ဆယ်လ်ဗီယို ဘာလူစကိုနီ

ဝီကီပီးဒီးယား မှ

Silvio Berlusconi
50th Prime Minister of Italy
တာဝန်သက်တမ်း
8 May 2008 – 16 November 2011
သမ္မတGiorgio Napolitano
ယခင်လူRomano Prodi
ဆက်ခံသူMario Monti
တာဝန်သက်တမ်း
11 June 2001 – 17 May 2006
သမ္မတCarlo Azeglio Ciampi
Giorgio Napolitano
လက်ထောက်Gianfranco Fini
Marco Follini
Giulio Tremonti
ယခင်လူGiuliano Amato
ဆက်ခံသူRomano Prodi
တာဝန်သက်တမ်း
10 May 1994 – 17 January 1995
သမ္မတOscar Luigi Scalfaro
လက်ထောက်Roberto Maroni
Giuseppe Tatarella
ယခင်လူCarlo Azeglio Ciampi
ဆက်ခံသူLamberto Dini
Member of the Senate of the Republic
တာဝန်သက်တမ်း
15 March 2013 – 27 November 2013
မဲဆန္ဒနယ်Molise
Member of the Chamber of Deputies
တာဝန်သက်တမ်း
15 April 1994 – 14 March 2013
မဲဆန္ဒနယ်Molise (2008–13)
Campania 1 (2006–08)
Lombardy 1 (1996–2006)
Lazio 1 (1994–96)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1936-09-29) ၂၉ စက်တင်ဘာ၊ ၁၉၃၆ (အသက် ၈၇)
Milan, Italy
နိုင်ငံရေးပါတီForza Italia
(1994–2009)
The People of Freedom
(2009–13)
Forza Italia
(2013–present)
အခြား
နိုင်ငံရေးလွှမ်းမိုးမှု
Pole of Freedoms
(1994–95)
Pole for Freedoms
(1996–2000)
House of Freedoms
(2000–08)
Centre-right coalition
(2008–13)
ကြင်ဖော်(များ)
  • Carla Dall'Oglio
    (လက်ထပ် 1965; ကွာရှင်း 1985)
  • Veronica Lario
    (လက်ထပ် 1990; ကွာရှင်း 2010)
သားသမီး
နေထိုင်ရာArcore, Italy
မိခင်ကျောင်းUniversity of Milan
အလုပ်အကိုင်Founder & Owner of Fininvest
ဆုတံဆိပ်များ Order of Merit for Labour
ကိုးကွယ်သည့်ဘာသာRoman Catholicism
လက်မှတ်
ဝက်ဘ်ဆိုဒ်www.forzasilvio.it

၁၉၃၆ ခုနှစ်တွင် မွေးဖွားခဲ့ သော ဆီဗီယို ဘာလူစကိုနီ (Silvio Berlusconi) သည် အီတလီ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး၊ လက်ရှိတွင် အီတလီဝန်ကြီးချူပ် ဖြစ်ပြီး အောင်မြင်ကြော်ကြားသော စွန့်ဦးတီထွင် စီးပွားရေးသမားတစ်ဦး လည်း ဖြစ်သည်။ သူ့ကို အခြားနာမည်တစ်မျိုးဖြစ်သည့် “အများအကျိုးဆောင်သူ(Cavaliere)” ဟု အဓိပ္ပာယ်ရသည့် နာမည်လည်း ရှိသေးသည်။ ၁၉၇၇ ခုနှစ်တွင် သူရရှိခဲ့သည့် သူရဲကောင်းဘွဲ့ထူး ကို အမှီ ပြု၍ မှည့်ခေါ်ကြခြင်း ဖြစ်သည်။

သူသည် အီတလီ၏ ဒုတိယသက်တမ်း အရှည်ကြာဆုံး ဝန်ကြီးချူပ် ဖြစ်သည်။ ယင်းရာထူးကို ၁၉၉၄ မှ ၁၉၉၅ ခုနှစ်အထိ၊ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ၊ ၂၀၀၈ ခုနှစ်မှ လက်ရှိ၂၀၁ဝ အတွင်း ဟူ၍ အချိန်ကာလသုံးခု၌ ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးဘာသာရပ် နှင့် ပြောရလျှင်တော့ ဘာလူစကိုနီ သည် လေးကြိမ်တိုင်တိုင် ကြမ်းကြိမ်ဆိုခဲ့ပြီးဖြစ်သည်။ အကြောင်းရင်းမှာ အစိုးရ အုပ်ချူပ်ရေးယန်တရား ပြန်လည်ပြောင်းရွှေ့ချထားချိန် ဘာလူစကိုနီ လက်ထက်၂၀၀၅ ခုနှစ် တွင် အစိုးရအုပ်ချူပ်ရေးယန္တရားသစ်သည် ပြည်သူမှ အမှန်တကယ် ကြည်ညိုပြီးပေးသည့် မဲ များရရှိလို၍ ထပ်မံ ကျမ်းကျိန်ခဲ့သောကြောင့် ဖြစ်သည်။ ဘာလူစကိုနီ သည် လွတ်လပ်သည့် နိုင်ငံရေးလှုပ်ရှားမှုများကို အဓိက ဦးစားပေးသည့် ဗဟို-လက်ယာယိမ်း ပါတီ ကို ၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပါတီ ခေါင်းဆောင်လည်း ဖြစ်သည်။ ၂၀၀၉ နိုဝင်ဘာတွင် သူသည် G8 နိုင်ငံများတွင် သက်တမ်း အရှည်ကြာဆုံး နိုင်ငံရေးခေါင်းဆောင် ဖြစ်သည်။ ၂၀၁ဝ တွင် Forbes မဂ္ဂဇင်းကြီးက ဘာလူစကိုနီ အား အမေရိကန်ဒေါ်လာ ၉ဘီလျံ ပိုင်ဆိုင်မှုဖြင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် ၇၄ နေရာ တွင် ထားခဲ့သည်။

ဘာလူစကိုနီ ၏ နိုင်ငံရေးအတက်သည် လျင်မြန်သော်လည်း အငြင်းပွားစရာ အချက်များနှင့်လည်း ပြည့်နှက်နေသည်ကို တွေ့ရသည်။ ပထမအကြိမ် ပါလီမန်အမတ်အဖြစ် အရွေးခံရပြီး၊ ၁၉၉၄ မတ်လ ကြားဖြတ်ပါလီမန်ရွေးကောက်ပွဲများ အပြီးတွင် ဝန်ကြီးချူပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ သို့သော် ယာယီအစိုးရဖွဲ့ခြင်း အပေါ်တွင် ပါတီတွင်း သဘောထားကွဲလွဲမှုများကြောင့် သူ၏အစိုးရအဖွဲ့သည် ၇ လ ကြာအပြီးတွင်ပင် ယိုယွင်းလာခဲ့သည်။ ၁၉၉၆ ဧပြီလတွင် ဝန်ကြီးချူပ်နေရာအတွက် ပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဘာလူစကိုနီက ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ဗဟို- လက်ဝဲယိမ်းပါတီမှ ကိုယ်စားလှယ် Romano Prodi ကို ရှုံးနိမ့်ခဲ့သည်။ ၂၀၀၁ ခုနှစ် မေ ပါလီမန် ရွေးကောက်ပွဲတွင် ဗဟို- လက်ယာယိမ်းပါတီမှ နေ၍ ဝန်ကြီးချူပ်အဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့ပြီး၊ ဗဟို- လက်ဝဲယိမ်းပါတီမှ ကိုယ်စားလှယ် Francesco Rutelli ကို အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ဘာလူစကိုနီ က ၂၀၀၆ ခုနှစ်အထိ ဒုတိယ နှင့် တတိယ အကြိမ်ထပ်မံ သူ၏ အစိုးရဖွဲ့ခွင့် ရခဲ့သည်။

၂၀၀၆ ဧပြီတွင် ကျင်းပသော ပါလီမန်ရွေးကောက်ပွဲတွင် ဗဟို-လက်ယာယိမ်းညွန့်ပေါင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သောအခါ Romano Prodi ကို ပြိုင်ဘက် အဖြစ်ထပ်တွေ့ပြီး မဲ အနည်းငယ်အကွာနှင့် ရှုံးနိမ့် ခဲ့သည်။ ၂၀၀၈ ဧပြီလတွင် ပါလီမန်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရပြီး၊ အစိုးရအဖွဲ့သည် ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၂၄ တွင် တဖန် ပြိုလဲခဲ့သည်။ ၂၀၀၈ ခုနှစ် မေ ၈ ရက်နေ့တွင် Romano Prodi ဝန်ကြီးချူပ်၏ အစိုးရအဖွဲ့ကျမ်းကြိမ်ဆိုကာ ပြန်လည်အုပ်ချူပ်ခဲ့သည်။ ( ၂၀၀၈ ခုနှစ် အီတလီနိုင်ငံရေး အကျပ်အတည်းများ တွင်လည်း တွေ့နိုင်သည် )

မိသားစု နောက်ခံအခြေအနေနှင့် ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

ဘာလက်စ်ကိုနီ ကို ၁၉၃၆ တွင် Milan ၌ မွေးဖွားခဲ့ပြီး၊ အောက်ခြေ လူလတ်တန်းစား မိသားစုတွင် ကြီးပြင်းခဲ့သည်။ ဖခင်ဖြစ်သူ Luigi ( ၁၉၀၈ မှ ၁၉၈၉ ) သည် ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Rosa Bossi ( ၁၉၁၁ မှ ၂၀၀၈ ) သည် အိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည်။ မွေးချင်းများမှာ Maria Francesca Antonietta ဘာလူစကိုနီ (၁၉၄၃ မှ ၂၀၀၉) နှင့် Paolo ဘာလူစကိုနီ ( ၁၉၄၉ တွင် မွေးဖွား ) တို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ စွန့်ဦးတီထွင် စီးပွားရေးသမားများ ဖြစ်ကြသည်။ Salesian college တွင် အထက်တန်းပညာရေးပြီးဆုံး၍ Milan ရှိ Università Statale တွင် ဥပဒေပညာကို ဆက်လက်သင်ယူခဲ့ပြီး၊ “ကြော်ငြာခြင်း ကို ဥပဒေရေးရာရှုထောင့်မှသုံးသပ်ခြင်း” စာတမ်းနှင့်အတူ ၁၉၆၁ တွင် ဘွဲ့ရခဲ့သည်။ ထိုအချိန်က အီတာလျံ စစ်တပ်တွင်တစ်နှစ် တာဝန် မဖြစ်မနေ ထမ်းရသော်လည်း ဘာလက်စ်ကိုနီ သည် တာဝန်ထမ်းစရာ မလိုခဲ့ပေ။ တက္ကသိုလ်စာသင်နှစ် တစ်လျှောက်လုံးတွင် အပျော်တမ်းအားကစားအဖွဲ့ တွင် ခေါင်းဆောင်ဖြစ်ပြီး၊ အုပ်စုထဲတွင် အထင်ကြီးစရာ ကောင်းလှသော ဘေစ့် ဘောလုံးကစားသမား တစ်ယောက်ဖြစ်ခဲ့သည်။ တခါတရံတွင် ခရူဇာစစ်သင်္ဘော၏ လွမ်းတေးအဆိုတော် တစ်ယောက်လည်း ဖြစ်ခဲ့ပြန်သည်။ နောက်ပိုင်းတွင် အေစီမီလန် ဘောလုံးအသင်း အတွက်ဓမ်မသီချင်းကို အီတာလျံ တေးထုတ်လုပ်သူနှင့်ပေါ့ပ် အဆိုတော် Tony Renis နှင့် အတူ ရေသားခဲ့သည်။ Forza Italia ပါတီ၏ ကိုယ်ပိုင် အထိမ်းအမှတ် သီချင်းကို ပြဇတ် ဒါရိုက်တာ Renato Serio နှင့်အတူ ရေးသားခဲ့သည်။ နပဲလ် လူမျိုး (အီတလီ အနောက်တောင် ပိုင်းဒေသရှိ လူမျိုး) အဆိုတော် Mariano Apicella နှင့်အတူ နပဲလ် သီချင်း အယ်လ်ဘမ် နှစ်ခွေ ရေးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် Meglio 'na canzone အယ်လ်ဘမ် နှင့် ၂၀၀၆ ခုနှစ်တွင် L'ultimo amore အယ်လ်ဘမ် တို့ ဖြစ်ကြသည်။

၁၉၆၅ တွင် Carla Elvira Dall'Oglio နှင့် လက်ထပ်ခဲ့ပြီး၊ ကလေးနှစ်ယောက် မွေးဖွားခဲ့သည်။ Maria Elvira (Marina လို့ အများကပိုသိကြသော) ကို ၁၉၆၆ တွင် မွေး၍၊ Pier Silvio ကို ၁၉၆၉ တွင် မွေးခဲ့သည်။ ၁၉၈ဝ တွင် ဘာလက်စ် ကိုနီ သည် သရုပ်ဆောင် မင်းသမီး Veronica Lario (Miriam Bartolini မြို့တွင် မွေးဖွားသူ)နှင့် အဆက်အဆံရှိခဲ့ပြီး၊ ကလေးသုံးယောက် ရခဲ့သည်။ Barbara ကို (၁၉၈၄ တွင်)၊ Eleonora ကို ( ၁၉၈၆ တွင်)၊ နှင့် Luigi ကို ( ၁၉၈၈ တွင် ) အသီးသီး မွေးဖွားခဲ့သည်။ သူသည် ၁၉၈၅ တွင် Dall'Oglio နှင့် ကွားရှင်းခဲ့ပြီး၊ မင်းသမီး Lario ကို ၁၉၉ဝ တွင် လက်ထပ်ယူခဲ့သည်။ ထိုအချိန်တွင် ဘာလူစကိုနီ က လူသိများသော စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်နေပြီး ဖြစ်ရာ သူ၏ လက်ထပ်ပွဲကို အမှတ်တရ အောက်မေ့ဖွယ် လူမှုရေး ပွဲလေး တစ်ပွဲ ပုံစံ ကျင်းပခဲ့သည်။ သူ၏ သတို့သား အရံတစ်ဦးအဖြစ် ဝန်ကြီးချူပ်ဟောင်း အီတလီ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် Bettino Craxi က ပါဝင်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ် မေလတွင် Lario က ကွာရှင်းစာချူပ်မှာ လတ်မှတ် ရေးထိုး ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။

လုပ်ငန်းရှင် ဘဝ[ပြင်ဆင်ရန်]

Milano 2[ပြင်ဆင်ရန်]

ဘာလူစကိုနီ ၏ လုပ်ငန်းရှင် ဘဝသည် ၁၉၆ဝ အစောပိုင်းကာလများရှိ ဆောက်လုပ်ရေးလုပ်ငန်းများဖြင့်စတင်ခဲ့သည်။ စီမံကိန်း အချို့အောင်မြင်မှု ရအပြီးတွင် Milano 2 တိုက်ခန်းများ၏ နောက်ပိုင်း ဆယ်စုနှစ်တစ်စုစာ စီမံချက်ဖြစ်သော အခန်းပေါင်း ၁၀၅၀ဝ ခန့် ပါဝင်သည့် အကြီးစား ဆောက်လုပ်ရေး စီမံကိန်း ကို ဆောက်လုပ်ပေးရန် တာဝန်ယူပေးရသည်။ နောက်ဆုံး၌ Milan မြို့ ၏ အရှေ့ဘက် မြို့စွန် Segrate တွင် ဆောက်လုပ်ခဲ့သည်။

Telemilano Milano ၏ ဆက်သွယ်ရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

ဘာလူစကိုနီ သည် ၁၉၇၃ ခုနှစ် တွင် အသေးစား ကေဘယ်လ်နှင့် ပြုလုပ်သော ရုပ်မြင်သံကြား ကုမ္ပဏီ၊ Telemilano( Milano ၏ တယ်လီဆက်သွယ်ရေး လုပ်ငန်း) တို့ကို ဝန်ဆောင်မှုများကို ၎င်း၏ Segrate၏ ပိုင်ဆိုင်မှုလုပ်ငန်းများအနေနှင့် ထည့်သွင်းခဲ့ခြင်းအားဖြင့် ဆက်သွယ်ရေးနှင့် မီဒီယာကဏ်ဍသို့ စတင်ဝင်ရောက်ခဲ့သည်။ နောက်တစ်နှစ် စက်တင်ဘာလတွင် ဆက်သွယ်ရေး လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည်။ ၁၉၇ရ တွင် ဘာလူစကိုနီ သည် ရုပ်သံလိုင်း ၂ လိုင်း ထပ်မံ ဝယ်ယူတပ်ဆင်ပြီးသည့်နောက် ပင်မလုပ်ငန်းဌာန ( Station )ကို Milan မြို့လယ်ခေါင်သို့ ပြောင်းရွှေ့ခဲ့ပြီး လေလှိုင်းမှ ရုပ်သံထုတ်လွှင့်ခြင်းကို စတင်ခဲ့သည်။

Fininvest[ပြင်ဆင်ရန်]

၁၉၇၈ တွင် ဘာလူစကိုနီ သည် ၎င်း၏ပထမဆုံး မီဒီယာ အုပ်စုဖြစ်သော Fininvest ကို စတင်တည်ထောင်ခဲ့ပြီး၊ ဖရီးမေဆင်အသင်းသားများမှ ပြုလုပ်သော ဝါဒဖြန့်အစီအစဉ် ၂ နှင့် ပူးပေါင်းခဲ့သည်။ ငါးနှစ်ကြာပြီးနောက် ၁၉၈၃ ခုနှစ်တွင် သူသည် အီတလီ လီရာ ၁၁၃ ဘီလျံ ( ယူရို ၅၈.၃ သန်း ) ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထိုလုပ်ငန်းကြီးသည် နောက်ကြောင်းလိုက်ရန် မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးလှသည့်ပုံစံဖြင့် အကျိုးတူစပ်ပေါင်း ကုမ္ပဏီများမှ ဖွဲ့စည်းထားသောကြောင့် အမျိုးမျိုးသောပြည်နယ်ရှေ့နေများမှ စုံစမ်းစစ်ဆေးမှုမျိုးစုံကို ပြုလုပ်ခဲ့သော်လည်း နောက်ခံ ငွေအရင်းအနှီးနှင့် ပက်သက်၍မူ ယနေ့အချိန်အထိ မသိရပေ။

Fininvest သည် မကြာမီတွင် ဆင်တူသောအစီအစဉ်များ၊ တူညီသောတင်ဆက်ပုံများရှိသည့် ပြည်တွင်း ရုပ်သံဌာနများစွာကို စုပေါင်း၍ တနိုင်ငံလုံးအတိုင်းအတာ တစ်ခုတည်းသော အမျိုးသား ရုပ်သံလွှင့် ကွန်ယက်ကြီး တစ်ခုအဖြစ်သို့ ချဲ့ထွင်ခဲ့သည်။ ဤကဲ့သို့ ပြုလုပ်လိုက်ခြင်းသည် အများပြည်သူပိုင် ရုပ်သံလွှင့်ဌာန RAI ကို တစ်ခုတည်းသော တနိုင်ငံလုံးအတိုင်းအတာ ရုပ်သံလွှင့် ကွန်ယက်အဖြစ် တည်ရှိစေခဲ့သော ဥပဒေကို ဖောက်ဖျက်သကဲ့သို့ဖြစ်ခဲ့ပြီး ယင်းဥပဒေအား နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့သည်။ ၁၉၈ဝ တွင် ဘာလူစကိုနီ သည် အီတလီ၏ ပထမဆုံး ပုဂ်ဂလိက အမျိုးသား ရုပ်သံလွှင့် ကွန်ယက်ဖြစ်သည့် Canale 5 ကိုတည်ထောင်ခဲ့သည်။ သိပ်မကြာခင်မှာပင် ၁၉၈၂ တွင် Rusconi မိသားစု၏ Italia 1 ရုပ်သံလိုင်း၊ ၁၉၈၄ တွင် Mondadori မှ Rete 4 ရုပ်သံလိုင်းတို့ ဆက်လက် ဖြစ်ပေါ်လာခဲ့သည်။

ဘာလူစကိုနီ ယခုကဲ့သို့ စီးပွားဖြစ် ရုပ်သံ အင်ပါယာ ကြီးကို ထူထောင်နိုင်ခဲ့သည်မှာ Bettino Craxi (အီတလီ ဆိုရှယ်လစ်ပါတီ ၏ အတွင်းရေးမှူးချူပ် ဖြစ်ပြီး၊ ထိုအချိန်က အီတလီနိုင်ငံ၏ ဝန်ကြီးချူပ်လည်း ဖြစ်သူ) နှင့် ဆက်သွယ်မိပြီး ၎င်း၏ အထောက်အပံ့ အကူအညီများရရှိခဲ့သောကြောင့် လည်း ဖြစ်သည်။ Bettino Craxi ၏အစိုးရအဖွဲ့သည် ၁၉၈၄ အောက်တိုဘာ ၂ဝ တွင် ဘာလူစကိုနီ ၏ ရုပ်သံလွှင့် ဌာနများမှ ထုတ်လွှင့်မှုများ နှင့်ပက်သက်သည့် အရေးပေါ် ဥပဒေ အမိန့်တစ်ခုကို ချမှတ်ခဲ့ရသည်။ ဤသို့ဖြစ်ရခြင်းမှာ Turin, Pescara နှင့် Rome မြို့တော် တို့မှ တရားသူကြီးများက ယခင် တနိုင်ငံလုံးအတိုင်းအတာ ရုပ်သံလွှင့်ဌာန RAI အပေါ် ချမှတ်ခဲ့သည့် ရုပ်သံထုတ်လွှင်ခြင်းဆိုင်ရာ တားမြစ်ခြင်း ဥပဒေ တစ်ခုအား ယခု ပုဂ်ဂလိက ရုပ်သံကွန်ယက်များ အတွက် ချမှတ်ရန် တိုက်တွန်းနေကြခြင်းကြောင့် ဖြစ်သည်။

နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီးနောက် ယင်းဥပဒေမှာ အတိအကျ အတည်ပြုပြဋ္ဌာန်း ဖြစ်ခဲ့သည်။ သို့သော် နှစ်အနည်းငယ်ကြာသည်အထိ ဘာလူစကိုနီ ၏ ရုပ်သံလွှင့် လိုင်း ၃ လိုင်း မှာ ဥပဒေအရ မတင်မကျ အခြေအနေ ဖြစ်ခဲ့ပြီး ထို့အတွက်ကြောင့်ပင် သတင်းအချက်အလက်များနှင့် နိုင်ငံရေး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များနှင့် ပက်သက်၍ ပိတ်ပင်ခံရခြင်းများ ရှိခဲ့သည်။ ၁၉၉ဝ တွင် Mammi ဆက်သွယ်ရေးနှင့် နည်းပညာဥပဒေ ဆိုသည့် သံသယဖြစ်ဖွယ် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပြီး တနိုင်ငံလုံး အတိုင်းအတာ အပြည့်ရသည်အထိ ထို ရုပ်သံ ထုတ်လွှင့်မှု လိုင်းများ၏ အခြေအနေကို မြှင့်တင်ပေးခဲ့သည်။

