ဆရာခ ရူပဗေဒဆု

ဝီကီပီးဒီးယား မှ

ဆရာခ ရူပဗေဒဆုသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရူပဗေဒပါမောက္ခ ဖြစ်သော ပါမောက္ခ ဒေါက်တာမောင်မောင်ခကို ဂုဏ်ပြုသောအားဖြင့် ပေးအပ်သောဆု ဖြစ်သည်။ ပထမဆုံးအကြိမ်အဖြစ် ၂၀ဝ၉-ခုနှစ်၊ မတ်လ(၂၀)ရက်နေ့၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန တွင် ပေးအပ်ခဲ့ပေသည်။ ၂၀ဝ၈-ခုနှစ်အတွက် အကောင်းဆုံး စာတမ်းအဖြစ် (ဆရာခ ရူပဗေဒဆု)ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းလွင်က ရရှိခဲ့သည်။

၂၀ဝ၈-ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ ပါရဂူဘွဲ့ရသူများ၏ စာတမ်းများထဲမှ အကောင်းဆုံး စာတမ်းရှင်ကို "ဆရာခ ရူပဗေဒဆု" ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀ဝ၈-ခုနှစ်၏ ပါရဂူဘွဲ့ရ စာတမ်းပေါင်း ၃၀-ဝန်းကျင်ခန့်တွင် "မြန်မာနိုင်ငံ၏ မုတ်သုံရာသီဥတု အကြောင်း" စာတမ်းပြုစုခဲ့သော ဒေါက်တာထွန်းလွင်၏ စာတမ်းက ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစာတမ်းမှာ စာမျက်နှာ(၂၀ဝ)ကျော် ပါရှိသည်။

ဆရာခ(ဒေါက်တာမောင်မောင်ခ)သည် ၁၉၁၅-ခုနှစ်၊ အဖဦးရွှေလွင်+အမိဒေါ်လွင် တို့မှ မော်လမြိုင်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၄၅-ခုနှစ်မှ ၁၉၆၃-ခုနှစ်အထိ ၁၈-နှစ်တိုင် ရူပဗေဒ ပါမောက္ခအဖြစ် သင်ကြားရေး၊ စီမံခန့်ခွဲရေး၊ သုတေသနတာဝန်များကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ၁၉၆၃-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၁၄-နှစ်ကြာ ဆောင်ရွက်ခဲ့သည်။ ဆရာခသည် အသက်(၉၀)အရွယ် ၂၀ဝ၅-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကွယ်လွန်ခဲ့သည်။ ရူပဗေဒပညာရှင် ဖြစ်သလို မိုးလေဝသ ပညာရှင်လည်း ဖြစ်သည်။

ထိုဆုကို ယခုနှစ်မှစ၍ နှစ်စဉ် ချီးမြှင့်သွားမည် ဖြစ်သည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. 7day New ဂျာနယ်၊ အတွဲ(၈)အမှတ်(၄)၊ ၂၀ဝ၉-ခုနှစ်၊ မတ်လ(၂၆)ရက်