရပ်အာရုံ၊ ခြောက်စုံဝိညာဉ်၊ ခြောက်စဉ်ဝိထိ၊ ဂတိငါးဖြာ၊ ရုပ်လေး မြွှာနှင့်၊ ခန္ဓာ အာယတနဓာတ်၊ ဥပါဒ် ဌီ ဘင်၊ ဘဝင်ဇောစိတ်၊ နိမိတ်မကွာ၊ တဒါရမ္မဏ၊ အရထိုထို၊ ပုဂ္ဂိုလ်အပြား၊ ဝါကရားနှင့်၊ ဘုရားမြတ်မွန်၊ နိဗ္ဗာန်ယူနီး၊ မြေကြီးမိုးပြင်၊ ကောင်း ကင်နှံ့သိ်၊ စုတိတော်စိတ်၊ အတိတ်နှင်နှင်၊ သုံးပါးတွင်၌၊ ဘယ်လျှင်အာရုံ၊ ပြုတုံသနည်း၊ ရိုက်ကြည်းကျော်ဟိုး၊ နန်းပွင့်မျိုးသည်၊ ၊ ဖြေရိုးကောက်တော်မူစေသော။ အထက်ပါ ရတုပိုဒ်စုံကို ဖတ်ရှုသောအခါ ဆိုလိုရင်း အမေးသုံးချက်တို့ကို ဤသို့

တွေ့ရှိရ၏။

၁။ မရဏာသန္နဇောသည် ငါးကြိမ်မှ လွန်၍ ခုနစ်ကြိမ် စောကောင်းသလော။ မစောကောင်း သလော။

၂။ နိရောဓသမာပတ်ကို လူ နတ် ဗြဟ္မာတို့ ဝင်စားကြသောအခါ အေးငြိမ်းချမ်းသာမှုကို ခံစားလျက် နေဝသညာ နာသညာယတနဇော နှစ်ကြိမ်စော၍ နိရောဓသမာပတ်သို့ ရောက်ကြသည့်နောက် သမာပတ်မှ ထသောအခါ ယခင်ချုပ်ခဲ့သော နေဝသညာ နာ သညာယတနဇောနောင်၌ ရကောင်းသည့် ဘဝင်စိတ်နှင့် ဖိုလ်စိတ်တို့သည် အကြိမ်မည်မျှ ဖြစ်သည်ကို ယုံမှား ပျောက်ပါစေလော့။

၃။ ထိုထိုစိတ်တို့ကို ရသော ပုဂ္ဂိုလ်သာမန် ၂၁၄-ယောက်တို့နှင့် မြတ်စွာဘုရားသခင်၏ နိဗ္ဗာန်ယူခါနီး၌ ဖြစ်သော စုတိတော်စိတ်သည် အတိတ်ကာလချည်းကိုသာ အာရုံပြုသ လော၊ ကံ ကမ္မနိမိတ် ဂတိနိမိတ်ဟူသော သုံးပါးနိမိတ်သုံးပါးတို့တွင် အဘယ်ကို အာရုံပြု ပါသနည်း။

ဆရာတော်သျှင်နာဂိတသည် အထက်ပါ ရတုပိုဒ်စုံကို ဖတ်ရှု၍ အထူထူးသော ကျမ်းဂန်တိုကို မကြည့်ရသေးသော်လည်း သင်ရိုးကျမ်းများတွင် ပါသည့်အတိ်ုင်း အလျင်အမြန်ပင် အောက်ပါ ရတုပိုဒ်စုံကို ရေးသား၍ ဖြေကြားလိုက်လေသည်။

(ပ) အထွေအထွေ၊ မေးတိုင်းဖြေအံ့၊ ပရမေဘုန်းခေါင်၊ ငါးမာရ်အောင်၏၊ များမြောင်သံကျော်

နှုတ်နက်တော်ကို၊ ရေသော်အံ့ဖွယ်၊ မိုးထက်ကြယ်သို့၊ နိကာယ်ငါးအင်၊ အင်္ဂါကိုးတန်၊ ဓမ္မ ခန်ပေါင်း၊ ရှစ်သောင်းလေးထောင်၊ ကျမ်းကုန်အောင်ကို၊ များမြောင်စေ့ရေ၊ မတွေ့လေလည်း၊ ကြံထွေအစွမ်း၊ သင်ရိုးကျမ်းဖြင့်၊ စူးစမ်းဆင်ခြင်၊ Óဏ်ဝင်သောလျောက်၊ ပါဌ်ထောက်အာဂုံ၊ လာတုံမဖောက်၊ ဖြေရိုးကောက်အံ့၊ ထွက်မြောက်ဘဂဝါ၊ ရဟန္တာသာမန်၊ ဇောဟန်မပျက်၊ ခုနစ်ချက်တည့်၊ အသက်ဆုံးစွန်၊ နိဗ္ဗာန်ခန္ဓာ၊ ငြိမ်းသောခါ၌၊ အနိစ္စာ ဒုက္ခ၊ အနတ္တသဘော၊ အာရုံဇောဟု၊ စစ်ကြောကျမ်းဂန်၊ ပြရိုးညွှန်သည်၊ ၊ အမှန်မှတ်နေရာတမုံ့။