၁၉၉၅ တွင် ဘာလူစကိုနီ သည် ၎င်း၏ မီဒီယာ အဆောက်အအုံတချို့ကို ပထမအကြိမ်တွင် Kirch ဂျာမန် မီဒီယာ အုပ်စု (ယခု ဒေဝါလီခံပြီး) နှင့် နောက်ပိုင်း တွင် အများပြည်သူဆိုင်ရာ လုပ်ငန်းတို့ သို့ ရောင်းချခဲ့သည်။ ၁၉၉၉ တွင် ဘာလူစကိုနီ သည် သူ၏ မီဒီယာ စိတ်ဝင်စားမှုကို Epsilon MediaGroup ခေါ် Kirch နှင့် ပူးပေါင်း၍ ဆက်လက်တိုးချဲ့ခဲ့သည်။

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

၂၀၁ဝ တွင် ဘာလူစကိုနီ ကို ခန့်မှန်းခြေ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၉ ဘီလျံ နှင့် အီတလီ၏ တတိယမြောက် အချမ်းသာဆုံး အဖြစ် Forbes မှ ဖော်ပြခဲ့သည်။ ကိုယ်ပိုင် အရင်းအနှီး ပိုင်ဆိုင်မှုများ အနေနှင့် ရုပ်သံလွှင့် လိုင်းများ၊ သတင်းစာ ပုံနှိပ်လုပ်ငန်းများ၊ ရုပ်ရှင်လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ အာမခံလုပ်ငန်းများနှင့် အားကစား လုပ်ငန်းများပင် ပါဝင်ခဲ့သည်။

ဘာလူစကိုနီ ၏ အဓိက လုပ်ငန်းဖြစ်သော မီဒီယာလုပ်ငန်းများကိုကြည့်လျှင် ၎င်း၏တနိုင်ငံလုံး အတိုင်းအတာ ထုတ်လွှင့်လျက် ရှိသည့် ရုပ်သံ လိုင်းများ အားလုံးပေါင်းလိုက်လျှင် တနိုင်ငံလုံး၏ ရုပ်မြင်သံကြားထုတ်လွှင့်ကဏ်ဍ၏ တဝက်ခန့်ကို လွှမ်းမိုးလျက်ရှိသည်။ ပုံနှိပ်ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းများမှာလည်း အီတလီ၏ ကြော်ငြာကဏ္ဍနှင့် ပုံနှိပ်ဖြန့်ဝေခြင်း ကိုယ်စားလှယ် လုပ်ငန်းများ အတွက် ဦးဆောင်လမ်းပြ အနေဖြင့် ရှိနေသည်။

ဘာလူစကိုနီ သည် Panorama ကဲ့သို့သော အီတလီနိုင်ငံ၏ အထင်ရှားဆုံး သတင်းမဂ္ဂဇင်းများကို ပုံနှိပ်ဖော်ပြလျက် ရှိသည့် နိုင်ငံ့ အကြီးဆုံး ပုံနှိပ် တိုက် Arnoldo Mondadori Editore ကိုလည်း ပိုင်ဆိုင်သေးသည်။ သူ၏ အကိုဖြစ်သူ Paolo ဘာလူစကိုနီ သည် il Giornale သတင်းစာတိုက်ကို ပိုင်ဆိုင်ပြီး ဆက်လက် ထုတ်ဝေလျက် ရှိသည်။ ယင်းမဂ္ဂဇင်းမှာ အီတလီနိုင်ငံ၏ နိုင်ငံရေး သတင်းများကို ဗဟို-လက်ယာယိမ်း နိုင်ငံရေး အယူအဆများပေါ် အခြေခံ၍ ဘာလူစကိုနီ ကို ပံ့ပိုးပေးထားသည့် ဘက်လိုက်သော သတင်းများကို ဖော်ပြသည်။ အီတလီ၏ လက်ယာယိမ်း နိုင်ငံရေး အယူအဆများ နှင့်ပက်သက်၍ အလွှမ်းမိုးနိုင်ဆုံးသော သတင်းစာဖြစ်သည့် Il Foglio ကိုမူ ဇနီးဖြစ်သူ Veronica Lario က တဝက်ပိုင်ဆိုင်သည်။

ဘာလူစကိုနီ တည်ထောင်ခဲ့ပြီး လက်ရှိရှယ်ယာ အများဆုံး ပိုင်ဆိုင်ထားသော Fininvest မီဒီယာ လုပ်ငန်းမှာ အီတလီ၏ အကြီးဆုံးပုဂ္ဂလိက လုပ်ငန်း ၁ဝ ခုတွင် ပါဝင်ပြီး၊ လက်ရှိတွင် မီဒီယာနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။ အီတလီ နိုင်ငံ၏ အကြီးဆုံး ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း အုပ်စုများ ထဲတွင်တစ်ခု အပါအဝင်ဖြစ်သည့် Mediolanum ကို Ennio Doris နှင့် အတူ ပူးပေါင်း၍ တည်ထောင်ခဲ့သည်။ သူသည် ရုပ်ရှင်လုပ်ငန်းများနှင့် ရုပ်ရှင်ဒီယို ဖြန့်ချိရေး ( Medusa ရုပ်ရှင်နှင့် Penta ရုပ်ရှင် ) လုပ်ငန်း ရှယ်ယာ များလည်း ရှိသေးသည်။ အီတလီ၏ အကောင်းဆုံး ပြင်ဆင်ထားပြီးသော ဘောလုံးအသင်း များထဲမှ တစ်ခု ဖြစ်သည့် A.C. Milan အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဘာလူစကိုနီ သည် Antigua မြို့စွန်ရှိ ခြံဝန်းကျယ်နှင့် အိမ်ကို ဝယ်ယူခဲ့သည်။ Telegraph သတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် ရာဇဝတ်မှုတစ်ခုခုအတွက် တရားဆွဲဆိုခံရရင် သူဟာ အဲ့ဒီနေရာကို ရွှေ့သွားနိုင်တယ်ဟု ထင်ကြေးပေး ရေးသားခဲ့သည်။

နိုင်ငံရေးသမား ဘဝ[ပြင်ဆင်ရန်]

Forza Italia ပါတီကို တည်ထောင်ပြီး၊ နိုင်ငံရေးလောက ထဲသို့ ဝင်ရောက်ခဲ့သည်။ ဘာလူစကိုနီ သည် “လွတ်လပ်ခွင့်၊ နိုင်ငံသားတစ်ဦးချင်းအလိုက်၊ မိသားစုတစ်စုအလိုက်၊ လုပ်ငန်းကြီးတစ်ခုဖြစ်ပေါ်လာစေရေး၊ အီတလီ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရေး၊ ခရစ်ယာန်ရိုးရာယဉ်ကျေးမှု ကိုထိန်းသိမ်းရေးနှင့် အားနည်းသူကို မေတ္တာထားခြင်း” တို့ကို ထောက်ခံ အားပေးပြီး၊ အစိုးရ ရ-သုံးမှန်းခြေ ငွေစာရင်းနှင့်ပက်သက်၍ သော်လည်းကောင်း၊ တရားစီရင်ရေးနှင့်ပက်သက်၍ သော်လည်းကောင်း အစိုးရ အုပ်ချုပ်ရေး ယန်တရား နှင့်ပက်သက်၍ သော်လည်းကောင်း အီတလီ နိုင်ငံသားများအပေါ် ဖိနှိပ်လျက် ရှိနေသည် များကို တိုက်ဖျက်သွားရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

၁၉၉၉ တွင် Forza Italia ပါတီသည် ယူရိုပီယံ ပြည်သူ့ပါတီ နိုင်ငံရေးမိသားစု အသိုင်းအဝိုင်းနှင့် ပေါင်းခဲ့ပြီး၊ ၂၀၀၉ တွင် People of Freedom မဂ္ဂဇင်း၌ ဖော်ပြခဲ့သည်။ ဘာလူစကိုနီ ၏ မဟာမိတ်ပါတီ အချို့( အထူးသဖြင့် Lega Nord ) က လူဝင်မှုကြီးကြပ်ရေးကို ထိန်းချူပ်ရန် တိုက်တွန်းခဲ့ကြသည်။ ဘာလူစကိုနီ ကိုယ်တိုင်ကတော့ မဟာမိတ်ပါတီ များ ကြိုက်နှစ်သက်လောက်သည် အထိ မူဝါဒများကို ချမှတ်အကောင်အထည် ဖော်ဖို့ တွန့်ဆုတ်နေခဲ့သည်။ အချို့သော ဥပဒေများ ချမှတ်ခဲ့သော်လည်း ရလဒ်များအနေနဲ့ကတော့ ရှင်းရှင်းလင်းလင်း မရှိခဲ့ပေ။

အငြင်းပွားနိုင်စရာရှိသော လူဝင်မှုကြီးကြပ်ရေး ဥပဒေ တစ်ရပ် (the "Bossi-Fini" law - Lega Nord ပါတီနှင့် အမျိုးသား မဟာမိတ် ခေါင်းဆောင်များ မှ ပထမဆုံး ဖော်ပြသော ဥပဒေဖြစ်၍ ၎င်းတို့၏ နာမည်ကို ယူ၍ ပေးထားသည့်) ကို စတင်ပြဋ္ဌာန်းပြီးနောက် အီတလီအစိုးရသည် အီတလီကမ်းရိုးတန်းများသို့ တရားမဝင် ဝင်ရာက်လာကြသည့် မြောက်မြားလှစွာသော လူများကို လျှော့ချနိုင်ရန် ဥရောပ နှင့် အခြားသော မြေထဲပင်လယ်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ အီတလီကမ်းရိုးတန်းများသို ရောက်ရှိရန် တရားမဝင် ဝင်ရောက်လာသူများသည် အလွန်အသက်အန္တရာယ်ကြီးလှ သည့် (တခါတရံ သေဆုံးမှုများရှိ) ဟောင်းနွမ်းဆွေးမြည့်နေသော အကာအရံများနှင့် ပုံမှန်ခံနိုင်ရည်အားထက် ပိုမို တင်ဆောင်ထားသည့် ငါးဖမ်းလှေများကို စီး၍ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

ဥပဒေရေးရာ ပြဿနာများ[ပြင်ဆင်ရန်]

စွပ်စွဲချက်များ၏ အနှစ်ချူပ်[ပြင်ဆင်ရန်]

ဆယ်လ်ဗီယို ဘာလူစကိုနီ သည် မာဖီးယားနှင့် တိတ်တဆိတ်ပူးပေါင်းမှု၊ ဘဏ္ဍာငွေများ မှားယွင်းမှု၊ အခွန်ငွေများ လိမ်လည်မှု၊ ရဲအရာရှိများနှင့် တရားသူကြီးများ၏ အကျင့်ပျက်ချစားမှု၊၊ နှင့် လာဘ်စားမှုများ အပါအဝင် စွပ်စွဲချက်အမှုတွဲများ မှာ အလွန်ပင်များပြားလှသည်။

ဘာလူစကိုနီ သည် အီတလီ တရားရုံးများသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ရဖူးသည်။ ပြစ်မှုအမျိုးမျိုးအတွက် စုံစမ်းစစ်ဆေးချိန်ကန့်သတ်ချက်ကို လျှော့ချမည့် ဥပဒေများ နှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုနှင့်ပက်သက်၍ လိမ်လည်ခံရသည့်ဘက်မှ ၎င်းခံရသည်ကိုသက်သေနှင့်တကွ အာဏာပိုင်များသို့ တိုင်ကြားခြင်းမရှိသရွေ့ တရားမဝင်ကြောင်း ဥပဒေ များကို အတည်ပြုရာတွင် ဘာလူစကိုနီ ၏ ပါလီမန်တွင်း မဲ အများဆုံးရရှိမှုကြောင့် ယင်းစွပ်စွဲခံရသော အမှုများအနက် သုံးခုကို တရားစီရင်ရေး မှ ရပ်နားပစ်ခဲ့ရသည်။

၎င်းစွပ်စွဲခံရသောအမှုများအနက် တစ်ခုမှ အပ ကျန်အားလုံးသည် တည်ဆဲဥပဒေများ သက်တမ်းကုန် သွားသောကြောင့် ပထမဆုံးအမှု ကြားနာစစ်ဆေးခြင်းသော်လည်းကောင်း၊ အယူခံဝင်ခြင်းသော်လည်းကောင်း၊ ပြစ်ဒဏ်စီရင်ချက်ချခြင်းသော်လည်းကောင်း ရပ်ပြီး ဘာလူစကိုနီ အား တရားသေ လွှတ်ပေးခဲ့ရသည်။ ထို့ကြောင့် သူသည် ယခုအချိန်ထိ ပြစ်မှုမှတ်တမ်း တစ်ခုမှ မရှိခဲ့ပေ။

ဘာလူစကိုနီ ကပြောခဲ့သည်မှာ “ ဒီလို ရှင်းလင်းပြတ်သားတဲ့ တရားစီရင်ရေးဥပဒေတွေကို ကျွန်တော့် အနေနဲ့ ခုခံချေပရတာ ဂုဏ်ယူစရာကောင်းပါတယ်။ တကယ်တော့ ကျွန်တော့်ရဲ့ ခုခံချေပနိုင်စွမ်းနဲ့ ပေးဆပ်အနစ်နာခံမှု တွေကြောင့် အီတလီလူမျိုးတွေအတွက် ပိုမို မျှတပြီး၊ ပိုမိုအစွမ်းထက်တဲ့ တရားစီရင်ရေး စနစ်တွေကို ပေးနိုင်ခဲ့တဲ့ အတွက် ပိုပြီး ဂုဏ်ယူ ရပါတယ်။” ဟူ၍ ဖြစ်သည်။ ထပ်မံ ဖြည့်စွက်ပြောကြားသည်မှာ “ ၇၈၉ ယောက်သော ဝေဖန်စွပ်စွဲသူများ နဲ့ ရာဇဝတ်တရားသူကြီးများဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရေးသမား ဘာလူစကိုနီ ကို ပေးနေတဲ့ အီတလီပြည်သူများရဲ့ မဲ တွေ ကို လျော့ကျသွားစေရမယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ဆောင်ခဲ့ကြတယ်” “ရဲတပ်ဖွဲ့ က ၅၇ရ ကြိမ်သော ဝင်ရောက်ရှာဖွေမှု၊ ၂၅၀ဝ သော ရုံးတင်စစ်ဆေးမှုများ နဲ့ ပေးလိုက်ရတဲ့ ရှေ့နေခ ယူရို၁၇၄ ဘီလျံ အပါအဝင် ခါးသီးရက်စက်တဲ့ အတွေ့အကြုံတွေပါပဲ” လို့ စာရင်းအင်း အတိအကျနဲ့ အထုပ်ဖြေ ပြခဲ့ ပြန် ပါသည်။

ဘာလူစကိုနီ သည် အမြဲလိုလိုပင် ထိပ်သီး ရှေ့နေများကို ငှားရမ်းနိုင်ခဲ့သည်။ ဥပမာအားဖြင့် Nicolas Sarkozy သည် သူ၏ ပြင်သစ် ထိပ်သီး တရားရုံးချူပ်ရှေ့နေ တစ်ယောက်ဖြစ်သည်။ အရင်က ဘာလူစကိုနီ အား စွပ်စွဲဝေဖန်ခဲ့သည့် အချို့သော သူများသည် နောင်တွင် အတိုက်အခံ ပါလီမန်အမတ် များဖြစ်လာခဲ့သည်။ သူ၏ အချို့သော အမှုလိုက် ရှေ့နေများသည်လည်း ပါလီမန် အမတ်များ ဖြစ်လာခဲ့သည်။


တရားစီရင်ရာတွင် ကြန့်ကြာစေသော အစီအမံများ[ပြင်ဆင်ရန်]

အီတလီနိုင်ငံ၏ တရားဥပဒေ စနစ်သည် အမှုစစ်ဆေးနေစဉ် တလျှောက်တွင် တည်ဆဲဥပဒေ အကန့်အသတ် များကို ဆက်လက်အသုံးပြုနေစေပြီး၊ ဆုံးဖြတ်ချက် အဆင့်ဆင့်ကို အလွန်အမင်း ရှည်လျားစွာ ပါဝင်နေစေသည်ကို တွေ့ရသည်။ ထိုကဲ့သို့ နှေးကွေးပြီး၊ ပြီးပြတ်နိုင်ခဲသည့် တရားစီရင်ရေး စနစ်များကို အသုံးချ၍ ဘာလူစကိုနီ ၏ အမှုလိုက် ရှေ့နေများ၏ တရားစီရင်ရာတွင် ကြန့်ကြာစေသော အစီအမံများ ( တရားစီရင်ရာ တရားရုံးကို ထပ်ခါထပ်ခါ ရွှေ့နေခြင်းများ အပါအဝင် ) က အမှုတော်တော်များများတွင် ပြစ်ဒဏ်ကျခါနီးတိုင်း ပျက်ပျယ်သွားရန် လုပ်နိုင်ခဲ့သည်။

အချို့သော ဘာလူစကိုနီ ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်သူများ၊ သူငယ်ချင်းနှင့် လုပ်ငန်းမန်နေဂျာများသည်လည်း ရာဇဝတ်မှုများနှင့် ပါဝင်ပက်သက်နေ၍ အပြစ်ရှိကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။ မှတ်မှတ်ရရ အကိုဖြစ်သူ Paolo သည် ၂၀၀၁ ခုနှစ်က အီတလီ လီရာ ၁၀၀,၀၀၀,၀၀ဝ ( ယူရို ၅၂၀၀၀) ကို အကျင့်ပျက်ချစားမှု အပါအဝင် အခြားသော ပြစ်ဒဏ်သေးငယ်သည့် အမျိုးမျိုးသော အမှုများတွင် ဝန်ခံသက်သေထွက်ဆိုရန်ညှိုနှိုင်းရာ၌ အသုံးချခဲ့သည်။

ဖရီးမေဆင်အသင်းသားများ၏ ဝါဒဖြန့်အစီအစဉ် ၂၏ အဖွဲ့ဝင်ဖြစ်ခြင်းနှင့်ပက်သက်၍ မှားယွင်းသော သက်သေထွက်ဆိုချက်။[ပြင်ဆင်ရန်]

၁၉၈၁ တွင် ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရန် အီတလီ နိုင်ငံရေးစနစ်အား ပို၍အာဏာရှင်ဆန်သော အုပ်ချူပ်မှုစနစ် အဖြစ်သို့ပြောင်းမည် ဟု ရည်ရွယ်ထားသည့် Licio Gelli ၏ ဖရီးမေဆင် ဝါဒဖြန့်အစီအစဉ် ၂ ( P2 )ကို ရဲ မှ တွေ့ရှိသွားပြီးနောက် နိုင်ငံရေး ကောလာဟလတစ်ခုအနေနှင့် ထွက်ပေါ်လာခဲ့တော့သည်။ P2 ရှိစာရင်းတွင် ပါဝင်နေသူများမှာ လျှို့ဝှက်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်တပ် နှင့် မီဒီယာ လောကများမှ ထင်ရှားကြော်ကြားသောသူအချို့ ပါဝင်သည်။

ဆယ်လ်ဗီယို ဘာလူစကိုနီ သည် Canale 5" TV ရုပ်သံလိုင်းကို တည်ထောင်ထားသူ အနေနှင့် ကြော်ကြားမှုကို စတင်ရရှိနေပြီ ဖြစ်ရာ P2 စာရင်းတွင် အဖွဲ့ဝင် အနေနှင့် ထည့်သွင်းခံရသည်။ ၁၉၈၁ ဒီဇင်ဘာလတွင် P2 ဝါဒဖြန့်အစီအစဉ် ကိစ္စကို ပါလီမန်တွင် ဖြေရှင်းခဲ့ကြပြီး၊ အလားတူ အဖွဲ့အစည်းများအား တရားမဝင် အဖွဲ့အစည်းများ အဖြစ်ကြေညာခဲ့သည်။ သို့သော် စာရင်းတွင် ပါဝင်နေသော သူ တစ်ယောက်ချင်းစီကို ပြစ်မှုကျူးလွန်ကြောင်း တိတိကျကျ တရားစွဲဆိုခဲ့ခြင်းတော့ မရှိခဲ့ပေ။

အီတလီ ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လျှို့ဝှက်အဖွဲ့အစည်းများအား တားမြစ်ပိတ်ပင်ထားခဲ့သည်မှာ ၁၉၄၈ ခုနှစ်ကတည်းက ဖြစ်သည်။ မည်သည့် ပြစ်မှုဆိုင်ရာဥပဒေ မျိုးမှ ထိုဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ပါလီမန် တွင် ဘယ်တုန်းကမှ ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထို့ပြင် အီတလီ တရားရေးစနစ်တွင် လုပ်ဆောင်မှုတစ်ခုသည် ကျူးလွန်စဉ်အချိန်တွင် အတင်းအကျပ် စေခိုင်းခြင်းရှိသည်ဟု ဥပဒေအကြောင်းအရ ကြေညာခြင်း မရှိသ၍ ရာဇဝတ်မှု မမြောက်ပေ။ ထို့ကြောင့် P2 စာရင်းရှိ လူများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအားဆန့်ကျင်လျက်ရှိသော်လည်း၊ တရားမဝင် အဖွဲ့အစည်း တစ်ခုလည်း မဟုတ်ပဲ ရှိနေခဲ့သည်။

ဘာလူစကိုနီ သည် နောက်ပိုင်းတွင် (၁၉၈၉ တွင်) ဂျာနယ်လစ် သုံးယောက်အား ၎င်းသည် ငွေရေးကြေးရေး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည်ဟု အရိပ်အမြွတ်ဖော်ပြ ရေးသားထားသော ဆောင်းပါးများအား ခွင့်ပြု ထုတ်ဝေစေ ခဲ့ခြင်းအတွက် တရားစွဲဆိုခဲ့သည်။ တရားရုံးတွင် P2 အဖွဲ့ဝင် အဖြစ် ဝင်ထားပြီးဖြစ်ကြောင်း “ကောလာဟလ မထွက်လာသေးခင် အချိန်တိုကလေးမှာပဲ ဝင်လိုက်တာ” နောက်ပြီး “အဲ့ဒါ အတွက် ဝင်ကြေးလည်း လုံးဝ မပေးခဲ့ရပါဘူး” လို့ ကြေညာခဲ့သည်။

