ဆီမြုပ်အောင်ကြော်ခြင်း

ဝီကီပီးဒီးယား မှ

ဆီမြုပ်အောင် ကြော်ခြင်း (Deep frying) သည် အစားအစာများကို ပူနေသောဆီတွင် နက်နက်မြုပ်စေ၍ ကြော်ခြင်းနည်းဖြစ်သည်။ ဒယ်အိုးတွင် ဆီပေါများစွာထည့်မှသာလျှင် ကြော်မည့် ပစ္စည်းများကောင်းစွာ နစ်မြုပ်နိုင်မည်ဖြစ်သည်။ ပထမဆီကို ဆူအောင်ပြု ပြီးဒယ်အိုးကို ဖိုမှချကာ ဆီကို အတန်ငယ်အေးစေပြီးမှ ကြော်မည့် ပစ္စည်းထည့်ကာ ဒယ်ကို ဖိုပေါ်ပြန်တင် ၍ နူးသည်အထိ ထားရမည်။ ပြီးမှ မီးရှိန်ကိုမြှင့်ကာ ကျက်သည်အထိ မီးပြင်းပြင်းနှင့်ကြော်ပါ။ အနံ့ပိုမိုကောင်းမွန်ကာ အားလုံးကျက်ပြီး အပေါ်ယံ ကြွပ်ရွနေပါမည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. စန်းလေး(အိမ်တွင်းမှု)။ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းချက်ပြုတ်အတတ်ပညာ