(ဒု) နိရောဓအထွတ်၊ သမာပတ်ကို၊ လူနတ်ဗြဟ္မာ၊ ကိုးရာလည်းထား၊ ဘုရားမြတ်စွာ၊ ဝင်သော ခါ၌၊ ချမ်းသာငြိမ်းမြ၊ နေဝသညာ၊ နာသညာနှောင်း၊ ရကောင်းသည်ကို၊ အမှန်ဆိုပိန့်၊ ဖိုလ် ကားတစ်ချက်၊ ဘဝင်တက်မူ၊ နှစ်ရက်ဖြင့်သာ၊ အာဝဇ္ဇနာတတ်ကောင်း၊ အကြောင်းဆိုသော် ဝသီဘော်ကြောင့်၊ မြတ်ကျော်ဘုရား၊ လျင်လျှားမဆိုင်း၊ ပိုင်းပိုင်းဖြတ်၍၊ မပြတ်ပစ္စဝေက္ခဏာ၊ သမာပတ္တိ၊ ဝိထိများစွာ၊ ဇောတိဖြာလျက်၊ Óဏ်ဝါလျှံဖိတ်၊ စိတ်ကိုဟူက၊ စိုးမိုးရ၍၊ ကာလ ကြာတင်၊ ဘဝင်ထွေထွေ၊ မကျပေတည်း၊ တစ်ထွေလျင်ပါ၊ ပစ္စေကာဗုဒ္ဓ ၊ သာဝကအား၊ ခြားတုံသုံးချက်၊ ဘဝင်ထက်မှ၊ တက်အံ့မနော၊ ဝိထိဇောသည်၊ ၊ သဘောမှန်ပေစွာတမုံ့။

(တ) အံ့ခြီးကြား၍၊ တရားသံဝေ၊ ရကုန်စေလော့၊ မြုတေထွန်းဝင်း၊ သုံးလူ့မင်းမူ၊ သံညင်း ဖြားယောင်း၊ တရားမောင်းဖြင့်၊ တစ်သောင်းစကြဝဠာ၊ တိုက်များမှာက၊ လာတုံလူနတ်၊ ပရိ သတ်ကို၊ ချေချွတ်ဆောင်ဆောင်၊ မဂ္ဂင်ဖောင်ဖြင့်၊ ရောက်အောင်နိဗ္ဗာန်၊ ပိုခဲ့ညွန်မှ၊ မလွန်ငါ သာ၊ အနိစ္စာကို၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ဝင်တုံများထွေ၊ ကုဋေထက်ဝန်း၊ သုံးသန်းခြောက် သိန်း၊ စက်မွေ့ကိန်းသော်၊ ရှုမိန်းသမာပတ်၊ ဝင်စမှတ်တည်း၊ လူနတ်ဗြဟ္မာ၊ အာကာမိုးပြင်၊ ကောင်းကင်မဆံ့၊ ပူဇော်အံ့လျက်၊ အလွှံ့ရံပတ်၊ တို့စောထွတ်လျှင်၊ မချွတ်နိဗ္ဗာ၊ ဝင်သောခါ ၌၊ အနိစ္စာ ဒုက္ခ၊ အနတ္တသာ၊ ဈာန်အင်္ဂါကို၊ ပစ္စဝေက္ခဏာသဘော၊ လျင်ငါးဇောမှ၊ တိတ် တောနောင်တွန်၊ မစ္စုမာရ်ကို၊ လွန်ခဲ့ကျော်ဘိ၊ စုတိတော်စိ်တ်၊ အတိတ်နှင်နှင်၊ သုံးပါးတွင်မူ၊ ထင်၏တစိ၊ ဂတိနိမိတ်၊ တိဟိတ်ပဋိသန္ဓေ၊ ယူနေသော့ခါ၊ တုသိတာမှ၊ ပဉ္စာလောကန၊ ကြည့်ပြီးမှလျှင်၊ ဘဝပြောင်းလာ၊ ဤကြောင်းချာကို၊ ပညာရှိထွေ၊ ကြံမိစေလော့၊ သန္ဓေဘ

ဝင်၊ သုံးအင်စုတိ၊ တူဘိအာရုံ၊ ပြုတုံမချွတ်၊ ပရမတ်လည်း၊ ၊ ဟောမှတ်ဧကန်သာတမုံ့။

ဆရာတော်၏ ရတုသုံးပိုဒ်ကို လေ့လာလျှင် အမေးသုံးချက်ကို ခွဲခြားဖြေဆိုထားသော အဖြေသုံးချက်ကို တေ့ရပေမည်။