ပါလီမန်၏ စုံစမ်းစစ်ဆေးရေး ကော်မတီ မှ P2 အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များကို စုံစမ်းထောက်လှမ်းခဲ့ပြီး ပစ်စည်းသက်သေများနှင့်တကွ ဖော်ထုတ်လိုက်နိုင်ပြီးချိန်တွင် ယင်းကြေညာချက်နှင့်သာမက ယခင် ဘာလူစကိုနီ ၏ သက်သေထွက်ဆိုချက်နှင့် ပါ ကွဲလွဲချက်များ ပေါ်ပေါက် လာခဲ့တော့သည်။ အမှန်တကယ်မှာ သူသည် P2 အဖွဲ့၏ အဖွဲ့ဝင်အဖြစ် ၁၉၇၈ ခုနှစ် ကတည်းက ရှိနေခဲ့ပြီး၊ ဝင်ကြေးအဖြစ် ၁၀ဝ ဝ၀ဝ အီတလီ လီရာ (ယနေ့ ပေါက်ဈေး ယူရို ၃၀ဝ ခန့်) ကို ပေးခဲ့ရကြောင်း ကို သက်သေ ပြနိုင်ခဲ့သည်။ ၁၉၉ဝ တွင် Venice အမည်ရှိ တရားရုံး ( အဆင့်နိမ့် တရားရုံး များမှ ကြားနာချက် နှင့် စီရင်ချက်များကို ပြန်လည် ကြားနာ စစ်ဆေးသော တရားရုံးတစ်ခု) မှ ဘာလူစကိုနီ သည် Verona တရားရုံးတွင် မှားယွင်းစွာ သက်သေထွက်ဆိုခဲ့သည့် အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ထိုတရားရုံးမှ တွေ့ရှိသော ပြစ်မှု သည် ၁၉၈၉ ခုနှစ်က စီရင်ချက်ကျပြီးသော လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်ဖြစ်ရာ ပြစ်ဒဏ်စီရင်ချက် မချနိုင်ခဲ့ပေ။

အချို့သော နိုင်ငံရေး ကောက်ချက်ချသူများမှ ထင်မြင်ချက်ပေးကြသည်မှာ ဘာလူစကိုနီ ၏ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်သည် P2 အဖွဲ့သို့ဝင်ပြီးမှ ဆွဲခြင်း ဖြစ်မည် ဟူ၍ ဖြစ်သည်။

"Jowellgate"/David Mills လာဘ်ပေးလာဘ်ယူ အမှု “[ပြင်ဆင်ရန်]

မှုရင်းဆောင်းပါး။ ။ Tessa Jowell ၏ ငွေရေးကြေးရေး ဆိုင်ရာ စွပ်စွဲချက်များ

ဗြိတိန်အစိုးရ၏ ဝန်ကြီး Tessa Jowell ၏ အမျိုးသားဖြစ်သူ ရှေ့နေ David Mills သည် ၁၉၉ဝ အစောပိုင်း ကာလများတွင် ဘာလူစကိုနီ အတွက် ရှေ့နေလုပ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူသည် တရားမဝင်ငွေကြေးများအား တရားဝင် ပြောင်းလဲခြင်း နှင့် မျက်မြင်သက်သေ ထွက်ဆိုချက်ကို ဘာလူစကိုနီ ထံမှ လက်ဆောင်ယူ၍ ပြုလုပ်ပေးခဲ့ခြင်း တို့အတွက် အီတာလျံ စွပ်စွဲချက်တင်သူများ ၏ စွပ်စွဲပြောဆိုခြင်းကို ခံခဲ့ရသည်။

Mills က ပြောခဲ့သည်မှာ ဘယ်ကလာမှန်း မသိတဲ့ ငွေတွေဟာ ဘာလူစကိုနီ ဆီက မဟုတ်ပေမဲ့ အခြားတစ်ယောက်ဆီက ဖြစ်နေတယ် ဟူ၍ဖြစ်သည်။ Tessa Jowell သည် Mills နှင့် ကွာရှင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ UK မီဒီယာအချို့က ခန့်မှန်းကြသည်မှာ ကောလဟာလ တွေထွက်ဖို့ အလားအလာ ရှိနေလို့ ခပ်ခွာခွာ နေဖို့ ကြိုးစားတာ ဖြစ်မယ် ဟူ၍ ဖြစ်သည်။

ငွေကြေးကိစ္စနှင့်ပက်သက်၍ သူမ၏ အမျိုးသားဖြစ်သူနှင့် ဆွေးနွေးခဲ့ခြင်းမရှိ ဟု ငြင်းဆိုခဲ့သည်။ Private Eye မဂ္ဂဇင်း၏ သရော်စာ ကဏ္ဍ တွင် Jowell ၏ စကားကို ဖော်ပြထားသည်မှာ “ကျွန်မ ယောက်ျား ကို တခါမှ မတွေ့ဖူးသေးဘူး” ဟူ၍ ဖြစ်သည်။ ၂၀၁ဝ ဒီဇင်ဘာ ဝီကီ လိခ် ( လျှို့ဝှက်သတင်းများအား စုစည်းတင်ပြသည့် စွယ်စုံကျမ်း ) တွင် မစ်စတာ ဘာလူစကိုနီ သည် မစ်စ Jowell အား တဖြည်းဖြည်းနှင့် ကြိုက်နှစ်သက်လာခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီ 'piccolo puntaspilli' ( ဆူးမွေ့ရာ ဟု အဓိပ္ပာယ် ရသော ) ကို လွှဲပြောင်းပေးခဲ့သည် ဟု ထုတ်ဖော်ထားသည်။

၂၀၀၉ ဖေဖော်ဝါရီ ၁ရ ရက်နေ့တွင် Mills သည် Silvio ဘာလူစကိုနီ ဆီမှ လာဘ်စားငွေ စတာလင် ပေါင် ၄၀ဝ ဝ၀ဝ ခန့်ကို လက်ခံထား၍ အပြစ်ရှိကြောင်း တွေ့ရှိပြီး ထောင်ဒဏ် လေးနှစ် ခွဲ ကျခံရန် စီရင်ချက် ချခဲ့သည်။ Cassation တရားရုံးချူပ်မှ တည်ဆဲ ဥပဒေများ ၏သက်တမ်းကုန်ဆုံးချိန် ဖြစ်၍ Mills သည် ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း အပြစ်ဒဏ်ကျခံ စရာ မလိုတော့ကြောင်း စီရင်ချက်ချ အပြီး ၂၀၁ဝ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အယူခံဝင်ခြင်း လည်း ပြီးဆုံးခဲ့သည်။

အငြင်းပွားစရာ ကိစ္စရပ်များ[ပြင်ဆင်ရန်]

ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုပါဝင်သော ဆုံးဖြတ်ချက်များ[ပြင်ဆင်ရန်]

ဂျာနယ်လစ်နှစ်ယောက်ဖြစ်သော Marco Travaglio နှင့် Enzo Biagi တို့၏ အဆိုအရ ဘာလူစကိုနီ သည် သူ၏ ကုမ္ပဏီများ ဒေဝါလီခံရခြင်းမှ ကင်းလွတ်နိုင်ရန်နှင့် သူ၏ ပြစ်ဒဏ်များမှ ကင်းလွတ်စေရန် နိုင်ငံရေးလောကထဲသို့ ဝင်ခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ဟိုးအရင် အစပိုင်းတွင် သူနှင့်အတူတွဲဖက်လုပ်ကိုင်သူများအား ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဘာလူစကိုနီ အား ထောက်ခံအားပေးသူများက သူ့ကို “အသစ်ဖန်တီးသူ” ဟု ဂုဏ်ပြုခေါ်ဝေါ် ကြသည်။ အစိုးရ အုပ်ချူပ်ရေးယန်တရား အတွင်းသို့ စွမ်းဆောင်ရည် အသစ်များအား ထည့်သွင်းခဲ့ပြီး နိုင်ငံတော်ကို အထက်မှ အောက်သို့ ပြောင်းလဲပုံသွင်းပေးခဲ့သည့် အုပ်ချူပ်ရေး အပြင်ဘက်က လူ ဟူ၍ ရည်ညွှန်းသည်။

ယင်းကိစ္စရပ်များအား စုံစမ်းထောက်လှမ်းဖော်ထုတ်ရာတွင် ဂျာနယ်လစ် သုံးယောက်သည် အောက်ပါ အချက်များအား ထည့်သွင်း ဖော်ပြခဲ့ကြသည်။

  • Mediobanca ရင်းနှီးမြုပ်နှံမှု ဘဏ်မှ နှစ်စဉ် အစီရင်ခံစာတွင် အီတလီ၏ အကြီးဆုံး ကုမ္ပဏီ ဆယ်ခု အကြောင်း ကိုဖော်ပြရာတွင် : ၁၉၉၂ ခုနှစ်၌ ဘာလူစကိုနီ ၏ Fininvest မီဒီယာနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်း သည် အီတလီ လီရာ ၇၁၄ဝ ဘီလျံ ခန့် ငွေသား၊ အီတလီ လီရာ ၈၁၉၃ ဘီလျံတန်ဖိုးရှိ အခြားအရင်းအနှီးများ (ငွေပေါ်လွယ်မှု ၃၅%ရှိ) နှင့် အမြတ်ငွေ အီတလီ လီရာ ၁၀၅၃ ဘီလျံ

တို့ အကြွေးတင်နေကြောင်း ဖော်ပြခဲ့သည်။ လုပ်ငန်းကျွန်းကျင်မှု နှင့် အကြွေး အချိုးသည် ဒေဝါလီခံခြင်းကို ကန့်သတ်ရာတွင် ကိုယ်စားပြုသော ဥပဒေ အချက်တစ်ချက် ဖြစ်သည်။ [တရားဝင်ဖော်ပြချက် ဖြစ်ရန်လိုသေး ]

  • ၁၉၉၂ နှင့် ၁၉၉၃ ခုနှစ် အကြားတွင် Fininvest သည် Milan, Turin နှင့် Rome မြို့တော်တို့မှ စွပ်စွဲအပြစ်ရှာသူများ ၏ စုံစမ်းထောက်လှမ်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရသည်။ ထောက်လှမ်းမှုများမှာ လာဘ်စားမှုများ ( နိုင်ငံရေးပါတီများနှင့် အစိုးရ အရာရှိများသို့ စာချူပ်များချုပ်ဆိုနိုင်ရန် ရည်ရွယ်၍ ပေးခဲ့ခြင်းများ)၊ Publitalia မှ ပြုလုပ်သော ပြေစာ အတုများ၊ နိုင်ငံရေးညီလာခံများ၏ ငွေကြေးကုန်ကျမှုများ နှင့် ရုပ်သံလွှင့် လိုင်းများ၏ လှိုင်းကြိမ်နှုန်းများအား အလွဲသုံးစားပြုခြင်း တို့နှင့် ပက်သက်ခဲ့သည်။
  • အခြားတဖက်တွင်လည်း Bruno Vespa သည် ၁၉၉၄ ဇန်နဝါရီ လ တွင် Silvio ဘာလူစကိုနီ နှင့်ပက်သက်၍ မည်သည့် တရားစွဲဆိုမှုမှ မရှိကြောင်း ကို သိရှိခဲ့သည်။ ဘဏ်ဍာရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းနှစ်ယောက်အား Fininvest မှ မန်နေဂျာ တစ်ယောက်၏ အခင်းဖြစ်ရပ် အငယ်စားတစ်ခုတွင် လာဘ်စားခဲ့သည့် အတွက် တရားစွဲဆိုခံခဲ့ရသည်။ နောက်ပိုင်းတွင် ယင်းစွပ်စွဲမှုမှာ မခိုင်လုံပဲ ပြီးဆုံးသွားသည်။ ထိုစဉ်က Fininvest နှင့်တွဲ၍ အလုပ်လုပ်နေသူ Aldo Brancher သည် "Feste dell'Unità" နှင့် "L'Avanti!" တို့၌ ငွေကြေးများ ထောက်ပံ့ခဲ့မှုနှင့် တရားစွဲဆိုခံရသည်။ ၂၀၀၄ ခုနှစ်ရောက်မှသာ သူသည် လုံးဝ အပြစ်မရှိကြောင်း ကြေညာခံခဲ့ရသည်။ Cavaliere နိုင်ငံရေးလောကထဲ ဝင်ပြီးသည်နှင့် Paolo ဘာလူစကိုနီ [ဆယ်လ်ဗီယို ဘာလူစကိုနီ ၏ အစ်ကို ဖြစ်သူ] က ဘာလူစကိုနီ အစား အဖမ်းခံခဲ့ရသည်။

နိုင်ငံရေးလောကထဲဝင်ဖို့ ဆုံးဖြတ်ပြီးသည်နှင့် ဘာလူစကိုနီ သည် နှစ် နှစ် ခန့်အတွင်း တွင် မမျှော်လင့်ဘဲ သေဆုံးခဲ့သော အမှုပေါင်း ၄ဝ ၏ အကြောင်းအရင်းများအတွက် စုံစမ်းထောက်လှမ်းခြင်းခံခဲ့ရသည်။


ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုများနှင့်ဆုံးဖြတ်သော အုပ်ချူပ်မှုများ[ပြင်ဆင်ရန်]

ဘာလူစကိုနီ သည် တနိုင်ငံလုံးစာ ရုပ်သံ လိုင်းပေါင်း ခုနှစ် လိုင်းရှိသည့် အနက် သုံး လိုင်းကို ပိုင်ဆိုင်သည်။ (Canale 5, Italia 1, နှင့် Rete 4)။ ဘာလူစကိုနီ ၏ ကိုယ်ပိုင် စီးပွားရေး အင်ပါယာနှင့် နိုင်ငံရေး လောက အကြားရှိ အငြင်းပွားဖွယ် ကိစ္စရပ်များအား ပိုမို နားလည် နိုင်ရန် အီတလီ၏ နိုင်ငံပိုင်ရုပ်သံလိုင်းများအား အစိုးရယန်တရားမှ မည်သို့မည်ပုံ ချုပ်ကိုင်ထားသည်ကို အနည်းငယ် ကြည့်ရှုလေ့လာရန် ကျိန်းသေလိုအပ်သည်။

ဥပဒေအရ လွှတ်တော် နှစ်ရပ်မှ ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးက RAI ( နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန ) ၏ အကြီးအကဲသမ္မတ နှင့် အဖွဲ့ဝင် ဒါရိုက်တာ များကို ခန့်အပ်ရသည်။ လက်တွေ့တွင် ရာထူးများချထားခြင်းနှင့် ပက်သက်သည့် ဆုံးဖြတ်ချက်မှာ နိုင်ငံရေးအရ ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အချို့သော အတိုက်အခံ ကိုယ်စားလှယ်များက ဒါရိုက်တာများ ဖြစ်လာကြပြီး၊ ထိပ်ပိုင်းရှိစီမံခန့်ခွဲရေး ရာထူးများမှာမူ အစိုးရမှ သနားစာနာခြင်းခံရသူများ အတွက် ဖြစ်သည်။ ဒါရိုက်တာနှစ်ယောက် နှင့် ဥက္ကဋ္ဌကို ပါလီမန်မှ အများစု၏ သဘောအတိုင်း မဲခွဲ ဆုံးဖြတ်ရမည် မှာ ပုံမှန်ဖြစ်ပြီး၊ ယင်းဒါရိုက်တာ နှစ်ယောက်မှာ အတိုက်အခံ များဘက်မှ ဖြစ်သည်။

ပါလီမန် ကွပ်ကဲကြီးကြပ်ရေး ကော်မရှင် ဟူ၍လည်း ရှိပြီး၊ ယင်း ကော်မရှင် ဥက္ကဋ္ဌမှာ အစဉ်အလာအရ အတိုက်အခံ ဘက်မှပင်ဖြစ်သည်။ Mr. Baldassarre ၏ RAI အကြီးအကဲသမ္မတ သက်တမ်းတွင် အတိုက်အခံ မှ ဒါရိုက်တာ နှစ်ယောက် နှင့် Union of Christian and Centre Democrats ပါတီ နှင့် နီးစပ်သူ တစ်ဦး တို့ သည် ဆင်ဆာဖြတ်တောက်မှု ကိစ္စများနှင့် အဓိက ပက်သက်၍ ဌာနတွင်း သဘောမတူညီမှုများ ကို ချန်ထားရစ်ခဲ့သည်။ RAI သည် “နှစ်ဦးအသင်း(two-man team)” (ဒုတိယ ကမ္ဘာ့စစ်အပြီးတွင် ပစိဖိတ်သမုဒ်ဒရာတွင် တိုက်ခိုက်ရင်း ကျန်နေခဲ့သော ဂျပန် စစ်သား များမှ ဖြစ်ပေါ်လာသော ဂျပန် အတိုက်အခံများ မှ လှောင်ပြောင်၍ ပေးထားသော နာမည်ပြောင် )အနေနှင့် ဆက်လက် ချီတက်ခဲ့သည်။

အီတလီ၏ ဝန်ကြီးချူပ်ဟောင်း ဗဟို-လက်ဝဲယိမ်း ပါတီ မှ Romano Prodiက အီတလီ၏ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ဥပဒေပြုရေးကိစ္စရပ်တစ်ခုလုံးအား အုပ်ချုပ်စီမံ ပေးခဲ့သော်လည်း အလားအလာရှိနေသော မီဒီယာလောကရှိ ပိုင်ဆိုင်မှုများ နှင့် နိုင်ငံရေးတွင် နေရာရမှု တို့အကြားတွင် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း ကိစ္စရပ်များ ကို ထိန်းချူပ်နိုင်မည့် ဥပဒေတစ်ရပ် တင်သွင်းရာတွင် မအောင်မြင်ခြင်း အတွက် မကြာခဏ အပြစ်တင်ဝေဖန်ခံရသည်။

၂၀၀၂ ခုနှစ်တွင် ထင်ရှားသော လက်ဝဲ သမားတစ်ယောက်ဖြစ်သည့် Luciano Violante က ပါလီမန် မိန့်ခွန်းတွင် : “….လေးစားရပါသော Anedda ခင်ဗျား၊ လေးစားရတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ ဘာလူစကိုနီ ကို မေးစေချင်ပါတယ် ဘာလို့ဆိုတော့ ၁၉၉၄ မှာ အစိုးရ ပြောင်းတော့ သူဟာ ရုပ်မြင်သံကြား ဌာနများကို မထိပါဘူးလို့ အပြည့်အဝ အာမခံထားခဲ့ပါတယ်။ ဒါကို သူသိသလို လေးစားရပါသော Letta လဲ သိပါတယ်…..”

Inciucio26 စာအုပ် ကိုရေးသားသည့် စာရေးဆရာများ က ယင်းဝါကျကို ၁၉၉၄ တွင် လက်ဝဲများ အနေနှင့် ဘာလူစကိုနီ ကိစ္စအား ကိုင်တွယ်ရန် ပြုလုပ်ခဲ့သော အတွေးအခေါ် တစ်ခုရှိခဲ့ကြောင်းကိုပြသည့် သက်သေ တစ်ခုအနေနှင့် ကိုးကားကြသည်။ ယင်းတွင် ဥပဒေတစ်ရပ်အား အီတလီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးတွင် လက်မခံရန် ကတိတစ်ခု ပါရှိသည်။ ထိုဥပဒေမှာ လူအများ၏ သဘောထားကိုထင်ဟပ်သော၊ အတွေးအခေါ်များအပြိုင်အဆိုင်ဖြစ်သော အစီအစဉ်များ ဆက်လက်ထုတ်လွှင့်စေရန် ဘာလူစကိုနီ ၏ ရုပ်သံလိုင်း ၃ လိုင်းအနက် တစ်ခုကို စွန့်လွှတ်စေရန် ပြုလုပ်ထားသော ဥပဒေ ဖြစ်သည်။ စာရေးသူများ၏ အဆိုအရ ၎င်းဝါကျသည်ပင် လက်ဝဲသမားများ အနေနှင့် ၁၉၉၆ ရွေးကောက်ပွဲများတွင် အနိုင်ရပါလျက် ဤကဲ့သို့သော မီဒီယာလောရှိပိုင်ဆိုင်မှု နှင့် နိုင်ငံရေးလောက အကြား ဖြစ်ပေါ်လျက်ရှိသော “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း” ကိစ္စရပ်များအားဖြေရှင်းနိုင်မည့် ဥပဒေကို အတည်ပြုနိုင်ခြင်း မရှိ ရသည့် အကြောင်းရင်းကို ဖော်ပြထားခြင်း ဖြစ်ပေလိမ့်မည်။

ဘာလူစကိုနီ ၏ အငြင်းပွားဖွယ်ရာ “ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု လွှမ်းမိုးသော ဆုံးဖြတ်ချက်ချခြင်း” ကိစ္စရပ်များသည် များသောအားဖြင့် ၎င်း၏ မီဒီယာအပေါ်မှာ ခြယ်လှယ်နိုင်ခြင်းနှင့် နိုင်ငံရေး အပေးအယူကိစ္စရပ်များတွင် လွှမ်းမိုးနိုင်ခြင်း တို့၌ ဦီးတည်သည်။ သူရရှိနေသော ငွေကြေးများ နှင့်ပက်သက်၍လည်း အငြင်းပွားစရာ ပင်ဖြစ်သည်။ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန RAI ကို လွှတ်တော်နှစ်ရပ် ရှိ (Chamber of Deputies and the Senate) [ နှစ်ခုစလုံး ဘာလူစကိုနီ နှင့် ပူးပေါင်းထားပြီး ] သမ်မတများက ခန့်အပ်သော နှစ်ဦး အဖွဲ့ (two-man team) နှင့် ဆက်လက် ထုတ်လွှင့်နေခဲ့သောအခါ နိုင်ငံပိုင် ရုပ်သံလွှင့်မီဒီယာအနေနှင့် ကြည့်ရှုသူများ များပြားလာခဲ့သော်လည်း ပုဂ္ဂိုလ်ရေးအရ ကြိုက်နှစ်သက်မှုတွင် အားသာနေသော ပြိုင်ဘက် ဘာလူစကိုနီ မိသားစု၏ Mediaset အုပ်စုကြောင့် ကြော်ငြာအခွန်အခများစွာ ဆုံးရှုံးနစ်နာနေခဲ့သည်။ [ အကိုးအကား လို ]

ဘာလူစကိုနီ ၏ အုပ်ချူပ်စီမံမှုများ သည် အခွန်ငွေ လိမ်လည်မှု နှင့်ပက်သက်သော ဥပဒေများကို သက်တမ်း လျှော့ချသော ဥပဒေတင်သွင်းမှုများကို အတည်ပြုခဲ့သည်။ ဘာလူစကိုနီ က ဝေဖန်သူများကို အခွန်ငွေနဲ့ပက်သက်လို့ သူဟာ အကျိုးတစုံတရာ ယူမှာမဟုတ်ပါဘူးလို့ ပြောပြီး တုံ့ပြန်ခဲ့ပေမယ့် နောက်ပိုင်းတွင် ယင်းကို သူ ကျူးလွန်ခဲ့သည် [ အကိုးအကားလို ] ။ 2006 ခုနှစ်တွင် Romano Prodi က ဒီဥပဒေတွေဟာ ဘာလူစကိုနီ ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့ နဲ့ သူ့ရဲ့ အကျိုးတူလုပ်ငန်းရှင်တွေကို ကာကွယ်ပေးဖို့အတွက် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုပါတဲ့ ဥပဒေတွေ ပဲ လို့ တိုက်ခိုက်ပြောဆိုခဲ့သည်။

Bettino Craxi နှင့် အပေါင်းအသင်းဖြစ်ခြင်း[ပြင်ဆင်ရန်]

ဘာလူစကိုနီ ၏ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ဘဝ တလျှောက်တွင် မလိုမုန်းထားသူများမှ မကြာခဏ မေးခွန်းထုတ်ခံခဲ့ရသည်။ ထိုစွပ်စွဲပြောဆိုမေးမြန်းချက်များသည် များသောအားဖြင့် ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်း စီးပွားရေးလုပ်ငန်းရှင်ဘဝ ဖြစ်သော ၁၉၆၁ မှ ၁၉၆၃ ခုနှစ်အတွင်းတွင် အလွန်လျင်မြန်လှသည့် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာမှု ကို သံသယဖြစ်ကြခြင်း ပေါ် အခြေခံကြသည်။ ယင်းကာလအတွင်းတွင် သူ့အနေနှင့် မည်သူမှ မသိနိုင်သော၊ တရားဝင်မဟုတ်ခြင်းလည်း ဖြစ်နိုင်သေးသော နေရာများမှ ငွေကြေးအထောက်အပံ့ များကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည် ဟူ၍ အရိတ်အမြွတ်သဘော ပြောဆိုစွပ်စွဲကြလေသည်။

ဘာလူစကိုနီ နှင့် အပေါင်းအသင်းများကတော့ ယင်း စွပ်စွဲ သတ်မှတ်ချက်များနှင့်ပက်သက်၍ ဘာလူစကိုနီ အနေနှင့် ခက်ခက်ခဲခဲ ကိုယ်တိုင်တည်ဆောက် ခဲ့ရသော ဂုဏ်သတင်း ကို ဖျက်ဆီးရန် ကြိုးစားသည့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စကားရပ်များ အနေနှင့်သာ သတ်မှတ်ခဲ့သည်။

၎င်း၏ ပြိုင်ဘက်များမှ မကြာခဏ ထောက်ပြစွပ်စွဲသော ကိစ္စများမှာ ၁၉၈ဝ ခုနှစ် ပတ်ဝန်းကျင်က ကိစ္စရပ်များနှင့် ပက်သက်၍ ဖြစ်သည်။ ဘာလူစကိုနီ နှင့် အီတလီ ဆိုရှယ်လစ်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Bettino Craxi တို့ အကြားရှိ နည်းအမျိုးမျိုးဖြင့် လာဘ်စားခဲ့သည့်ငွေများအား “မျက်နှာသာ ရရန် အလဲအလှယ် လုပ်ခြင်းများ” ဟု နာမည်တပ် ပြောဆိုခဲ့သည့် ကိစ္စလည်း ပါဝင်သည်။ Milan မြို့တော် တရားရေး ကိုင်တွယ်သူများ ကတော့ Mr. Craxi အား အပြစ်မရှိကြောင်း အခိုင်အမာ စီရင်ချက်ချနိုင်ခဲ့ပြီး၊ စုံစမ်းစစ်ဆေးမှုများအရ လုပ်ငန်းရှင်များ သည် နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ်ဂလ နိုင်ငံရေးသမားများအား ၎င်းတို့၏ အီတလီရှိ ကုမ္ပဏီများ အတွက်ရော အစိုးရကိုယ်တိုင် အတွက်ပါ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်း လုပ်ကိုင်နိုင်ရန် အတွက် ဒေါ်လာ သန်း ပေါင်း ရာနှင့်ချီပေး၍ အလဲအလှယ် လုပ်ခဲ့ကြကြောင်း ပြောဆိုခဲ့ကြသည်။ ဘာလူစကိုနီ သည် Craxi နှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ခွင့် ရရှိခဲ့သည်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

ဥပဒေပြုရေးဆိုင်ရာ ပြောင်းလဲမှုများ[ပြင်ဆင်ရန်]

အချို့သောကိစ္စရပ်များတွင် အီတလီ အတိုက်အခံပါတီ အတွင်းနိုင်ငံရေး လှုပ်ခတ်မှုများ ကိုအကြီးအကျယ် ဖြစ်ပေါ်စေခဲ့သည်။ ဘာလူစကိုနီ လက်ထပ်က အတည်ပြုခဲ့သော ဥပဒေများသည် ၎င်းအား အမှုစီရင်ရာတွင် အကြီးအကျယ် နှောင့်နှေးကြန့်ကြာနေစေခဲ့သည်။

၎င်းနှင့် သက်ဆိုင်သော ဥပမာများအနေဖြင့် ငွေကြေးစာရင်းကိုင်အမှားများနှင့်ပက်သက်သည့် အမှုများအားလုံးတွင် အပြစ်ဒဏ်လျှော့ပေါ့ထားသည့် ဥပဒေ၊ နှင့် သံသယဖြစ်ဖွယ် တရားဝင်မှုသတ်မှတ်ချက် ဥပဒေ တို့ ၌ ဖြစ်သည်။ ထို ဥပဒေများတွင် တရားပြိုင်များအနေနှင့် ၎င်းတို့၏ အမှုများကို ဒေသဆိုင်ရာ တရားသူကြီးများမှ ဘက်လိုက်သည်ဟု ယုံကြည်ပါက တခြားသော တရားရုံးသို့ ပြောင်းရွှေ့ ရန် တောင်းဆိုပိုင်ခွင့် ပြုထားသည်။ ဤကဲ့သို့သော ဥပဒေပြုရေးဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် နိုင်ငံရေးပြိုင်ဘက်များက ဘာလူစကိုနီ ကို ပြစ်ဒဏ်များမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် တမင်ကြံစည်၍ ဥပဒေများအတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲကြခြင်း ဖြစ်သည်။

La Repubblica သတင်းစာ မှ ပြုလုပ်သော စုံစမ်းချက်များအရ ဘာလူစကိုနီ သည် သူ့အတွက် အကျိုးရှိမည့် အမျိုးမတူသော ဥပဒေပေါင်း ၁ရ ခု ကို အတည်ပြုပြဋ္ဌာန်းခဲ့သည် ဟု ဆိုသည်။ တဖက်တွင် ဘာလူစကိုနီ နှင့် သူ၏ မဟာမိတ်ပါတီများကမူ ယင်းဥပဒေ များသည် မြန်ဆန်ပြီး မှန်ကန်တဲ့ တရားစီရင်မှုကို ရရှိစေပြီး အပြစ်ရှိသည်ဟု မသေချာသေးသ၍ အပြစ်မဲ့သူ ဟု သတ်မှတ်ထားရမည် ဆိုသည့် မူ (garantismo) နှင့် လည်း ညီသည် ဟုဆိုသည်။ ထို့အပြင် သူတို့က ထောက်ပြပြောဆိုကြသည်မှာ ဘာလူစကိုနီ သည် ရှိပြီးသားဥပဒေတွေကို နိုင်ငံရေးအရ လိုသလိုပြောင်းနေတဲ့သူတစ်ယောက် ဖြစ်ပြီးတော့ အချို့သော တရားသူကြီးတွေက (လက်ဝဲအုပ်စုဟုစွပ်စွဲခဲ့) သူ့ကို ဆိုင်ဝိုင်းတီးပေး နေကြတယ် ဟူ၍ ဖြစ်သည်။

ထိုအကြောင်းများကြောင့် ဘာလူစကိုနီ နှင့် သူ၏ အစိုးရအဖွဲ့သည် အီတလီ၏ တရားစီရင်ရေး အဖွဲ့နှင့် စကားများငြင်းခုံခြင်းများ တောက်လျှောက်ဖြစ်ပွားခဲ့ကြသည်။ ထိုငြင်းခုံမှုများသည် ၂၀၀၃ ခုနှစ်၌ ဘာလူစကိုနီ မှ နိုင်ငံခြား ဂျာနယ်လစ် တစ်ယောက်အား တရားသူကြီးတွေဟာ “စိတ်ပိုင်းဆိုင်ရာ နည်းနည်းမှားယွင်းနေကြတယ်လေ” ပြီးတော့ “သတ်တဗေဒရှုထောင့်က ကြည့်ရင် ကျန်တဲ့လူ အမျိုးအနွယ်တွေနဲ့ ကွဲပြားနေကြတယ်” ဟု မှတ်ချက်ပေး ပြောဆိုအပြီးတွင် အမြင့်ဆုံးသို့ ရောက်ရှိသွားတော့သည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က သူဆိုလိုသည်မှာ ဟာသဆန်တဲ့ တရားသူကြီး အချို့ကိုသာ အတိအကျ ပြောချင်တာဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ပိုဆိုးသည်မှာ လက်ရှိ တရားသူကြီးများ၊ ရာဇဝတ်တရားသူကြီးများ အနေနှင့် စီရင်ဆုံးဖြတ်ရာတွင် အဆင်ပြေနေပြီးဖြစ်သော ပြောင်းလွယ်ပြင်လွယ်ရှိသည့် တရားစီရင်ရေး ဥပဒေများကို ဘာလူစကိုနီ အစိုးရအဖွဲ့က ထိုပြောင်းလွယ်ပြင်လွယ်မှုအား ကန့်သတ်မည့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများကို ရေရှည်အစီအစဉ် ဆွဲ၍ ပြုလုပ်နေခြင်းပင် ဖြစ်သည်။ ယင်းကြောင့် ဝေဖန်ပြောဆိုသူများက ပြောသည်မှာ အုပ်ချူပ်ရေး အပိုင်းရဲ့ ထိန်းချူပ်မှုအောက်ကို တရားစီရင်ရေးကို ထိုးသွင်းလိုက်ခြင်းဖြင့် ရာဇဝတ်တရားသူကြီးများ ရဲ့ လွတ်လပ်စွာ တရားစီရင်နိုင်ခြင်းကို ကန့်သတ်လိုက်တာပါဘဲ ဟူ၍ ဖြစ်သည်။ ယင်းပြုပြင်ပြောင်းလဲမှုရေးများကို အီတလီတရားသူကြီး များအားလုံးနီးပါး တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြသော်လည်း သုံးနှစ်ကြာ ငြင်းခုံမှုများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ အပြီး ၂၀၀၄ ဒီဇင်ဘာတွင် အီတလီပါလီမန်မှ အတည်ပြုခဲ့သည်။ သို့သော် အီတလီ သမ်မတ Carlo Azeglio Ciampi က အတည်ပြုပြီးသည့် ဥပဒေများမှ အချို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ စည်းမျဉ်းနှင့် ဆန့်ကျင်နေသည် ဟု ဆိုကာ ဗီတိုအာဏာ သုံး၍ ပယ်ချ ခဲ့သည်။

ဘာလူစကိုနီ မိသားစုသည် ပုဂ်ဂလိက ရုပ်မြင်သံကြားကွန်ယက် Telecincoလုပ်ငန်းနှင့်ပက်သက်ပြီး အခွန် လိမ်လည်မှုနှင့် စီးပွားရေးလုပ်ငန်းများနှင့် ပက်သက်သည့် ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် စပိန်တွင် တရားစွဲခံရသည်။ သို့သော် ဥရောပ ပါလီမန် အဖွဲ့ဝင်ဖြစ်နေခြင်းကြောင့် ၂၀၀၅ ခုနှစ်အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားခဲ့သည်။ ၂၀၀၈ ဇူလိုင်တွင် စပိန် တရားရုံး (Corte de Casacion) မှ ဘာလူစကိုနီ အား တရားစွဲဆိုမှုအားလုံးမှ တရားသေ လွှတ်ပေးခဲ့သည်။

၂၀၁ဝ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့ ညများတွင် ဘာလူစကိုနီ ဦးဆောင်သော အီတလီ အစိုးရ သည် ရွေးကောက်ပွဲနှင့် ပက်သက်သည့် ဥပဒေ အမိန့် တစ်ရပ် (Decree) ကို အတည်ပြုခဲ့ကြသည်။ သူ၏ PDL ပါတီ မှ Lazio ပြည်နယ်အုပ်ချူပ်ရေးမှူး နေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီး အမတ်လောင်းအား ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ရာတွင် အဆင်ပြေစေရန် ဖြစ်သည်။ အီတလီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ရွေးကောက်ပွဲ နှင့်ပက်သက်သည့် နည်းဥပဒေများမှာ ပါလီမန်၌သာ အတည်ပြု ပြဋ္ဌာန်းနိုင်ပြီး အစိုးရအဖွဲ့မှ အမိန့် ဥပဒေ ( Decree )အနေနှင့် ပြောင်းလဲ အတည်ပြု၍ မရကြောင်း ဖော်ပြပါရှိသည်။ အီတလီ သမ်မတ ကတော့ အစိုးရ အဖွဲ့လုပ်လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မချိုးဖောက်နိုင်ကြောင်းကို အငြင်းပွားစရာ တွေအကြားမှာ ဖြေရှင်းတဲ့ အနေနဲ့ ဥပဒေနဲ့ညီရင်တော့ အစိုးရအဖွဲ့အနေနဲ့ ဒီလို အတည်ပြုလို့ ရပါတယ် ဟု ပြောခဲ့သည်။

မားဖီးယားဂိုဏ်းနှင့် ပက်သက်သည့် စွပ်စွဲချက်များ[ပြင်ဆင်ရန်]

ခိုးနားထောင်ထားသည့် ဖုန်းစကားပြောချက်တစ်ခုမှ .မာဖီးယား ဂိုဏ်းချူပ် ဂူစပ်ပီ ဂတ်တာဒါယူရို မှ ပြောသည်မှာ….

“ဘာလူစကိုနီ ဟာ သူရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျုပ်တို့ရဲ့ ပြဿနာ တွေကို ရှင်းမှ ရမယ်။”

မာဖီးယား အရေခွံချွတ်များက ဘာလူစကိုနီ သည် Sicilian ရှိဒုစရိုက် အဖွဲ့အစည်းများနှင့် အဆက်အသွယ် အများအပြားရှိသည်ဟု ပြောဆိုကြသော်လည်း Silvio ဘာလူစကိုနီ သည် Cosa Nostra (Sicilian မာဖီးယားများ) ၏ အမှုများတွင် ဘယ်တုန်းကမှ ပါဝင်ပက်သက်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းစွပ်စွဲမှုများသည် မားဖီးယားအမှုများနှင့် ဆက်စပ်သူ Vittorio Mangano ကို Milan မြို့အနီးရှိ မြို့ငယ်လေးတစ်ခုဖြစ်သော Arcore တွင်ရှိသည့် ဘာလူစကိုနီ ၏ Villa San Martino ပန်းဥယျာဉ်လေးအတွက် ဥယျာဉ်မှူးအနေနှင့် ရေရှည်တာဝန်ယူပေးမည့်သူ အဖြစ်ခန့်အပ်ထား လိုက်ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ တွင် သူငယ်ချင်းဖြစ်သူ Marcello Dell'Utri မှတဆင့် Vittorio Mangano ကို သိရှိခဲ့ရခြင်းဖြစ်ပြီး ဘာလူစကိုနီ မှ မာဖီးယားနှင့် ချိတ်ဆက်ရန် မည်သည့် ကြိုးစားမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုသည်။ Marcello Dell'Utri သည် “မာဖီးယား ဆိုတာ အစကတည်းက ရှိကို မရှိခဲ့တာ” ဟူ၍ပင် ပြောဆိုခဲ့သည်။

Forza Italia ကို ပါဝင်တည်ထောင်ခဲ့သူ Dell'Utri သည် ၂၀၀၄ ခုနှစ်တွင် “မာဖီးယားနှင့် အပြန်အလှန် ပက်သက်ခြင်း” အမှုအတွက် Palermo တရားရုံး မှ ကိုးနှစ် အပြစ်ဒဏ် ချမှတ်ခြင်းခံရသည်။ ယင်းစီရင်ချက်တွင် ဖော်ပြထားသည်မှာ Dell'Utri သည် ဘာလူစကိုနီ ၏ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒုစရိုက်အဖွဲ့အစည်းများ ၏ အကြားတွင် ကြားခံအနေဖြင့် ဆက်သွယ် ချိတ်ဆက်ပေးခဲ့သည် ဟု ပါရှိသည်။ ဘာလူစကိုနီ သည် ထိုစီရင်ချက် အား အတည်မပြုနိုင်ကြောင်း ငြင်းဆန်ခဲ့သည်။ ၂၀၁ဝ တွင် Palermo တရားရုံးမှ ယင်းပြစ်ဒဏ်ကို ရ နှစ်သို့ လျှော့ချခဲ့သည်။ သို့သော် ဘာလူစကိုနီ နှင့် mafia အကြားရှိ Dell'Utri's ၏ ကဏ်ဍကိုတော့ ၁၉၉၂ ခုနှစ်အထိ အခိုင်အမာ အတည်ပြုခဲ့သည်။

၁၉၉၆ တွင် မာဖီးယား သတင်းပေး Salvatore Cancemi မှ ၁၉၈ဝ တဝိုက်နှင့် ၁၉၉ဝ တဝိုက်တွင် ဘာလူစကိုနီ နှင့် Dell'Utri တို့သည် Sicilian Mafia အကြီးအမှူးဖြစ်သူနှင့် တိုက်ရိုက်ပက်သက်မှု ရှိခဲ့ကြကြောင်း ကြေညာခဲ့သည်။ Cancemi မှ Fininvest သည် Marcello Dell'Utri နှင့် Sicilian Mafia အဖွဲ့ဝင် Vittorio Mangano တို့မှတဆင့် Cosa Nostra သို့ နှစ်စဉ် အီတလီ လီရာ သန်း ၂၀ဝ ( ယနေ့ ယူရိုငွေ ၁၀ဝ ဝ၀ဝ နှင့် ၂၀ဝ ဝ၀ဝ အကြား ) ပေးနေခဲ့ကြောင်း ဖော်ထုတ်ခဲ့သည်။

Cancemi ၏ အဆိုအရ ကြမ်းတမ်းသော 41-bis ခေါ် ထောင်တွင်းစည်းမျဉ်းများကြောင့် Cosa Nostra မာဖီးယားများကို မျက်နှာသာပေးထားသော ဥပဒေများကို အတည်ပြုပြဋ္ဌာန်းစေခဲ့သည်။ ဆိုလိုသည်မှာ Nostra မာဖီးယားများသည် ၎င်းတို့ နိုင်ငံရေး အရ မျက်နှာသာ ပေးခံရရန်ရည်ရွယ်ပြီး ဘာလူစကိုနီ၏ Forza Italia ပါတီ ကို ထောက်ခံခဲ့ကြခြင်း ဖြစ်နိုင်သည်။ နှစ်နှစ် ခန့်ကြာသော စုံစမ်း ထောက်လှမ်းမှုများ အပြီးတွင် ရာဇဝတ်မှု တရားသူကြီးများမှ မည်သည့် ပြစ်ဒဏ်မှ ချမှတ်ခြင်းမရှိပဲ Cancemi ၏ စွပ်စွဲချက်များအတွက် မည်သည့် သက်သေမှ ရှာ မရသောကြောင့် စစ်ဆေးမှုများကို ရပ်နားလိုက်တော့သည်။ အလားတူပင် Cancemi ၏ ဘာလူစကိုနီ နှင့် မာဖီးယား ဆိုင်ရာ စွပ်စွဲချက်များအတွက် သက်သေရှာရန် ပြုလုပ်ခဲ့သော နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ကိုလည်း ၁၉၉၆ တွင် အပြီးတိုင် ရပ်နားခဲ့တော့သည်။

၂၀၀၂ ဧပြီ တွင် အဖမ်းခံရသော မာဖီးယား အခွံချွတ် Antonino Giuffrè နှင့် ပက်သက်၍လည်း အဖြစ်အပျက်များရှိခဲ့သေးသည်။ ၎င်းသည် ၁၉၉ဝ အစောပိုင်းတွင် မာဖီးယား အုပ်စုများအား ကြည့်ရှုစောင့်ရှောက်နိုင်ရန် အနိုင်ရ ပါတီ ဖြစ်သော Christian Democrat party အကျဘက် ရောက်သည်နှင့် ဘာလူစကိုနီ ၏ Forza Italia ပါတီဘက်သို့ ရွှေ့လာသော မာဖီးယား တစ်ယောက် ဖြစ်သည်။ Sicily ကျွန်း ရှိ Christian Democrat party ခေါင်းဆောင်များသည် Rome မြို့တော်ရှိ မာဖီးယား အုပ်စုများအား ကြည့်ရှုစောင့်ရှောက်ခဲ့ဖူးသည်။ ၁၉၉၂ ခုနှစ် မတ်လ တွင် Sicily ကျွန်း ရှိ Christian Democrat party မှ နိုင်ငံရေးသမား Salvo Lima အသတ်ခံရပြီးနောက် Christian Democrats များနှင့် မားဖီးယားများ ၏ ပက်သက်မှုမှာလည်း ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့သည်။ “Lima ကို သတ်တဲ့လူသတ်သမားဟာ ခေတ်ဟောင်း ရဲ့အဆုံးကို သတ်မှတ်ပေးလိုက်တာပါပဲ” လို့ Giuffrè က တရားရုံးသို့ ပြောခဲ့သည်။ “ခေတ်အသစ်ကတော့ Christian Democrats တွေ ဘယ်တော့မှ မပေးနိုင်ခဲ့တဲ့ အာမခံချက်တွေကို ပေးနိုင်တဲ့ နိုင်ငံရေး အတွေးအခေါ် တွေကို ပိုင်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုအသစ်နဲ့ စတင်ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်” ရှင်းနေပါပြီ ဒါကတော့ Forza Italia ပါတီ ပါဘဲ။

Giuffrè အပြောအရ “Dell'Utri ဟာ မာဖီးယားတွေကို သက်သာစေမယ့် ဥပဒေပြုရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်မှုတွေကို ရွေးကောက်ပွဲ အောင်နိုင်ရေး အထောက်အပံ့တွေနဲ့ အလဲအလှယ် လုပ်တဲ့နေရာမှာ ကြားခံဆက်သွယ်ပေးခဲ့တဲ့ သူပါဘဲ။” “Dell'Utri ဟာ Cosa Nostra မာဖီးယား အဖွဲ့နဲ့ အရမ်းနီးကပ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့သလို ဘာလူစကိုနီ နဲ့ဆက်သွယ်ဖို့ အတွက် အရမ်းအဆင်ပြေတဲ့ နေရာမှာလည်း ရှိနေခဲ့ပြန်တယ်” လို့ သူက ပြောခဲ့သည်။

မာဖီးယား ခေါင်းဆောင် Bernardo Provenzano က Giuffrè ကို “ငါတို့တော့ တကယ့် လူကောင်းကို ရခဲ့တာပဲ” လို့ တကယ့်ကိုတော်ပြီး စိတ်ချယုံကြည်ရတဲ့ လူတစ်ယောက် ဖြစ်တဲ့ Dell'Utri နဲ့ပက်သက်ပြီး ပြောဆိုခဲ့သည်။ Provenzano က ၁၉၉၂ နောက်ပိုင်း ဆယ်နှစ်အတွင်းမှာပဲ မာဖီးယား ရဲ့ တရားစီရင်ရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ် “Forza Italia ရဲ့ ဆောင်ရွက်ချက်တွေအတွက် ကျေးဇူးပါ” လို့ ထုတ်ဖော် ပြောဆိုခဲ့သည်။