၁။ ရဟန္တာတို့သည် သာမန်အားဖြင့် ဘဝထွက်မြောက်သည့်အခါ ဇောဟန်ပန်မပျက် ခုနစ် ချက်ပင်တည်း။ ဤသို့ ပရိနိဗ္ဗာန် စံယူရာတွင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာ ရေးသုံးပါးကို အာရုံစောကြောင်း ကျမ်းဂန်များတွင် ညွှန်ပြသည်။

၂။ လူနတ်ဗြဟ္မာနှင့် လူနတ်ဗြဟ္မာတို့၏ ကိုးကွယ်အားထားရာ ဖြစ်သော ဘုရားရှင်သည် နိရောဓသမာပတ်မှ ထသောအခါ ငြိမ်းချမ်းသာယာစွာ ခံစားလျက် နေဝသညာ နာသ ညာယတနဇောနောင် ရကောင်းသော စိတ်ကို အမှန်ဆိုရသော် ဖိုလ်စိတ် (အရဟတ္တဖိုလ် စိတ်) တစ်ကြိမ်ဖြစ်၏။ ထို့နောက် ဘဝင်တက်သောအခါ ဘဝင်နှစ်ကြိမ် ကျသည်။ ထို့ နောက် အာဝဇ္ဇန်းတက်၍ ပကတိ်အခြေသို့ ရောက်သည်။ အကြောင်းမှာ လေ့လာခြင်း ရှိသည်၏အဖြစ်၊ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် ဘုရားရှင်တို့သည် ဘဝင်အဖြစ်မြန်သည်။ အချိန်ကာလကြာအောင် ဘဝင်မပြတ် ကျမနေပေ။ ပစ္စေကဗုဒ္ဓနှင့် တပည့်သားသာဝက စသော အခြားပုဂ္ဂိုလ်တို့ကား နေဝသညာ နာသညာယတနဇောနောင် ဖိုလ်တစ်ကြိမ်ကျ သည်။ ထို့နောက် ဘဝင်တက်သောအခါ ဘဝင်သုံးကြိမ် ကျပြီးမှ ပကတိအခြေသို့ ရောက်၏။

၃။ ဘုရားရှင်တို့၏ စုတိတော်စိတ်သည် ဂတိနိမိတ် တစ်စိတ်ကိုပင် အာရုံပြုသည်။ ဤ၌ ဘုရားရှင်သည် တိဟိတ်ပဋိသန္ဓေ ယူသည့် အခါ တုသိတာနတ်ပြည်မှ ကြည့်ခြင်းကြီး ငါးပါးကို ကြည့်ပြီး ဘဝပြောင်းလာသည့်အကြောင်း အချုပ်ကို ပညာရှိတို့ အထွေအထူး ကြံမိသင့်သည်၊ အဘိဓမ္မာနိယာမ သဘောအရ ပဋိသန္ဓေစိတ်၊ ဘဝင်စိတ်၊ စုတိ်စိတ်တို့ သည် ပုဂ္ဂိုလ်တစ်ဦး၏ တစ်ခုတည်းသော ဘဝ၌ အာရုံတူသည်သာ ဖြစ်သောကြောင့် ဘုရားရှင်၏ စုတိတော်စိတ်သည် ဂတိနိမိတ်ကိုပင် အာရုံပြုသည်ဟု ဆိုခြင်း ဖြစ်သည်။ ဖော်ပြပါ အဘိဓမ္မာ မေးခွန်းများ ဖြစ်သော ရတုပိုဒ်စုံများသည် မြန်မာစာပေသမိုင်း တွင် ရှေးဦးပေါ်ပေါက်လာသော ရတုလက်ရာများ ဖြစ်သည်။ ရှေးဦးခေတ် ရတုလက်ရာများ ဖြစ်သော်လည်း ဝေါဟာရအနုအလှတို့ဖြင့် သေသပ်စွာ ဖွဲ့ဆိုထားသောကြောင့် ကဗျာစာပေသမိုင်း တွင် ခန့်ထည်စွာ တည်ရှိနေလေသည်။


[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) သာသနာလင်္ကာရစာတမ်း၊ ၂) စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၃) သဒ္ဒါငယ်နိသျ၊ ၃-စောင်တွဲ၊ ၄) စာပေ့တာဝန်၊ ၅) သာသနဗဟုဿုတပ္ပကာသနီကျမ်း၊ ၆) မြန်မာစာပေသမိုင်း၊ ၇) ကဗျာသာရတ္ထ သင်္ဂြိုဟ်၊ ၈ )စာဆိုတော်များ ရတုပေါင်းချုပ်၊ ၉) ကဝိလက္ခဏဒီပနီကျမ်း၊ ၁၀) ပိဋကတ်သမိုင်းစာတမ်း။