၁၉၇ဝ နှစ်လယ်ပိုင်းလများတွင် ဘာလူစကိုနီ ကိုယ်တိုင်က မာဖီးယား ထိပ်သီးခေါင်းဆောင် Stefano Bontade နှင့် အဆက်အသွယ်ရှိနေခဲ့သည် ဟု Giuffrè က ပြောသေးသည်။ ထိုအချိန်က ဘာလူစကိုနီ သည် အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေး တစ်ဦးအဖြစ်သာ ရှိနေသေးပြီး ပုဂ်ဂလိက ရုပ်သံအင်ပါယာကို စတင်ခဲ့သည်။ Bontade သည် ဘာလူစကိုနီ ၏ Arcore မြို့စွန်ရှိခြံ သို့ Vittorio Mangano မှတဆင့် ဆက်သွယ် လည်ပတ်ခဲ့သည်။ ဘာလူစကိုနီ ၏ ရှေ့နေသည် Giuffrè ၏ ယင်း ထွက်ဆိုချက်ကို “မှားသည်” ဟု ဆိုပြီး၊ ဝန်ကြီးချူပ် နှင့် သူ၏ ပါတီအား ယုံကြည်မှုကင်းမဲ့စေရန် ကြိုးစားအားထုတ်မှု တစ်ခု အဖြစ် သတ်မှတ်၍ ပါယ်ချခဲ့သည်။

ဘာလူစကိုနီ နှင့် အဆက်အသွယ်ရှိခဲ့သည့် အခြားသောမာဖီးယား ကိုယ်စားလှယ်များ အနေနှင့် Palermo ရှိ မာဖီးယား ခေါင်းဆောင်များ ဖြစ်သော Filippo Graviano နှင့် Giuseppe Graviano တို့လည်း ပါဝင်ကြောင်း ပြောဆိုခဲ့သည်။ ၁၉၉၃ စက်တင်ဘာ နှင့် အောက်တိုဘာ အကြားတွင် Graviano ညီအစ်ကို သည် စီးပွားရေးသမား Gianni Letta ကိစ္စ ကြောင့် ဘာလူစကိုနီ နှင့်အတူ တိုက်ရိုက် စွပ်စွဲခံရသည်။ မာဖီးယားနှင့်ပက်သက်သည့် စွပ်စွဲချက်များသည် ၂၀၀၂ တွင် ပြီးဆုံးခဲ့သည်။ Cosa Nostra သည် မည်သည့် ပြစ်ဒဏ်မှ မရရှိခဲ့ပေ။

Dell'Utri ၏ ရှေ့နေ Enrico Trantino သည် Giuffrè ၏ စွပ်စွဲချက်များကို “တဆင့်ကြားသော စကားများ” အနေနှင့် ပါယ်ချခဲ့သည်။ Giuffrè ဟာ ပိုက်ဆံရဖို့နဲ့ တရားဥပဒေအရ အထူးအခွင့်အရေးတွေ ရရှိနိုင်ဖို့အတွက် မာဖီးယား အရေခွံချွတ်တွေတိုင်း Dell'Utri နဲ့ ဝန်ကြီးချူပ်ဟောင်း Christian Democrat Giulio Andreotti တို့ကို တိုက်ခိုက်ကြမယ့် အလားအလာ တစ်ခုကို ထပ်တလဲလဲ ပြုလုပ်နေခဲ့တာ သာ ဖြစ်တယ် ဟု Enrico Trantino ကဆိုသည်။

၂၀၀၉ အောက်တိုဘာတွင် Mafioso အဖြစ်မှ pentito အဖြစ်သို့ ပြောင်းလဲခဲ့သော Gaspare Spatuzza က Giuffrè ၏ ပြောကြားချက်များကို အတည်ပြုပေးခဲ့သည်။ ၁၉၉၄ တွင် ၎င်း၏ ခေါင်းဆောင်ဖြစ်သူ Giuseppe Graviano က ဘာလူစကိုနီ သည် ၎င်း၏ Forza Italia ပါတီနှင့် မာဖီးယား Cosa Nostra အကြား နိုင်ငံရေးအရ အခွင့်အရေးများ ရရှိရေးနှင့် ရွေးကောက်ပွဲ အရွေးချယ်ခံရရေး အပေးအယူ လုပ်ခဲ့သည်ဟု ပြောခဲ့သည့်အကြောင်း ကိုSpatuzza က သက်သေခံ ထွက်ဆိုပေးခဲ့သည်။

Spatuzza က “ Graviano က ဒီသတင်းအချက်အလက်တွေကို အီတလီနိုင်ငံ Rome မြို ့၊ Via Veneto ဒေသမှ Graviano ပိုင်ဆိုင်သည့် အရက်ဘားတခုမှာ တွေ ့ဆုံစကားပြောစဉ်မှာ သူကို ဖွင့်ဟပြောဆိုခဲ့တယ် “ လို့ ပြောကြားခဲ့ တယ်။ Spatuzza ၏ အမှုမှာ Dell'Utri က ကြားဝင်စေ့စပ်ပေးသူ ဖြစ်သည်။

Dell'Utri က Spatuzza ၏ စွပ်စွဲချက်များကို အခြေအမြစ်မရှိဟုဆိုပြီး ပယ်ချခဲ့သည်။ ဘာလူစကိုနီ ၏ ရှေ့နေနှင့် Pdl ၏ MP ဖြစ်သူ Niccolò Ghedini က “ Spatuzza ၏ ဝန်ကြီးချုပ် ဘာလူစကိုနီ နှင့်ပက်သက်တဲ့ ထွက်ဆိုချက်တွေဟာ အခြေအမြစ်မရှိတဲ့အပြင် မှန်ကန်ကြောင်းအတည်ပြုဖို ့အတွက် နည်းလမ်းမရှိဘူး “ လို့ပြောကြားခဲ့တယ်။

၂၀၀ရ နိုဝင်ဘာတွင် အီတလီနိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီတခုဖြစ်သော Eni မှ ရှရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီနှင့် တောင်ဘက်တွင် အငြင်းပွားဖွယ်ရာ ဓာတ်ငွေ့ပိုက်လိုင်းတခုတည်ဆောက်ရန် သဘောတူစာချုပ်တခုကို လက်မှတ် ရေးထိုးခဲ့သည်။

အီတလီပါလီမန်အဖွဲ့ဝင်များကထိုကိစ္စကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ Centrex Group ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ဖြစ်သော Central Energy Italian Gas Holding ( CEIGH ) မှ ထိုအကျိုးအမြတ်အများကြီးရှိသည့် စာချုပ်ချုပ်ဆိုရာ တွင် အဓိကအခန်းကဏ်ဍမှ ပါဝင်ခဲ့ကြောင်း တွေ ့ရှိခဲ့ရသည်။ ဘာလူစကိုနီ ၏ ရင်းနှီးသောသူငယ်ချင်း တယောက်ဖြစ်သည့် Bruno Mentasti-Granelli သည် CEIGH ၏ ၃၃ % ကို ပိုင်ဆိုင်သည်။ အီတလီပါလီမန်က ထိုစာချုပ်ကို ပိတ်ပင်တားဆီးခဲ့ပြီး ဘာလူစကိုနီ အား နိုင်ငံပိုင် Eni-Gazprom သဘောတူစာချုပ်တွင် ပုဂ်ဂလိက ပိုင်ဆိုင်မှုထားရှိသည်ဟု စွပ်စွဲခဲ့သည်။

၂၀၁ဝ ဒီဇင်ဘာ ၁ နေ ့တွင် Wikoleaks မှ အမေရိကန်ပြည်ထောင်စု သံတမန်ရေးရာကြေးနန်းများပေါက်ကြားမှုတွင် အမေရိကန်အရာရှိများက ဘာလူစကိုနီ ၏ ရက်ရက်ရောရောပေးကမ်းထားသည့် လက်ဆောင်ပစ်စည်းများ၊ အကျိုး အမြတ်အများကြီးရှိသည့် စွမ်းအင်ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် စာချုပ်များအပါအဝင် Putin နှင့်သာမန်ထက်ပိုလွန်း သည့် ရင်းနှီးမှုကို စိုးရိမ်သည့်အကြောင်းကိုထုတ်ဖော်ပြောဆိုထားသည်။ သံတမန်များက ဘာလူစကိုနီ သည် “ ဥရောပ တွင် Putin ပြောဆိုလိုသည်များကို ပြောပေးသည်လူတယောက်အဖြစ် “ သတ်မှတ်ခဲ့ကြသည်။

  • ရောမ ရှိ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီးက “ ဂျော်ဂျီယာအနေဖြင့် Gazprom မှ Eni S.p.A. နှင့်ချိတ်ဆက်ပြီး ပြုလုပ်သည့် မည်သည့် ဓာတ်ငွေ ့ပိုက်လိုင်းမှ မဆိုရရှိသည့် အကျိုးအမြတ် ၁% ကို Putin က ဘာလူစကိုနီ ပေးမယ်လို့ကတိပြုခဲ့တာကို ယုံကြည်ကြောင်း “ အမေရိကန်အရာရှိများကို ပြောကြားခဲ့သည်။

The Economist (စီးပွားရေးဂျာနယ်)[ပြင်ဆင်ရန်]

အီတလီနိုင်ငံပြင်ပတွင် ဘာလူစကိုနီ ကို အပြင်းထန်ဆုံးဝေဖန်သည့် မီဒီယာတခုမှာ ဗြိတိန်အပတ်စဉ်ထုတ် The Econoumist ဂျာနယ် ( The Ecommunist ဟု ဘာလူစကိုနီ မှ နာမည်ပြောင်ဖြင့်ခေါ်သည် ) ဖြစ်သည်။ ၂၀၀၁ ဧပြီ ၂၆ နေ့ထုတ် ဂျာနယ်မျက်နှာဖုံးတွင် “ ဘာကြောင့် ဘာလူစကိုနီ သည် အီတလီကို ဦးမဆောင်သင့် သနည်း “ ဟူသောခေါင်းစဉ်ဖြင့် ရေးသားထားခဲ့သည်။

ဘာလူစကိုနီ မှ ပုံနိုပ်ထုတ်ဝေမှုများကို Rome ရှိ တရားရုံးသို့ယူဆောင်သွားခဲ့ခြင်းနှင့် The Econoumist မှ ဘာလူစကိုနီ ကိုဆန့်ကျင် သည့် စာများရိုက်နိုပ်ထုတ်ဝေခဲ့ခြင်းတို့နှင့်အတူ ဘာလူစကိုနီ နှင့် The Econoumist ဂျာနယ်တို့အကြားတွင် ဖြစ်ပွားခဲ့သောစကားလုံးဖြင့် တိုက်ခိုက်မှုများသည် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

The Economist မှ “ ဘာလူစကိုနီ ၏ ပိုင်ဆိုင်မှုနှင့်ပက်သက်ပြီး အငြင်းပွားမှုဖြစ်ပေါ်ခဲ့သော သက်သေခံ အထောက်အထား စာရွက်စာတမ်းများပါဝင်သည့် ဆောင်းပါးသည် ဘာလူစကိုနီ အား ရာထူးနှင့်မထိုက်တန်ဟု သက်သေပြခဲ့ကြောင်း ” ကို အခိုင်အမာပြောကြားခဲ့သည်။ ဘာလူစကိုနီ က “ စွပ်စွဲချက်အကြောင်းအရာဟောင်းများ ပါဝင်သည့် ထိုဆောင်းပါးသည် အမှန်တရားနှင့် ဉာဏ်ပညာကို စော်ကားမှုတခုသာဖြစ်သည်” ဟု ပြန်လည်ချေပ ပြောဆိုခဲ့သည်။ The Economist မှ ဘာလူစကိုနီ အီတလီဝန်ကြီးချုပ်အဖြစ် လုပ်ကိုင်နေစဉ်အတွင်း နိုင်ငံပိုင် တီဗီအသံလွှင့်လုပ်ငန်း အားလုံး၏ ၉ဝ % ကို ထိထိရောက်ရောက်ချုပ်ကိုင်ထိမ်းသိမ်းထားကြောင်း ရှာဖွေတွေ့ရှိ ခဲ့သည်။

အီတလီဝန်ကြီးချုပ်သည် အကျင့်စာရိတ်တချို့ယွင်းလျက်ရှိပြီး သူ ့အတွက်သူအလုပ်လုပ်ခဲ့ကြောင်း အခိုင်အမာပြော ကြားခဲ့သည်။ The Economist မှ အဓိကသတင်းထောက်တယောက်ဖြစ်သူ David Lane မှ ထိုစွပ်စွဲချက်များ အားလုံးကို သူ၏ စာအုပ်ဖြစ်သော ဘာလူစကိုနီ’s Shadow တွင် ရေးသားထားခဲ့သည်။ Lean က “ ဘာလူစကိုနီ သည် အဓိကစွပ်စွဲချက်များအတွက် တရားရုံးတွင် ခုခံကာကွယ်မှုမပြုလုပ်ခဲ့ကြောင်း အထူးသဖြင့် မြို ့တော်ဝန်ရာထူးကို ထိခိုက်စေမည့် စွပ်စွဲချက်များကို ကာကွယ်ရန်အတွက် ပြဋ္ဌာန်းထားသည့် ကန် ့သတ်ချက် ဥပဒေများကို ပြုပြင် ပြောင်းလဲခြင်းပြုလုပ်ခဲ့ပြီး နိုင်ငံရေးနှင့် တရားဥပဒေများကို ခြယ်လှယ်ကစားခြင်း များအပေါ်တွင် အဓိကအားကိုးခဲ့ ကြောင်း ထောက်ပြခဲ့သည်။

ထိုဆောင်းပါးတွင်ပါဝင်သော သက်သေခံအထောက်အထားပြထားသောစွပ်စွဲချက်များ၏ အမှန်တရားကို လူသိရှင် ကြား သက်သေပြနိုင်ရန်အတွက်၊ The Economist မှ ဘာလူစကိုနီ အား အသေရေဖျက်မှုဖြင့် တရားစွဲရန် လူသိရှင်ကြားစိန်ခေါ်ခဲ့သည်။ ဘာလူစကိုနီ သည် The Economist ကို တရားစွဲဆိုခဲ့ရာ ရူံးနိုမ့်ခဲ့ပြီး ၂၀၀၈ စက်တင်ဘာ ၅ နေ့တွင် တရားရုံးကုန်ကျစရိတ်များအားလုံးကို ကျခံပေးခဲ့ရသည်။ Milan တရားရုံးမှ Mr.ဘာလူစကိုနီ ၏ ချေပပြောဆိုချက်များကို ငြင်းပယ်ခဲ့ပြီး တရားဥပဒေအရ ကုန်ကျစရိတ်များကို ပေးလျော်ရန် စီရင်ချက်ချခဲ့သည်။

မီဒီယာ ထိန်းချူပ်မှု[ပြင်ဆင်ရန်]

ဘာလူစကိုနီ ၏ မီဒီယာအပေါ်တွင် အလွန်အမင်း ထိန်းချူပ်ထားမှုကြောင့် အီတလီသည် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် နှင့်ပက်သက်၍ အကန့်အသတ်များရှိသည်ဟု လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ က စွပ်စွဲဝေဖန်ကြသည်။ American organisation Freedom House ၏ နှစ်စဉ် ပြုလုပ်နေကျ ဖြစ်သော ၂၀၀၄ ခုနှစ် လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်ဆိုင်ရာ ကမ္ဘာ့တဝန်း စစ်တမ်းကောက်ယူလေ့လာခြင်း တွင် အီတလီသည် ဘာလူစကိုနီ ၏ RAI ရုပ်သံဌာနအပေါ်တွင် လွှမ်းမိုးမှုရှိသောကြောင့် “လုံးဝလွတ်လပ်ခြင်းအဆင့်”မှ “တစိတ်တပိုင်း လွတ်လပ်ခြင်း အဆင့်” သို့ အဆင့် လျှော့ကျခဲ့သည်။ အနောက်ပိုင်း ဥရောပ (Western Europe )တစ်ခုလုံးအနေနှင့် မူ Turkey နှင့် အဆင့်သတ်မှတ်ချက် အတူတူ ပင် ဖြစ်သည်။ ( ၂၀၀၅ တွင် နောက်ဆုံး ရရှိသော သတင်း )

၂၀၀၄ တွင် နယ်စည်းမခြား သတင်းထောက်များ မှ “ဝန်ကြီးချူပ် Silvio ဘာလူစကိုနီ နဲ့ သူရဲ့ကြီးမားကျယ်ပြန့်တဲ့ မီဒီယာ အင်ပါယာကြီးရဲ့ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှုပါတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အုပ်ချူပ်မှုတွေဟာ ဆက်လက်ပြီး ရှိနေတုန်းပါဘဲ။ အဲ့တော့ အမျိုးမျိုးသော သတင်းအချက်အလက် စီးဆင်းမှု အပေါ်မှာလည်း ခြိမ်းခြောက်နေတုန်းပါဘဲ” ဟု ဝေဖန်စာ ဖော်ပြခဲ့သည်။ ၂၀၀၄ ခုနှစ် ဧပြီလတွင် အပြည်ပြည်ဆိုင်ရာ ဂျာနယ်လစ် အဖွဲ့အစည်းကြီး မှ Carlo Azeglio Ciampi ၂၀၀၃ တွင် ဗီတိုနှင့် ပယ်ချထားသော ဥပဒေအား အတည်ပြုပေးလိုက်ခြင်း ကိစ္စရပ်ကို ဦးတည်၍ ယင်းဝေဖန်စာကို ချိတ်ဆက်လာသည်။ ဝေဖန်သူများက အီတလီ တမျိုးသားလုံးအတိုင်းအတာ ၏ ၉၀% သောမီဒီယာ အား ဘာလူစကိုနီ မှ ထိန်းချူပ်ထားမှုကို ကာကွယ်ပေးသည် ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

ဘာလူစကိုနီ ၏ RAI အပေါ်လွှမ်းမိုးမှုရှိသည့် အကြောင်းသည် ၎င်း Sofia, Bulgaria နိုင်ငံများတွင် ရောက်နေစဉ် ဂျာနယ်လစ်များဖြစ်သည့် Enzo Biagi နှင့် Michele Santoro နှင့် comedian Daniele Luttazzi တို့အား ၎င်း၏ အမြင်နှင့် ပက်သက်၍ ပြောပြစဉ်တွင် ထင်ရှားလာခဲ့သည်။ သူက ပြောသည်မှာ “ရုပ်မြင်သံကြားကို ရာဇဝတ်မှုမြောက်တဲ့ ဆက်သွယ်ရေးနည်းပညာ တစ်ခုလိုမျိုး အသုံးချ နေကြေတယ်လေ” နောက်ဆုံး ရလဒ်အနေနဲ့ သူတို့ အလုပ်ပြုတ်သွားရော” ဟူ၍ ဖြစ်သည်။ ယင်း ပြောကြားချက်ကို “Editto Bulgaro” ဟု ခေါ်သည်။

ဘာလူစကိုနီ မီဒီယာ အင်ပါယာနှင့် ပက်သက်၍ ဟာသ သရုပ်ဆောင် မင်းသမီး Sabina Guzzanti က ပြက်လုံးထုတ်ဖော် ပြောပြီးနောက် အမှားပြုလုပ်သူများ၏ ဟာသ သတင်းများကို တင်ဆက်သော RAIot အမည်ရှိ အစီအစဉ်ကို ၂၀၀၃ နိုဝင်ဘာတွင် ဆင်ဆာဖြတ် ပြီးစီးခဲ့သည်။ ဘာလူစကိုနီ ၏ မီဒီယာ ကုမ္ပဏီ တစ်ခုဖြစ်သော Mediaset က RAI ၏ Guzzanti's အစီအစဉ်နှင့် ပက်သက်၍ တရားစွဲဆို ၍ ၂ဝ မီလျံ ယူရို လျော်ကြေးတောင်း သည်။ အကြောင်းရင်းမှာ ၂၀၀၃ နိုဝင်ဘာတွင် RAI ဥက္ကဋ္ဌ Guzzanti's program က ပွဲ ကျင်းပရန် အစီအစဉ်ဖျက်မှုကြောင့် ဆုံးရှုံးနစ်နာမှုများ အတွက် ဖြစ်သည်။ အသေးစိတ် အဖြစ်အပျက်အား Guzzant မှ ထုတ်သည့် Michael Moore-style ရိုက်ကူးထားသော Viva Zapatero! အမည်ရှိ မှတ်တမ်းခွေ အဖြစ်သို့ ပြုလုပ်ခဲ့သည်။

ဘာလူစကိုနီ ၏ ရုပ်သံထုတ်လွှင့်ရေး အုပ်စု တစ်ခုဖြစ်သည့် Mediaset က ၎င်းသည် သင့်တော်သော နိုင်ငံရေးသတင်းဖော်ပြချက်များ ကို အရေးကြီးဆုံး နိုင်ငံရေးပါတီများ နှင့် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများ(သူတို့အဆို အထွေထွေရွေးကောက်ပွဲ 'Par Condicio') (မကြာခဏ မှားနေကြောင်း သက်သေပြပြီးဖြစ်သည့်) အတွက် နိုင်ငံပိုင် မီဒီယာ RAI မှ သတ်မှတ်ချက် အတိုင်း အသုံးပြုလျက်ရှိသည် ဟု ဖော်ပြခဲ့သည်။

၂၀၀၆ မတ်လ တွင် ရုပ်သံ ချန်နယ် Rai Tre မှ Lucia Annunziata ၏ ဟောပြောပွဲတွင် ရုပ်မြင်သံကြား အမေးအဖြေ လုပ်ရာ၌ သူ့အစိုးရအဖွဲ့ရဲ့ စီးပွားရေး အုပ်ချူပ်စီမံမှုများဆိုင်ရာ ဆိုးကျိုးတွေနဲ့ပက်သက်တဲ့ သဘောမတူမှုတစ်ခုကြောင့် နာရီဝက်အတွင်း စတူဒီယိုပြင်ပ၍ ဒေါသမုန်တိုင်းထန်နေခဲ့သည်။ ၂၀၀ရ ခုနှစ် နိုဝင်ဘာလတွင် သတင်းများကို ဝင်ရောက်ခြယ်လှယ်သည် ဟူသော စွပ်စွဲချက်များကြောင့် ဘာလူစကိုနီ ၏ ကိုယ်ရေး အရာရှိ RAI မှ ထွက်သွားရသည်။

၂၀၀၈ ဧပြီလ တွင် Canale 5 သတင်းဋ်ဌာန ၏ အမှီအခိုကင်းသည့် မီဒီယာရပ်တည်မှုကို အာမခံပေးသူအဖြစ် အချိန်အကြာကြီး မြင်တွေ့ခဲ့ရသူ ရုပ်သံသတင်း ထောက် Enrico Mentana က ရွေးကောက်ပွဲ (ကမ်ပိန်း) ကော်မတီ တစ်ခုနဲ့တူတဲ့ ဒီအုပ်စုထဲမှာ ဆက်ပြီးသည်းခံ မနေနိုင်တော့ဘူး ဟု ပြောဆိုပြီး အလုပ်မှ ထွက်သွားခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၄ တွင် အီတလီ Santa Margherita Ligure ရှိ Confindustria အမည်ရှိ လူငယ်များ အသင်း အစည်းအဝေးတွင် Editoriale L'Espresso အုပ်စု၏ သတင်းစာ၊ မဂ်ဂဇင်းများ နှင့် ကြော်ငြာစာချူပ်များ ချူပ်ဆိုခြင်း မပြုလုပ်တော့ရန် သို့မဟုတ် လက်မခံတော့ရန် ကြော်ငြာလုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ပြောဆိုခဲ့သည်။ အထူးသဖြင့် la Repubblica မဂ်ဂဇင်းနှင့် L'espresso သတင်းမဂ်ဂဇင်း နှစ်ခုကို “အရှက်မရှိ” တဲ့ ပုံနှိပ်လုပ်ငန်းတွေ ဟု ခေါ်ခဲ့သည်။ ၎င်းတို့မှ စီးပွားရေး အကျပ်အတည်းအကြောင်းကို ပိုမို ပြောပြပြီး မီးထိုးနေသည့်အပြင် သူ့ကို တုံ့ပြန်တဲ့ အနေနဲ့ အရွေးချယ်မခံရအောင် လုပ်ဖို့လည်း ပြော နေသောကြောင့် ဖြစ်သည်။ ၎င်းပုံနှိပ်လုပ်ငန်း အုပ်စုကြီးမှ ၎င်းတို့၏ လုပ်ငန်းပုံရိပ်(Image)နှင့် အကျိုးစီးပွားကို ကာကွယ်သည့်အနေနှင့် တရားဥပဒေအရ ဘာလူစကိုနီ အား တန်ပြန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၂၀၀၉ အောက်တိုဘာ ၁၂ နေ့တွင် Silvio ဘာလူစကိုနီ သည် Confindustria Monza and Brianza အဖွဲ့ဝင်များ ညီလာခံပြုလုပ်နေစဉ်တွင် စက်မှုလုပ်ငန်းရှင်များကို သတင်းစာများအား မည်သည့် ထိန်းချုပ်ကန့်သတ်ချက်မှမရှိပဲ အစိုးရကို အယုံအကြည်မဲ့စေသည့်သတင်းများ ဖော်ပြခြင်းနှင့် နိုင်ငံခြားသတင်းစာများကို ဝါဒဖြန် ့ခြင်းများအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုတခု ပြုလုပ်ရန် ထပ်မံဖိတ်ကြားခဲ့သည်။

၂၀၀၉ အောက်တိုဘာတွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့အတွင်းရေးမှူးချုပ် Jean-Francois Julliard မှ “ဘာလူစကိုနီ ကို လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့် ချုပ်ကိုင်သူများစာရင်းတွင် ထည့်သွင်းရခါနီးပြီဖြစ်ကြောင်းနှင့် ဥရောပမှ ခေါင်းဆောင်များအတွက် ထိုစာရင်းတွင်ပါဝင်ခြင်းမှာ ပထမဆုံးဖြစ်လိမ့်မည်ဖြစ်ကြောင်း” ကြေညာခဲ့သည်။ “အီတလီသည် ဥရောပသမဂ္ဂအဖွဲ့အစည်း၏ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ရသည့် နိုင်ငံများစာရင်းတွင် အောက်ဆုံးအဆင့်သို့ရောက်လုနီးနီးဖြစ်နေကြောင်း” ထပ်မံပြောကြား ခဲ့သည်။


အနောက်တိုင်း လူ့အဖွဲ့အစည်း ယဉ်ကျေးမှုနှင့် အစ္စလာမ် တို့အပေါ် မှတ်ချက်[ပြင်ဆင်ရန်]

၂၀၀၁ စက်တင်ဘာ ၁၁ တွင် နယူးယောက်မြို့တိုက်ခိုက်မှုအပြီးတွင် .. ဘာလူစကိုနီ က “ ငါတို့ လူမျိုးတွေရဲ့ လူအခွင့်အရေးကို လေးစားမှု .. ပြီးတော့ အစ္စလာမ်နိုင်ငံတွေနဲ့မတူတဲ့ ဘာသာရေးနှင့် နိုင်ငံရေးအရ အခွင့်အရေး တွေကို အလေးအနက်ထားမှုအစရှိတဲ့ ကောင်းကျိုးချမ်းသာနဲ့ ပြည့်စုံရမယ်လို့ အာမခံထားတဲ့စနစ်၊ ကွာခြားချက် နှင့် ထိန်းသိမ်းစောင့်ရှောက်မှုအစီအမံတွေကို တန်ဖိုးထားနားလည်မှုရှိသည့်စနစ် စတဲ့သူများထက် သာလွန် မြင့်မြတ်မှု တွေကို အထူးဂရုစိုက်သတိထားနေမှရမယ်” ဟုပြောကြားခဲ့သည်။

ထိုကြေညာချက်ကြောင့် အာရပ်နှင့် မူဆလင် ကမ္ဘာ့တွင်သာမက အီတလီအပါအဝင် ဥရောပတိုက်တခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က စာနယ်ဇင်းများသို့အရေးပါလှသည့် အစွန်းရောက် မဟုတ်တဲ့ အာရပ်နိုင်ငံများရဲ့ပါဝင်နိုင်မှု အခန်းကဏ္ဍကို ငါတို့အလေးထားရမည်။ အာရပ်နှင့် မူဆလင်ကမ္ဘာမှ ငါ့မိတ်ဆွေတွေရဲ့ သိမ်မွေ့နှူးညံမှုကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည့် နားလည်မှု လွဲခဲ့တဲ့ စကားလုံးတွေအတွက် ငါစိတ်မကောင်းဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

ကြားဖြတ်ဖုန်းခိုးနားထောင်မှုနှင့် ပြည်တန်ဆာမှုကို အသုံးချပြီး နိုင်ငံရေးအကျင့်ပျက်ချစားမှုပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်[ပြင်ဆင်ရန်]

၂၀၀ရ ဒီဇင်ဘာတွင် ထိုစဉ်က အတိုက်အခံပါတီများ၏ ခေါင်းဆောင် ဘာလူစကိုနီ နှင့် RAI မှ General Director ဖြစ်သူ Agostino Sacca တို့၏ ကြားဖြတ်အသံဖမ်းထားသည့် ဖုန်းပြောဆိုမှုသည် L’espresso Magazine တွင် ဖော်ပြခံရပြီး မီဒီယာအများအပြားတွင် မကောင်းသတင်းအဖြစ်ဖော်ပြခဲ့ကြသည်။

ကြားဖြတ်ဖုန်းခိုးနားထောင်မှုသည် ..Naples ရှိ အစိုးရ ရှေ့နေရုံးမှ စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဘာလူစကိုနီ သည် အကျင့်ပျက်မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံရသည်။ ထိုဖုန်းပြောဆိုမှုတွင် Saccà သည် ဘာလူစကိုနီ အား နိုင်ငံရေးနှင့်ပက်သက်ပြီး လှိုက်လှိုက်လှဲလှဲထောက်ခံသော စကားလုံးများကို ပြောကြားခဲ့ပြီး ဘာလူစကိုနီ ၏ မဟာမိတ်များ၏အပြုအမှုများကို ဝေဖန်ခဲ့သည်။

ဘာလူစကိုနီ သည် Saccà အား သူ၏ မဟာမိတ် Umberto Bossi မှ ခိုင်ခိုင်မာမာထောက်ခံပြောဆိုထားသည့် ရုပ်သံဇာတ်လမ်းတွဲကို အသံလွှင့်ပေးရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။ Saccà က သူသည် ထိုစာချုပ်နှင့် ပက်သက်ပြီး ကောလဟာလများသည် အများ ပြည်သူကြားတွင် ပျံနှံလျက်ရှိတာကြောင့် သူ့အတွက် ပြသာနာများဖြစ်ပေါ်ခဲ့ကြောင်း ညည်းညူပြောဆိုခဲ့သည်။ ထို ့နောက်တွင် ဘာလူစကိုနီ က မိန်းကလေး တယောက်အတွက် RAI တွင် အလုပ်တခုရှာပေးရန် သွားရောက်ပြောဆိုစေခဲ့သည်။ ထိုသို့ သွားရောက်ပြောဆိုရာတွင် ထိုမိန်းကလေးသည် Prodi အား သူ၏ အစိုးရအဖွဲ့နှင့်အတူ ကျဆုံးသွားအောင် ကူညီနိုင်သည့် အရေးပါအရာရောက်သည့် ဥပဒေပြု အထက်လွှတ်တော်အမတ်တယောက်နှင့် လျှို့ဝှက်အလဲအလှယ်ပြုလုပ်ရာတွင် တန်ဖိုးရှိပစ်စည်း တခုအနေဖြင့် အသုံးချနိုင်မည်ဖြစ်ကြောင်း ကိုပါ ပွင့်ပွင့်လင်းလင်း ထည့်သွင်းပြောဆိုရန် စေခိုင်းခဲ့သည်။

ထိုဖုန်းပြောဆိုမှုသည် လူသိရှင်ကြားပေါ်ထွက်လာပြီးနောက်တွင် အခြားနိုင်ငံရေးသမားများနှင့် သတင်းထောက်များ က ဘာလူစကိုနီ အား ပြည်တန်ဆာမှုကို အပြည့်အဝအသုံးချခြင်းအားဖြင့် နိုင်ငံရေး အကျင့်ပျက်မှုပြုလုပ်ခဲ့ ကြောင်း စွပ်စွဲခဲ့ကြသည်။

သူ၏ ပြန်လည်ချေပချက်တွင် ဘာလူစကိုနီ က “ ဖျော်ဖြေရေးလောကမှာ အဲဒါကို လူတိုင်းသိကြတယ်။ အချို့သော RAI တီဗွီရဲ့ အခြေအနေတွေမှာ ကိုယ့်ကို ကိုယ် ရောင်းစားတာ ( ဒါမှမဟုတ် ) လက်ဝဲဝါဒီ ဆိုရင် RAI TV မှာ သတင်းဖြစ်တာပဲ “ ငါက လက်ဝဲဝါဒီများမဟုတ် ပဲ RAI TV ရဲ့ လုံးဝခွဲခြားဆက်ဆံခံရတဲ့ ပုဂ္ဂိုလ်တွေအစား ဝင်လုပ်လိုက်တာ…” လို့ပြောကြားခဲ့သည်။ Right-to-die case - ဘဝကို အဆုံးသတ်ရန် ခွင့်ပြုခဲ့သည့် အမှု ( ၁၇ နှစ်ကြာအောင်သတိလစ်မေ့မြောနေသောသူ ) Eluana Englaro ၏ မိသားစုသည် သူမ၏ ဘဝကို အဆုံးသတ်ရန် အခွင့်အရေးကို .. တရားသူကြီးများမှ အသိအမှတ်ပြုလက်ခံလာအောင်ဆောင်ရွက်နိုင်ခဲ့ပြီး သူမ၏ ဘဝကို တရားရုံးမှခွင့်ပြုသည့် နည်းလမ်းဖြင့် အဆုံးသတ်ရန် စတင်လုပ်ဆောင်မည့်ဆရာဝန်များကို ခေါ်ယူခဲ့ပြီး သည့်နောက်တွင်၊ ဘာလူစကိုနီ မှ ဆရာဝန်များအား ထိုသို့လုပ်ဆောင်မှုကို ရပ်တန့်ရန် အမိန့် ထုတ်ပြန်ကြေညာ ခဲ့သည်။

“ ဒါဟာလူသတ်မှုပဲ၊ ငါသူမကို ကယ်တင်ဖို ့ကြိုးစားမယ်။ ငါက ( ပထမဆုံးရာစုနှစ်တုံးက ရောမအုပ်ချုပ်သူ ဂျူးလူမျိုးခေါင်းဆောင် ) Pontius Pilate မဟုတ်ဘူး “ ဟု ဖော်ထုတ်ပြောကြားခဲ့သည်။ “ သတိလစ်မေ့မြောနေသူ အမျိုးသမီးဟာ မီးယပ်သွေးပေါ်/ရာသီသွေးဆင်းတုံးပဲ ရှိသေးတယ်။ သူမဟာ ကလေးရနိုင်တဲ့ အခြေအနေမှာရှိတယ် ” ဟူသော အချက်ကို အခိုင်အမာပြောကြားခြင်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုရန်အတွက် ဆက်လက်လုပ်ဆောင်ခဲ့သည်။

ပြည်တန်ဆာမှုဖြင့် မကောင်းသတင်းထွက်ခဲ့ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း[ပြင်ဆင်ရန်]

၂၀၀၉ ဧပြီလကုန်တွင် Veronica Lario ဥရောပ ပါလီမန် ရွေးကောက်ပွဲတွင် ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော်လည်း နိုင်ငံရေးအတွေ့အကြုံ မရှိသလောက်နည်းပါးသည့် အမျိုးသမီးကို ပါတီကိုယ်စားပြု အမတ်လောင်းအဖြစ် ရွေးချယ်ခဲ့ သောကြောင့် သူမ၏ ဒေါသကို ပွင့်ပွင့်လင်းလင်းဖော်ပြထားသော စာတစောင်ကိုရေးသားခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ်မှာ ယခုလိုမျိုးအဖြစ်အပျက်မျိုး သုံးကြိမ်တိုင်တိုင်ပြုလုပ်ခဲ့မှုအတွက် ပြည်သူလူထုထံ ခွင့်လွတ်ရန် တောင်းဆိုခဲ့ပြီး သူ့အိမ်ထောင်ရေးကို ဆက်လက်ပေါင်းသင်းနေထိုင်ရန် မျှော်လင့်ချက် အလားအလာ အနည်းငယ်သာရှိကြောင်း ဖော်ထုတ်ပြောဆိုခဲ့သည်။

မေလ ၃ ရက်နေ့တွင် Veronica Lario သည် Naples, Casoria တွင် ပြုလုပ်ခဲ့သော မိန်းကလေးတယောက်၏ အသက် ၁၈ နှစ်ပြည့်မွေးနေ့ ပါတီပွဲသို့သူမယောက်ျားတက်ရောက်ခဲ့ပြီးသည့်နောက်ပိုင်းတွင် ကွာရှင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။ သူမက ဘာလူစကိုနီ သည် သူ၏သား အသက် ၁၈ နှစ်မွေးနေ့ပါတီသို့ မတက်ရောက်ခဲ့ကြောင်း၊ သူမကို အရေးမထားပဲ ဆက်ဆံသော ယောက်ျားတယောက်နှင့် ဆက်လက်ပေါင်းသင်းရန်မဖြစ်နိုင်ကြောင်းနှင့် အလားအလာ ကောင်းမည် မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။

အဆိုပါမိန်းကလေး Noemi Letizia သည် အီတလီသတင်းစာ ဆရာများနှင့် တွေ့ ဆုံမေးမြန်းခန်းပြုလုပ်ခဲ့ပြီး သူမ သည် ဘာလူစကိုနီ အား papi ( အဖေဟု အဓိပ္ပာယ်ရှိ ) ဟုခေါ်ကြောင်း၊ သူတို့သည် အတူတကွ အချိန်ဖြုန်းခဲ့သည့် ကာလများရှိခဲ့ကြောင်း၊ သူမ၏ အလုပ်အကိုင်ကို ကပြအသုံးတော်ခံသည့် မိန်းကလေးတယောက်အဖြစ် ( သို့မဟုတ် ) နိုင်ငံရေးသမားတယောက်အဖြစ် တာဝန်ယူလုပ်ကိုင်စေမည်ဖြစ်ကြောင်း၊ ဘာပဲဖြစ်ဖြစ် ဆက်လက်လုပ်ကိုင်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း စသည့်အချက်များကို ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်တနေ့တွင် ဆယ်လ်ဗီယို ဘာလူစကိုနီ ထိုကိစ္စနှင့်ပက်သက်ပြီး သတင်းစာဆရာများထံသို့ ဖြေရှင်းချက်ပေးခဲ့ပြီး သူမအား သူမ၏ အဖေမှတဆင့် သိရှိခဲ့ကြောင်းနှင့် သူမ၏ မိဘများမရှိပဲ ဘယ်သောအခါမှ သူမအားတယောက်တည်း တွေ့ဆုံခြင်းမျိုးမရှိခဲ့ကြောင်း ကျိန်ဆိုပြောကြားခဲ့သည်။ မေ ၁၄ နေ့တွင် La Repubblica သတင်းစာမှ လက်ရှိအချိန်အထိပေါ်ထွက်လာသော ရှေ့ နောက်မညီညွတ်ခြင်းနှင့် အမြီးအမောက်မတည့်ခြင်းများစွာဖော်ပြထားပြီး လက်ရှိအခြေအနေကို ရှင်းလင်းနိုင်ရန်အတွက် ဘာလူစကိုနီ အား ဖြေဆိုရန် မေးခွန်း ၁ဝ ခုကို တရားဝင်မေးမြန်းထားသည့် ဆောင်းပါးတပုဒ်ကို ထုတ်ဝေခဲ့သည်။

၁ဝ ရက်ကြာပြီးနောက် Letizia ယခင်ချစ်သူဟောင်းဖြစ်သူ Luigi Flaminio က ဘာလူစကိုနီ သည် ၂၀၀၈ အောက်တိုဘာတွင် သူ့ချစ်သူ မိန်းကလေး၏ ဓာတ်ပုံကို သတင်းထောက် Emilio Fede ( TG4 ဒါရိုက်တာ ) ယူ ဆောင်လာသည့် ဓာတ်ပုံစာအုပ်တအုပ်တွင် တွေ့ရှိပြီးနောက်တွင် သူမ၏ ရိုးသားသန့်စင်မှုနှင့် အပြစ်ကင်းစင်၍ ချစ်စရာကောင်းသောမျက်နှာကို သဘောကျပြီး ပုဂ္ဂိုလ်ရေးအရတွေ့ဆုံရန်အတွက်ဆက်သွယ်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

Flaminio က သူမသည် ၂၀၀၉ နှစ်သစ်ကူးအကြိုပွဲကျင်းပခါနီးတွင် ဘာလူစကိုနီ ၏ Sardinian villa တွင် သူမ၏ မိဘများမပါပဲ ၁ ပတ်ခန့်သွားရောက်နေထိုင်အချိန်ဖြုန်းခဲ့ကြောင်းကိုလဲ ထပ်မံထုတ်ဖော်ပြောဆိုခဲ့သည်။ နောက်ပိုင်း တွင် သူမ၏ အမေက ထိုအချက်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်ပြီးသတင်းမုဆိုးများ၏ ရိုက်ကူးရရှိသောဓာတ်ပုံများကို Rome ရှိ အစိုးရရှေ့နေရုံးမှ သီးသန့် သတ်မှတ်ချက်များကို ချိုးဖောက်မှုဖြင့် သိမ်းယူခဲ့ကြသည်။ သို ့သော် ထိုဓာတ်ပုံများထဲမှ သီးသန့်ရွေးချယ်ထားသော ဓာတ်ပုံများကို ဇွန်လ ၄ ရက်နေ့တွင် El País မှ ပုံနိုပ်ထုတ်ဝေခဲ့သည်။

၂၀၀၉ မေ ၂၈ နေ့တွင် ဆယ်လ်ဗီယို ဘာလူစကိုနီ က သူသည် Noemi Letizia နှင့် ဘယ်တုံးကမှ ထူးခြားဆန်းပြားသော ဆက်ဆံရေးမျိုးမရှိခဲ့ကြောင်း သူ၏ သားသမီးများ၏ ခေါင်းကိုကိုင်ပြီး ကျိန်တွယ်ပြောဆိုခဲ့သည်။ အကယ်၍ ထိုကဲ့သို့သောဆက်ဆံရေးမျိုးရှိခဲ့လျှင်၊ ရာထူးမှ ချက်ချင်းနုတ်ထွက်မည်ဟုလဲ ပြောဆိုခဲ့သည်။

၂၀၀၉ ဇွန် ၁၇ နေ့က အီတလီ၊ ဘာရီမှ ရုပ်ရှင်မင်းသမီးအဖြစ်မှ အနားယူခဲ့သော အသက် ၄၂ နှစ်ရှိ ကိုယ်ရံတော် Patrizia D'Addario က သာမန်မိတ်ဆွေတယောက်မှတဆင့် ယူရို ၂၀၀ဝ ပေးပြီး .. ဘာလူစကိုနီ နှင့်အတူ ညနေခင်း အချိန်ဖြုန်းရန်တကြိမ်နှင့် ညဘက်အတူ အချိန်ဖြုန်းရန်တကြိမ် နှစ်ကြိမ်တိုင်တိုင် စည်းရုံးခြင်းခံရကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ ဘာရီမှ ရာဇဝတ်မှုတရားသူကြီးမှ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်း၏ မိတ်ဆွေဖြစ်သူသည် ပြည့်တန်ဆာမှုအတွက် အကူအညီပေးခြင်းကြောင့် တရားစွဲခံရနိုင်သည်။

ဆယ်လ်ဗီယို ဘာလူစကိုနီ က အငှား အဖော်အဖြစ်နေခြင်း နှင့်ပက်သက်၍ D'Addario ၏ ပြောသမျှတိုင်းကို ငြင်းပယ်ခဲ့သည်။ “ငါဟာမိန်းမတစ်ယောက်ကို ပိုက်ဆံပေး ငှားထားပြီး...တိုက်ပွဲအောင်တဲ့ စိတ်ချမ်းသာမှုမျိုးကို မရဘဲနဲ့ ဆိုရင် ဘာစိတ်ကျေနပ်မှုမျိုး ရနိုင်ဦးမှာလဲ ဆိုတာ ငါဘယ်လိုမှ နားမလည်လို့မရဘူး ” လို့ ကြေညာခဲ့သည်။ သူက D'Addario ကို ပိုက်ဆံပေးပြီး စေခိုင်းနေတဲ့ အမျိုးအမည်မသိ လူရှိတယ်လို့လည်း စွပ်စွဲ ခဲ့သေးသည်(ယင်းစွပ်စွဲချက်များကို သူမက အကြောက်အကန် ငြင်းခဲ့သည်)

အခြားသော မိန်းမငယ် များကလည်း ဘာလူစကိုနီ ၏ Rome မြို့ရှိ နေအိမ် (Palazzo Grazioli) တွင် ကျင်းပခဲ့သည့် ပါတီများ အကြောင်းကို မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။ ဓာတ်ပုံများနှင့် ကတ်ဆက်အသံမှတ်တမ်းများ လည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့သည်။ အထူးသဖြင့် ထို ဖော်ပြချက်များက ဝန်ကြီးချူပ်၏ နေအိမ် လုံခြုံရေးနှင့် ပက်သက်၍ လုံခြုံရေး အစီအမံများ မရှိကြောင်း၊ ထိန်းချူပ်မှု မရှိဘဲ ဝင်ထွက်သွားလာခွင့် ရှိခဲ့ခြင်းများ ကို သိသာစေခဲ့သည်။ ၂၀၀၉ ဇွန် ၂၆ နေ ့တွင် la Repubblica သတင်းစာမှ ဘာလူစကိုနီ သို ့မေးထားသော မေးခွန်း ၁ဝ ခုကို ပြန်လည်ဖော်ထုတ်ခဲ့ပြီးနောက် မကြာခဏဆိုသလို သတင်းစာတွင် ပြန်လည်ပုံနိုပ်ထုတ်ဝေခဲ့သည်။

၂၀၀၉ ဩဂုတ် ၂၈ နေ ့အထိ မည်သည့်အဖြေမှ ဖြေကြားခြင်းမရှိပဲ အဆိုပါ သတင်းစာကုမ္ပဏီ ပိုင်ရှင် L'Espresso Magazine အယ်ဒီတာ Gruppo ကို တရားစွဲဆိုခဲ့ပြီး ထိုမေးခွန်း ၁ဝ ခုကို အသရေပျက်စေပြီး ဖြေဆိုစရာမလိုသော မေးခွန်းများအဖြစ် သတ်မှတ်ခဲ့သည်။

ဘာလူစကိုနီ ၏ နေပုံထိုင်ပုံကို အထူးသဖြင့် Conferenza Episcopale Italiana ( အီတလီ ဘုန်းတော်ကြီးများညီလာခံ ) မှ ပိုင်ဆိုင်သည့် Avvenire သတင်းစာတွင် ရေးသားဖော်ပြခဲ့ပြီး ကက်သလစ်ဘာသာ အသိုင်းအဝိုင်းတွင် မျက်ခုံးပင့်စရာ ဖြစ်ခဲ့သည်။ ထိုသို့ရေးသားဖော်ပြခဲ့ပြီးနောက်တွင် Avvenire သတင်းစာအယ်ဒီတာ Dino Boffo အား ဥပဒေကြောင်းအရ အရေးယူခဲ့ပြီး ထိုကိစ္စနှင့်ပက်သက်၍ အသေးစိတ်ကို ဘာလူစကိုနီ မိသားစုပိုင် il Giornale သတင်းစာတွင် တရားဝင်ဖော်ပြခဲ့သည်။ ထိုဖော်ပြချက်အရ Dino Boffo သည် သူ့လုပ်ဖော်ကိုင်ဖက်ဟောင်း၏ ဇနီးအား နှောက်ယှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ထင်ရဟန်ရှိသည်။

Dino Boffo သည် ထိုဥပဒေကြောင်းအရ အရေးယူခဲ့မှုကို မှားယွင်းသည်ဟု အမြဲတမ်းကြေညာခဲ့သော်လည်း ထိုအချက်ကို မငြင်းပယ်နိုင်ခဲ့ပေ။ အပြန်အလှန်တင်းမာမှုများနှင့် အခြေအတင်ငြင်းခုံမှုများဖြစ်ပေါ်ခဲ့ပြီးသည့်နောက် ၂၀၀၉ စက်တင်ဘာ ၃ နေ့တွင် Boffo သည် သူ၏ အယ်ဒီတာရာထူးနေရာမှ နုတ်ထွက်ခဲ့ပြီး လက်ထောက် အယ်ဒီတာ Marco Tarquinio သည် လက်တလော ကြားကာလ အယ်ဒီတာဖြစ်လာခဲ့သည်။

၂၀၀၉ စက်တင်ဘာ ၂၂ နေ့တွင် Silvio ဘာလူစကိုနီ သည် စာနယ်ဇင်း ညီလာခံအပြီးတွင် သူ၏ ဝန်ကြီးအား အတင်းအဖျင်းသတင်းများနှင့်ပက်သက်ပြီးမေးမြန်းခြင်းကို တုံပြန်ဖြေကြားခြင်း မပြုလုပ်ရန်ပြောဆိုထားကြောင်း ကြေ ငြာခဲ့သည်။

အီတလီစာနယ်ဇင်းများသည် အီတလီအစိုးရအဖွဲ ့မှ ချမှတ်ထားသော ပြည်တွင်းနှင့် နိုင်ငံခြားမှုဝါဒများနှင့်ပက်သက်ပြီး အောင်မြင်မှုအကြောင်းကိုသာပြောသင့်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ “ L’Aquila တွင် တိုက်ခန်း ဘယ်လောက်များများဆောက်လုပ်ပေးမည်နည်း” ဟူသော မေးခွန်းမျိုးကိုသာ .. စာနယ်ဇင်းမှ မေးနိုင်လိမ့်မည်ဖြစ် ကြောင်း၊ တနည်းဆိုသော် သူ၏ အုပ်ချုပ်မှုနှင့်ပက်သက်ပြီးမေးနိုင်ကြောင်းနှင့် အတင်းအဖျင်းသတင်းများနှင့်ပက်သက် ပြီးမေးခွင့်ရမည်မဟုတ်ကြောင်းထပ်မံပြောကြားခဲ့သည်။

၂၀၀၉ အောက်တိုဘာ ၁ ရက်နေ့တွင် AnnoZero ဦးဆောင်မှုနေရာအတွက် အပြိုင်အဆိုင်လှုပ်ရှားသည့် လှုပ်ရှားမှုတခုတွင် အစီအစဉ်တင်ဆက်သူ သတင်းထောက် Michele Santoro က Patrizia D'Addario ကို တွေ့ဆုံမေးမြန်းခဲ့သည်။

သူမသည် ဘာရီမှ သူမအားယခင်ကတည်းကသိကျွမ်းနေသူ စီးပွားရေးသမား Giampaolo Tarantini နှင့်တွေ့ဆုံခဲ့ပြီး “သူမအား သမ္မတနှင့်အတူ Palazzo Grazioli တွင် အတူနေပေးရန် တောင်းဆိုခဲ့ကြောင်း” ဖော်ပြခဲ့သည်။ D'Addario က “သူမသည် လစာနှင့် အလုပ်လုပ်သည့် ကိုယ်ရံတော်တယောက်ဆိုတာ ဘာလူစကိုနီ သိသည်” ဟုထပ်မံ ပြောကြားခဲ့ သည်။

၂၀၁ဝ နိုဝင်ဘာတွင် ဆယ်ကျော်သက် ဘဲလေး အကသမား Karima El Mahroug (Ruby Rubacuori ဟူသော နာမည်ပြောင်ဖြင့် လူသိပိုများသည် ) က ဘာလူစကိုနီ ထံမှ သူမ၏ ကိုယ်ပိုင် အပန်းဖြေသည့်ပင်လယ်ကမ်းခြေအိမ်များ တွင် ပြုလုပ်ခဲ့သောပါတီပွဲများအတွက် ဒေါ်လာ ၁၀,၀၀ဝ ပေးရန် တောင်းဆိုခဲ့သည်။

Karima El Mahroug က Milan ရှိ အစိုးရရှေ ့နေများကို ဘာလူစကိုနီ နှင့် မိန်းကလေး ၂ဝ ယောက်တို့သည် အာဖရိကရိုးရာအကပုံစံ Bunga Bunga အကကို အဝတ်အစားမဝတ်ပဲ ကပြဖျော်ဖြေခဲ့ကြပြီး ထိုပွဲများသည် ရမ်းကားသည့် ပျော်ရွင်ပွဲများနှင့်တူသည်ဟူ၍ ပြောကြားခဲ့သည်။ ၂၀၁ဝ မေ ၂၇ နေ့တွင် El Mahroug သည် ခိုးမှုဖြင့် မီလန် ရဲတပ်ဖွဲ့မှဖမ်းဆီးခြင်းခံရပြီး ( အမှုသေးသောကြောင့် ) ငယ်ရွယ်ပြီး ဥပဒေကျူးလွန်သူများထိမ်းသိမ်းထားရှိသည့် နေရာသို့ပို့ခြင်းခံရကြောင်း သိရှိရသည်။

သို့သော် ရဲတပ်ဖွဲ့အာဏာပိုင်များဆီသို့ ဘာလူစကိုနီ မှ ဖုန်းခေါ်ဆိုမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက်တွင် ( အထူးသဖြင့်၊ အီဂျစ် သမ်မတ Hosni Mubarak ၏ အလွန်ရင်းနှီးသည့် ဆွေမျိုးတယောက်အဖြစ် မှားယွင်းစွာ ဖော်ပြခဲ့ပြီးနောက် ) ထိုမိန်းကလေးကို ပြန်လွှတ်ပေးခဲ့ပြီး PDL ၏ ဒေသဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (ဘာလူစကိုနီ ၏ သွားကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးသူ ) Nicole Minetti ထံသို့အပ်နှံခဲ့သည်။

ဘာလူစကိုနီ သည် .. အများပြည်သူပြောကြားချက်များအရ နာမည်သိပ်မကြီးသော Bulgarian မင်းသမီး Michelle Bonev ကို ထောက်ပံရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေထဲမှ ၁.၈ သန်းကို ဖြုန်းတီးပစ်ခြင်းကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

ထိုကဲ့သို့နိုင်ငံပိုင် အနုပညာအသုံးစရိတ်ကို အကြီးအကျယ်ဖြတ်တောက်သုံးစွဲမှုသည် ပြည်သူလူထုထံမှ ပြင်းထန် သော တုံပြန်မှုတခု ဖြစ်ပေါ်စေရန် တွန်းပို့ပေးသောအချက်တချက်အဖြစ် တထပ်တည်းကျစေခဲ့သည်။

ဟာသ ဖြစ်စရာ ပြုမူပြောဆိုမှုများ နှင့် အရှက်ရဖွယ် အဖြစ်အပျက်များ[ပြင်ဆင်ရန်]

ဘာလူစကိုနီ သည် သူ၏ တခါတလေတွင် မဖွယ်မရာတွေးတက်သည့် ဟာသဉာဏ်ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည်။ ၂၀၀၂ ဖေဖော်ဝါရီတွင် နိုင်ငံခြားဝန်ကြီးများ၏ ဥရောပသမဂ်ဂညီလာခံတွင် သူ၏ ယခင်နိုင်ငံခြားရေးဝန်ကြီး Renato Ruggiero အစား ဘာလူစကိုနီ ကို တရားဝင်မခန် ့အပ်ရသေးသော်လည်း တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်သူများ ဓာတ်ပုံရိုက်ကူးစဉ် စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Piqué ၏ ခေါင်းအနောက်တွင် ( လက် ၂ ချောင်းထောင်ပြီး ဂျိုပုံစံဖြင့် ) ကြာခိုသူတယောက်အဖြစ် အသိပေးအကြောင်းကြားသည့်ပုံစံ ရိုင်းပျသော အမှုအရာတခု ပြုလုပ်ခဲ့သည်။ ထိုအပြုအမှုသည် အီတလီကလေးငယ်များကြားတွင် ဟာသတခုအဖြစ် ပျံနှံခဲ့ပြီး လူအတော်များများက ထိုအပြုအမှု သည် နိုင်ငံတကာအစည်းအဝေးနှင့် လုံးဝမသက်ဆိုင်သည့်အပြုအမှုတခုအဖြစ် မှတ်ယူခဲ့ကြသည်။ သူနောက်ရုံသာ နောက်လိုက်တာပါ ဟုနောက်ပိုင်းတွင်ဖြေရှင်းခဲ့ပြီး သက်တောင့်သက်သာရှိသည့် အခြေအနေတခုကို ဖန်တီးရန် ကြိုးစားခဲ့ခြင်းသာဖြစ်ကြောင်း၊ ပူးပေါင်းပါဝင်ကြသူများကြားတွင် ခင်မင်ရင်းနှီးမှု၊ လှိုက်လှဲုပျူငှာမှု၊ နှစ်လိုဖွယ်ရှိမှု၊ ချစ်ခင်ကြင်နာမှုရှိသည့် အစည်းအဝေးပွဲတခုဖြစ်ရန်ရည်ရွယ်ကြောင်းနှင့် ဘေးမှရပ်ကြည့်နေသည့် ကင်းထောက် လူငယ်အဖွဲ ့ကို သဘောကျနှစ်သက်စေလိုသောသဘောဖြင့်ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

၂၀၀၃ ဇူလိုင် ၂ နေ့တွင် EU ဝန်ကြီးအဖွဲ့၏ ဥက္ကဋ္ဌနေရာကို လွဲပြောင်းရယူခဲ့ပြီးနောက်တနေ့တွင် ဥရောပပါလီမန်အဖွဲ့မှ ဂျာမန် SPD အဖွဲ့ဝင် Martin Schulz က ဘာလူစကိုနီ အား သူ၏ ပြည်တွင်းနှင့် ပက်သက်ပြီး ချမှတ်ထားသော မှုဝါဒများနှင့် မာဖီးယားဂိုဏ်းနှင့်ပက်သက်ပြီး စွပ်စွဲခံရမှုများကြောင့် ပြင်းထန်စွာ ဝေဖန် ပြစ်တင်ခဲ့သည်။ “ Mr Schulz, နာဇီ အကျဉ်းစခန်းတွေအကြောင်း ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ အီတလီက ရုပ်ရှင် ထုတ်လုပ်သူတယောက်ကို ကျုပ်သိတယ်။ Kapo ရဲ့နေရာမှာ မင်းကိုဝင်သရုပ်ဆောင်ခိုင်းဖို့ငါသူ့ကို ကူပြောပေးမယ်။ အဲဒီဇာတ်ရုပ်က မင်းနဲ့ဆို ကွက်တိပဲ။”


ဆိုရှယ်လစ်အဖွဲ့သားများဆီမှ တုံပြန်အော်ဟစ်ခဲ့ကြပြီး ဘာလူစကိုနီ ကသူရယ်စရာပြောခြင်းသာ ဖြစ်တယ်လို့ အခိုင် အမာပြောဆိုခဲ့သည်။ သို့သော် သိပ်မကြာခင်မှာ Martin Schulz နှင့် အခြား လက်ဝဲဝါဒီများကို ဒီမိုကရေစီကို အဆိုး မြင်သူတွေအဖြစ် သတ်မှတ်စွပ်စွဲခဲ့သည်။

သူ၏ နာဇီနှင့်နှိုင်းယှဉ်ပြချက်သည် ဂျာမနီနှင့် အီတလီဆက်ဆံရေးကို အေးစက်သွားစေသည့် အကြောင်းတချက် ဖြစ်စေခဲ့သည်။ ၂၀၀၃ တွင် ပြုလုပ်သော Nicholas Farrell နှင့် ထိုအချိန်က The Spectator magazine မှ အယ်ဒီတာ Boris Johnson တို့နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဘာလူစကိုနီ က “ မူဆိုလီနီ သည် ပြိုင်ဘက်တွေကို သတ်ဖြတ်ခြင်း မပြုသည့် နှူးညံပျော့ပြောင်းသော အာဏာရှင်တယောက်ဖြစ်တယ်။ ဒါပေမဲ့ သူတို့ကို အားလပ်ရက်အပျော်ခရီး အဖြစ်ပို့ဆောင်ပေးခဲ့တယ် “ လို့အခိုင်အမာပြောကြားခဲ့သည်။

၂၀၀၅ မေလလယ်လောက်တွင် Parma ရှိ ဥရောပ အစားအသောက် ဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေးအာဏာပိုင်အဖွဲ့စတင်ဖွဲ့စည်းသည့် အခမ်းအနားတွင် Finland နိုင်ငံသားများ အား အီတာလျှံကြက်ကင်ဆိုတာဘာမှန်းတောင်မသိဘူးဟု ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပြီးနောက်၊ .. Finland သမ္မတ တာရ်ရ ဟာလိုနန် ကို ဥရောပ အစားအသောက် ဆိုင်ရာဘေးအန်တရာယ် ကင်းရှင်းရေးအာဏာ ပိုင်အဖွဲ့အစည်းကို Finland နိုင်ငံမှာ အခြေစိုက်ထားရှိရန်အတွက် စည်းရုံးသိမ်းသွင်းနိုင်ဖို့ သူရဲ့မိန်းမနဲ့ ပက်သက်ပြီးကျွမ်းကျင်မှုကို ဖုန်ခါပြီးပြန်လည် အသုံးပြုရတော့မယ်ဟု အခိုင်အမာပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံရှိ အီတလီ သံအမတ်ကြီးကို ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ ဆင့်ခေါ်ခဲ့ပြီး ပြစ်တင်ဝေဖန်မှုပြုလုပ်ခဲ့ပြီး အီတလီနှင့် ဖင်လန်နိုင်ငံများမှ ထိုပြောကြားချက်ကို ဝေဖန်မှုပြုခဲ့ကြတယ်။ သူ၏ အတွင်းရေးဝန်ကြီးမှ Halonen ဓာတ်ပုံကို မြင်ဖူးတဲ့သူတိုင်း သူနောက်ပြောင်ပြောနေတယ်ဆိုတာကို သတိပြုမိကြပါလိမ့်မည် “

ထိုကိစ္စ မတိုင်မီက နယူးယောက်မှ ကုန်သည်များအဖွဲ့ကို အီတလီနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် အကြောင်းအချက်များကို စာရင်းပြုစုထားကြောင်းနှင့် ပထမဆုံးအချက်ကတော့ ငါတို့နိုင်ငံမှာ ကမ္ဘာ့ အချောအလှဆုံး ကိုယ်ရေးအရာရှိတွေ ရှိတယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်လို့ပြောကြားခဲ့တယ်။

ရလဒ်ကတော့ အီတလီနိုင်ငံမှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး ပါလီမန်မှ အမျိုးသမီးအဖွဲ့ဝင်များက တရက်ကြာ ပါတီ ပေါင်းစုံဆန်ဒပြပွဲကို ကျင်းပခဲ့ကြတယ်။ အီတာလျှံကြက်ကင် ကိစ္စနှင့်ပက်သက်ပြီး ဖင်လန်နိုင်ငံမှ ပီဇာလုပ်ငန်း Kotipizza သည် သမင်ကျပ်တင်သား ပါဝင်သည့် Pizza ဘာလူစကိုနီ အမည်ရှိ ပီဇာအသစ်တမျိုးကို ထုတ်လုပ်ခဲ့ပြီး ပြန်လည်နာမည်ကျော်ကြားလာခဲ့သည်။

၂၀၀၈ မတ်လတွင် ကျင်းပသော America's Plate နိုင်ငံတကာပီဇာပြိုင်ပွဲတွင် ထိုပီဇာသည် ပထမဆုရရှိခဲ့သည်။

၂၀၀၆ မတ်လတွင် ဘာလူစကိုနီ က “ ကွန်မြူနစ်တွေက ကလေးတွေကို စားလေ့စားထရှိတယ်” လို့စွပ်စွဲပြောဆိုခဲ့မှုကို ကာကွယ် ပြောဆိုသည့်အနေဖြင့် “ ကွန်မြူနစ်တွေအကြောင်းရေးထားတဲ့ Black Book ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်၊ တရုတ်ကွန်မြူနစ် Mao အကြောင်းကိုတွေ့လိမ့်မည်။ သူတို့က ကလေးအသားကို မစားဘူး။ ဒါပေမဲ့ ဆူနေအောင် ပြုပ်ပြီးတော့ လယ်ကွင်းတွေမှာ မြေဩဇာအဖြစ်အသုံးပြုခဲ့တယ်” လို့အခိုင်အမာ ပြောခဲ့တယ်။

သူနောက်ပိုင်းမှာ ဝန်ခံခဲ့တယ်။ အဲဒီဟာက မဖွယ်မရာ ဇောက်ထိုးစကားဖြစ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာသက မဖွယ်မရာဟာသဖြစ်ခဲ့လို့ပဲ။ ဒါပေမဲ့အဲဒီလိုမပြောဖို့ အတွက် ငါ့ကိုငါ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိခဲ့ဘူး။ သူ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပြိုင်ဘက်ဖြစ်သူ Romano Prodi က “ ထိုထိခိုက်နစ်နာမှုဟာ သေချာတာကတော့ ထိပ်ဆုံးကလူတယောက်က လူဦးရေ ၁.၃ ဘီလျံ ကို စော်ကား ခဲ့လို ့ဖြစ်ပေါ်ခဲ့ခြင်းပြီး ဘာလူစကိုနီ ၏ ဝေဖန်ချက်တွေဟာ တွေးတောင်မတွေးဝံဘူး” လို ့စာနယ်ဇင်းများကို ပြောကြားခဲ့သည်။

ဘာလူစကိုနီ က သူ၏ ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးပွဲများတွင် Black Book of Communism စာအုပ် ၁၀၀ဝ ကို လက်ဆောင်ပေးခြင်းဖြင့် တုံပြန်ခဲ့သည်။ ၂၀၀၆ ဧပြီ ၄ ရက်နေ့တွင် အီတလီ နိုင်ငံရွေးကောက်ပွဲကျင်းပရန် တပတ်တောင်မလိုတော့သည့်အချိန် National Chamber for Trade တွင် မိန့်ခွန်းပြောကြားစဉ် “ ဒီနေရာမှာ ငတုံးတွေအများကြီးရှိသည့်အတွက် သူတို့စိတ် ဝင်စားတဲ့လူကို ဆန့်ကျင်ပြီး မဲပေးရာမှာ အီတလီလူမျိုးတွေရဲ့အရမ်းကို အထင်ကြီး လေးစားကောင်းသည့် အသိဉာဏ်ပညာကို လက်ကိုင်ထားပြီး စဉ်းစားရန်” ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် သူ၏ ရိုင်းစိုင်းပေမယ့် ထိရောက်သည့်စကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

၂၀၀၇ ဆုပေး ညစာစားပွဲတွင် ”ငါသာလက်ထပ်မထားဘူးဆိုရင်၊ မင်းကိုငါအခုချက်ချင်းလက်ထပ်ဖြစ်မှာပဲ။ မင်းနဲ့ အတူတူဆိုရင်၊ ဘယ်နေရာပဲဖြစ်ဖြစ်ငါသွားရဲတယ်” ဟု Forza Italia အဖွဲ့ကိုယ်စားလှယ်ဖြစ်သူ ယခင် ကပြ အသုံးတော်ခံသည့် မိန်းကလေး Mara Carfagna ကို ကိုးကားပြောဆိုခဲ့သည်။

ထိုသို့အရောတဝင်သွားရောက်ပြောဆိုချက်များသည် သူ၏ဇနီး Veronica အား ..ဘာလူစကိုနီ မှ ဝန်ချတောင်းပန်မှု ပြုလုပ်ရန် တောင်းဆိုဖို့အတွက် ဘာလူစကိုနီ ၏ ပြိုင်ဘက် စာနယ်ဇင်းလုပ်ငန်းတခုဖြစ်သော အီတလီသတင်းစာ la Repubblica မှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ သူ၏ နိုင်ငံရေးပါတီမှ ထုတ်ဝေခဲ့သောကြေညာချက်တွင် သူသည် ခွင့်လွတ်ဖို ့တောင်းပန်ခဲ့ပြီး ဂုဏ်သိက္ခာကိုအမြဲတမ်းထိမ်းသိမ်းမည်ဟု ဖော်ပြခဲ့သည်။

Mara Carfagna သည် လက်ရှိသူ၏ လက်အောက်တွင် လူအခွင့်အရေးတန်းတူညီမျှရရှိရေးအဖွဲ့အစည်းမှ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၈ အီတလီနိုင်ငံ အထွေထွေရွေးကောက်ပွဲ အကြိုကာလတွင် “လက်ယာအစွန်းရောက်ပါတီဝင် အမျိုးသမီး နိုင်ငံရေးသမားများသည် လက်ဝဲအစွန်းရောက်ပါတီမှ အဆင့်တူပုဂ္ဂိုလ်များထက်ပိုကြည့်လိုကောင်းသည်” ဟု အခိုင်အမာပြောကြားခဲ့သည်။ သူ၏မှတ်ချက်ကို အီတလီ ဗဟိုလက်ဝဲပါတီများမှ ဒေါ်သထွက်စွာတုံ့ပြန်ခဲ့ကြပြီး တဏှာရမက်ပြင်းထန်သည့်လူတယောက်အဖြစ် စွပ်စွဲခဲ့ကြသည်။

ဘာလူစကိုနီ က “သူပါလီမန်ထဲမှာ လှည့်ပြီးကြည့်ရူလိုက်ရင် ညာဘက်မှ အမျိုးသမီးနိုင်ငံရေးသမားများသည် ပိုပြီး ချောမောလှပ ကြောင်းနှင့် ဘယ်ဘက်မှ လူများသည် မိန်းမများဖြစ်လာရင်တောင်မှ ကြည့်ရတာမျက်စိပဒသာ မရှိကြောင်း “ ပြောကြား ခဲ့သည်။

၂၀၀၈ ဧပြီ ၁ဝ နေ့တွင် မဲပေးသူများနှင့် တိုက်ရိုက်ထိတွေ့သည့် အစီအစဉ်ကို ရုပ်မြင်သံကြားမှ ထုတ်လွှင့်သောအခါ မိန်းကလေးတယောက်က Silvio ဘာလူစကိုနီ အား လူငယ်များအနေဖြင့် ဘဝအတွက်လုံခြုံစိတ်ချရသော အလုပ်အကိုင်များမရရှိသောကိစ္စကို မည်သို့ပြုလုပ်သင့်သနည်းဟု မေးမြန်းခဲ့သည်။ သူက မဆိုင်းမတွပင် “မင်းလိုပဲ အရမ်းလှအောင်ပြုံးပြီး ငါ့ရဲ့သားနဲ့လက်ထပ်နိုင်အောင် ကြိုးစားသင့်တယ်။ မင်းကြိုးစားနိုင်ပါတယ်”ဟု အကြံပေးပြောကြားခဲ့သည်။

၂၀၀၈ အထွေထွေရွေးကောက်ပွဲပြုလုပ်စဉ်အချိန်ကတည်းက ဘာလူစကိုနီ က အငြင်းပွားဖွယ်ရာကိစ္စရပ်အတွက် ဥရောပအဆင့်တွင် ရုံးတင်စစ်ဆေးခြင်း စတင်နေခဲ့ပြီ ဖြစ်သည်။ သူသည် စပိန်အစိုးရအဖွဲ့ဝန်ကြီးများကောင်စီဖွဲ့စည်းထားပုံကို ( ဥက္ကဋ္ဌ José Luis Rodríguez Zapatero ကို ထည့်သွင်းရေတွက်သည် ) ယောက်ျားနှင့် မိန်းမ အရေအတွက်သည် အတူတူပါဝင် ထည့်သွင်းဖွဲ့စည်းထားခြင်းကို အကြောင်းပြုပြီး လက်ဝဲဆန်လွန်းသည်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

ထိုသို့ဖွဲ့စည်းထားပုံသည် အီတလီနိုင်ငံရေးတွင် ယောက်ျားများပျံနှံတည်ရှိနေမှုကို ထည့်သွင်းစဉ်းစားပြီး ဖွဲ့ စည်းထား ခြင်းဖြစ်နိုင်သည်ဟု သူသံသယရှိကြောင်းဟုလဲ ထုတ်ဖော်ပြောဆိုခဲ့သည်။

Sardinia ရှိ Villa La Certosa တွင် ၂၀၀၈ ဧပြီ ၁ရ နေ့က ရှရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပူးတွဲကျင်းပသည့် စာနယ်ဇင်းညီလာခံတွင် Nezavisimaya Gazeta သတင်းစာမှ ရှရှားသတင်းထောက် Natalia Melikova က ပူတင်အား လက်ရှိဇနီးသည်ကို ကွာရှင်းပြီး ရှရှားပါလီမန်မှ အဖွဲ့ ဝင်တယောက်ဖြစ်သူ အိုလံပစ် ရွှေတံဆိပ်ဆုရှင် Alina Kabayeva ကို လက်ထပ်ရန်ရည်ရွယ်ထားသည့် ကိစ္စအတွက် မေးမြန်းရန် မေးခွန်းတခု ပေးပို့ထားခဲ့သည်။

သူ၏ ဧည့်သည်ဖြစ်သူ ရှရှားသမ္မတ ဗလာဒီမာပူတင် စိတ်အနှောက်အယှက်မြင်ရသည့်အခါ သတင်းထောက်ဆီသို့ သေနတ်သမားက ပစ်ခတ်နေသည့်ဟန်ကိုအတုယူ၍ အမူအရာ လုပ်ပြခဲ့သည်။ အများပြောကြားချက်အရ ထိုသတင်းထောက်မှာအပြင်သို့ဆွဲထုတ်ခံလိုက်ရသည်။ ပူတင်က Kabaeva ကို လက်ထပ်ရန်သတင်းမှာ ကောလဟာလသတင်းအဖြစ် ငြင်းဆိုခဲ့သည်။ ဘာလူစကိုနီ ၏ ပြောရေးဆိုခွင့်ရှိသူက ထိုသေနတ်သမားအမူအရာကို လျှောချရန် ကြိုးစားခဲ့သည်။ သူက အဲဒါက ပျော်စေပျက်စေသဘောဖြင့်ပြသည့် အမူအရာတခုသာဖြစ်တယ်။ တကယ်တော့ .. ရှည်လျားပြီး ငြီးငွေ့ဖွယ်ရာ ရုရှားဘာသာကိုပြန်ဆိုဖို့ လိုအပ်တဲ့ အချိန်ကို ပေးခဲ့တဲ့ အတွက် ချီးကျူးစရာပါပဲ…. နောက်ပိုင်းမှာ Melikova က “ ငါ ဘာလူစကိုနီ ရဲ့အမူအရာကိုတွေ့ခဲ့ပြီးတော့ သူ့မှာ ဂျိုကာလိုမျိုး ကျော်ကြား တဲ့ နာမည်ဂုဏ်သတင်းရှိတယ်ဆိုတာ ငါသိခဲ့တယ် “ လို ့ပြောကြားခဲ့တယ်။ ဘာအကျိုးဆက်မှ မရှိပါစေနဲ့လို့ ငါမျှော် လင့်ပါတယ် “ ဟု ပြောကြားခဲ့သည်။

ဘာလူစကိုနီ နှင့် ဂျော့ချ် ဒဗလျူ ဘုရှ် တို့သည်ရင်းနှီးသောသူငယ်ချင်းများဖြစ်ကြပြီး ဘုရှ် ပိုင်ဆိုင်သည့် Texas ranch ရှိ Crawford တွင် အတူတကွ အချိန်ဖြုန်းခဲ့ကြသည်။ အတိတ်ကိုသတိရအောက်မေ့သောအားဖြင့် ဘုရှ် သမ္မတရာထူးသက်တမ်းကုန်ဆုံးချိန်တွင် သူနှင့် ဘုရှ် တို့သည် သူငယ်ချင်းများအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်ကြောင်းကြေညာခဲ့သည်။

၂၀၀၈ အောက်တိုဘာတွင် အိမ်ဖြူတော်အရာရှိ ညစာစားပွဲတွင် ဘုရှ် ၏ ပွေ့ဖက်နှုတ်ခွန်းဆက်မှုအပေါ် အရမ်းစိတ် လှုပ်ရှားခဲ့သဖြင့် မိုက်ခရိုဖုန်းကြိုးကို ခလုတ်တိုက်လဲခဲ့ပြီး စကားပြော စင်မြင့်ပျက်စီးခဲ့သည်။ နောက်ပိုင်းတွင် ဘာလူစကိုနီ က “အလွန်ကြီးမားတဲ့ သံယောဇဉ်ကဘာလုပ်နိုင်သလဲဆိုတာမင်းတွေ့ရဲ့လား” ဟူ၍ မှတ်ချက်ပေးခဲ့ သည်။

၂၀၀၈ နိုဝင်ဘာ ၆ နေ့တွင် ဘားရက် အိုဘားမား ပထမဆုံး အာဖရိကန်- အမေရိကန်လူမျိုး အမေရိကန်သမ္မတ အဖြစ် ရွေးချယ်ခံရပြီး နှစ်ရက်အကြာတွင် သူ၏ အသားအရေညိုမည်းခြင်းကို လှောင်ပြောင်ချီးမွမ်းခဲ့သည်။ “ရှရှားနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ မျိုးဆက်သစ်တွေ အင်နဲ့အားနဲ့တိုးတက်သွားဖို့လိုအပ်တဲ့ ဆက်ဆံရေး အတွက် ငါကြိုးစားကူညီမယ်။ အိုဘားမားနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ရန် Medvedov အတွက် ဘာပြသာနာရှိမယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိုဘားမားက ငယ်တယ်၊ ခန် ့ညားတယ် ပြီးတော့ ညိုမောင်းတဲ့ အသားအရေလဲ ရှိတယ်။ အဲဒါကြောင့် ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာနိုင် တယ်လို့ငါထင်တယ်။ “ ၂၀၀၉ မတ် ၂၆ နေ့တွင် .. “ ငါက အိုဘားမားထက် အသားရောင်ပိုဖျော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါနေပူ ဆာသွားလှုံခဲ့တုန်းကတည်းကဆိုရင် တော်တော်ကြာပြီ။ သူက ပိုပြီး ခန့်ညားတယ်။ ငယ်တယ်။ ပြီးတော့ အရပ်လည်း ပိုရှည် တယ် ” ထပ်မံပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ၂၀၀၉ ငလျင်အတွင်း လူပေါင်း ၃၀,၀၀ဝ ကျော်တို့၏ အိမ်များဆုံးရှုံးခဲ့ရပြီးနောက်တွင် မြို့စွန် L’Aquila အိမ်ရာစီမံကိန်းရှိ ရွက်ဖျင်တဲစခန်းတခုတွင် အာဖရိကန် ဘုန်းတော်ကြီးကို သူက .. “မင်းမှာ ညိုမောင်းပြီးကောင်းမွန်တဲ့အသားအရေရှိတယ် “ လို့ပြောကြားခဲ့တယ်။ နောက်ပြီးတော့ ဘုန်းတော်ကြီးကို ဖမ်းဆွဲပြီးတော့ “ငါ့ကို မြဲမြဲကိုင်ထားပြီးတော့ ပါ ပါး လို့ခေါ်” .. ဆိုပြီး ပြောလိုက်တယ်

၂၀၀၈ နိုဝင်ဘာ ၁၈ နေ့တွင် ဘာလူစကိုနီ သည် ဂျာမန် အစိုးရဝန်ကြီးချုပ် Angela Merkel နှင့် တူတူပုန်းတမ်းကစား ခဲ့သည်။ Merkel ကို လက်ခံတွေ့ဆုံဖို့အတွက်စီစဉ်ခဲ့သော်လည်း Merkel နှင့် နောက်လိုက်များ ဖြတ်ကျော်သွားနေစဉ် တိုင်အနောက်မှာ ပုန်းနေခဲ့တယ်။ သတင်းထောက်များက ” ဘာလူစကိုနီ က coo coo ဟုအော် ပြောခဲ့ပြီး ချက်ချင်းပဲ Mrs Merkel က “ Oh, Silvio “ ဟု ပြန်အော်ခဲ့ကြောင်း ” ဖော်ပြခဲ့ကြသည်။

၂၀၀၉ ဇန်နဝါရီ ၂၄ နေ့တွင် ဘာလူစကိုနီ သည် ပြစ်မှုကျူးလွန်သူများအတွက် မကောင်းဆိုးဝါးစစ်တပ်ဟု ခေါ်တွင်သည့် အီတလီမြို့တော်များကို ကင်းလှည့်သည့်စစ်တပ်ကို ရာဇဝတ်မှုများ ထိထိရောက်ရောက်နိုမ်နှင်း နိုင်ရန်ရည်ရွယ်ပြီး စစ်သားအင်အားကို ၃၀၀ဝ မှ ၃၀၀၀ဝ အထိ တိုးမြှင့်မည့် သူ၏ ရည်ရွယ်ချက်ကို ထုတ်ဖော် ကြေညာခဲ့သည်။

“ ထိုကဲ့သို့ကင်းလှည့်စစ်တပ်အင်အားကို ၁ဝ ဆ တိုးမြှင့်ခဲ့သည့်အတွက် အီတလီအမျိုးသမီးများ အဓမ္မကျင့်ခံရသည့် အန္တရာယ်မှ လုံလောက်သည့် ကာကွယ်မှုပေးနိုင်မလား “ ဟုမေးမြန်းခဲ့သောအမျိုးသမီးသတင်းထောက်ကိုယခုလို တုံပြန်ပြောကြားခဲ့သည်။ “အဓမ်မမှုများကို တားဆီးနိုင်လောက်သည့် အင်အားကြီးတပ်ဖွဲ့မျိုးငါတို့မဖွဲ့စည်းနိုင်သေးဘူး။ မိန်းမတွေအများကြီး ရှိသလောက်ကို စစ်သားတွေအများကြီးလိုလိမ့်မည်။ ဒီကိစ္စဟာ ဖြစ်နိုင်မယ်လို့ငါမထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဆီကအမျိုးသမီးတွေက အရမ်းလှနေလို့။”

အတိုက်အခံခေါင်းဆောင်များက ထိုဖြေကြားချက်သည် စာနာစိတ်ကင်းမဲ့ပြီး အဆင့်အတန်းမရှိသည့် စကားဖြစ်သည် ဟု သတ်မှတ်ပြောဆိုခဲ့ကြသည်။ ဘာလူစကိုနီ က “ အီတလီအမျိုးသမီးတွေကို ချီးမွမ်းချင်ရုံပါပဲ “ ဟုပြန်လည်ပြော ကြားခဲ့သည်။ အခြားဝေဖန်ရေးလုပ်သူများက “ ရဲတပ်ဖွဲ့အာဏာကိုသုံးပြီး အုပ်ချုပ်သည့် နိုင်ငံတခုအဖြစ်ဖန်တီးသည်” ဟု စွပ်စွဲခဲ့ကြသည်။

၂၀၀၉ ဧပြီ ၃ နေ ့ G-20 ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲတွင် တွင် ဘာလူစကိုနီ သည် Queen Elizabeth II အား ဓာတ်ပုံရိုက်ခံရမည့်အချိန်တွင် စိတ်အနှောက်အယှက်ဖြစ်စေမည့် ကိစ္စကို ပြုလုပ်ခဲ့သည်။ ဓာတ်ပုံရိုက်ခံနေစဉ်တွင် ဘာလူစကိုနီ သည် မစ္စတာ အိုဘားမား၊ မစ္စတာ အိုဘားမား ဟု အော်ဟစ်ခဲ့သည်။ ချက်ချင်းပင် ဘုရင်မ ကြီးက လှည့်ကြည့်ပြီး “ ဘာလဲ၊ ဘာဖြစ်လို့သူအဲဒီလို အော်တာလဲ “ ဟု ဝေဖန်ပြစ်တင်ခဲ့သည်။ နောက်နေ့ Kehl တွင်ပြုလုပ်သော NATO အစည်းအဝးပွဲတွင် ဂျာမန် အစိုးရဝန်ကြီးချုပ် Angela Merkel အပါအဝင် အခြား NATO ခေါင်းဆောင်များက Rhine တံတားပေါ်တွင် ဓာတ်ပုံရိုက်ခံရန်စောင့်နေစဉ် ဘာလူစကိုနီ က ဖုန်းပြော နေခဲ့သည်။ ထို့နောက်တွင် ဘာလူစကိုနီ က “ သူသည် Turkish ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးချုပ် Anders Fogh Rasmussen ၏ ဦးဆောင်မှုစွမ်းရည်ကို လက်ခံကြောင်း ပြောနေခြင်းဖြစ်သည် ” ဟု အခိုင်အမာပြောဆိုခဲ့သည်။ ထိုအဖြစ်အပျက်နှင့် ပက်သက်ပြီး အီတလီမီဒီယာများ၏ တုံပြန်မှုကို သူက ” သတင်းထောက်များနှင့် ပက်သက်ပြီး စဉ်းစားရခက်ကြောင်း၊ သူတို့၏ ပြောကြားချက်များသည် သူ့အတွက်အသရေပျက်အောင်ရည်ရွယ်ပြီးပြောဆိုခြင်းဖြစ် ကြောင်း” တုံပြန်ပြောဆိုခဲ့သည်။

၂၀၀၉ L’Aquila ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် Abruzzo ဒေသရှိ အဓိကမြို့ တော်တခုလုံး ဖွတ်ဖွတ်ညက်ညက်ကျေအောင်ပျက်စီးခဲ့ရပြီး လူပေါင်း ၂၉ဝ ကျော်သေဆုံးခဲ့ရသည်။ ဘာလူစကိုနီ မှ n-tv သို့ “ ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ကျန်ခဲ့တဲ့လူတွေကို စနေ၊တနင်္ဂနွေ အားလပ်ရက် အပျော်စခန်းချ ခရီးထွက်သည့် အတွေ ့အကြုံတခုအနေဖြင့် သဘောထားကြည့်ရူသင့်တယ် “ လို့ပြောခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးကောင်စီဝင် Lia Beltrami ကို ငလျင်ဒဏ်ခံလိုက်ရသည့် နေရာသို့ သွားရာလမ်းတွင် ဘာလူစကိုနီ က “ ငါမင်းကို ယုယုယယ ပွတ်သပ်ပေးလို့ရနိုင်မလား “ ဟုမေးခဲ့သည်။ ၂၀၀၉ မေတွင် ရောမ ရှိ တိုက်ရိုက်အသံလွှင့်အစီအစဉ်တွင် သူကသတင်းထောက်များကို “ ဖင်လန် နိုင်ငံတွင် ရှိနေစဉ် ထိုနိုင်ငံ၏ ကျေးလက်ဒေသရှိ နှစ်ပေါင်း ၂၀ဝ ခန့်ကြာပြီဖြစ်သည့် ဘုရားရှိခိုးကျောင်းကို ကြည့်ရူရန်အတွက် ၃ နာရီခန့်ခရီးသွားခဲ့ရကြောင်း” ပြောကြားခဲ့သည်။

ထိုသစ်သားဖြင့်ဆောက်လုပ်ထားသော ဘုရားရှိခိုးကျောင်းသည် အီတလီတွင် ရှိနေလျှင် ဖျက်ဆီးခံရမည် ဟု သူ၏ အမြင်ကို ပြောပြခဲ့သည်။ မစ္စတာ ဘာလူစကိုနီ သည် ၁၉၉၉ ခုနှစ်တွင် Finland နိုင်ငံသို့တရားဝင်ကြေညာခြင်းမရှိပဲ သွားရောက်လည်ပတ်ခဲ့ပြီး Finland နိုင်ငံရှိ မည်သည့် ဘုရားရှိခိုးကျောင်းကိုမှ သွားရောက်ကြည့်ရူခဲ့ခြင်းမရှိခဲ့ပေ။ သူသည် Iceland ကိုသာ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁ဝ အောက်တိုဘာတွင် အီတလီဘာသာစကားဖြင့် အလေးနက်ဆုံးကျိန်စာတခုဖြစ်သည့် offensive and deplorable jokes ကို ရိုက်ကူးခဲ့ပြီး နောက်တွင် ဗာတီကန် သတင်းစာ L’Osservatore Romano မှ ဝေဖန်ပြစ်တင်ခြင်းခံရသည်။

သူသည် ဂျူးလူမျိုးများအားဆန့်ကျင်သည့် ပျက်လုံးတခုကို အရင်ရက်အနည်းငယ်အတွင်းမှာ ပြုလုပ်ခဲ့သည့် အကြောင်းလဲ ပေါ်ထွက်လာခဲ့သည်။ Mr.ဘာလူစကိုနီ က ထိုစွပ်စွဲချက်များကို ယခုလို ဟာသပြောခြင်းဖြင့် ပြန်လည်တုံ ပြန်ခဲ့သည်။ “ပြစ်မှုတခုလဲမဟုတ်ဘူး အပြစ်တခုလဲမဟုတ်ဘူး။ ရယ်စရာတခုပဲ။”

၂၀၁ဝ နိုဝင်ဘာ ၁ နေ့တွင် လူငယ်ပြည့်တန်ဆာများအမှုတွင် ပါဝင်သည်ဟု နောက်တကြိမ် ထပ်မံစွပ်စွဲခံ ရပြီးနောက်တွင် Fiera di Milano ပရိသတ်များသို့ ကြေညာခဲ့သည်။ “ သတင်းစာကို နောက်ထပ်ဘယ်တော့မှ မဖတ်နဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းစာတွေက အလိမ်တွေပဲ။ (..) ငါကတနေ့လုံးအလုပ်တွေကို ကြိုးစားပြီးလုပ်တဲ့လူတယောက်ဖြစ်တယ်။ တခါတလေ ကြည့်လို့ ကောင်းတဲ့မိန်းကလေးတယောက်ကို ကြည့်လိုက် မိတာဟာ လိင်တူချင်းထက်တော့ ပိုပြီးနှစ်သက်စရာကောင်းတယ်။” ထိုကြေညာချက်သည် ချက်ချင်းပင် အီတလီနိုင်ငံ၏ အဓိက လိင်တူဆက်ဆံသူများအတွက် အခွင့်အရေးတောင်းဆိုသည့် အဖွဲ့အစည်းမှ ဝေဖန် ပြစ်တင်ခံရသည်။ အမျိုးသမီးများနှင့် လိင်တူဆက်ဆံသူများကိုယ်စား၊ ထိုအဖွဲ့အစည်း၏ ကိုယ်စား ဥက္ကဋ္ဌ ပါလို ပတ်တိန်း မှ “အစိုးရအဖွဲ့ခေါင်းဆောင်တယောက်အနေနှင့် လူမျိုးကြီးဝါဒနှင့် အောက်တန်းကျသည့် အပြုအမှုတွေကို အားပေးအားမြှောက်ပြုလုပ်ခဲ့တဲ့အတွက် ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး ..” လို့ပြောကြားခဲ့ပြီး ဘာလူစကိုနီ အားဝန်ချတောင်းပန်ရန် မေတ္တာရပ်ခံခဲ့သည်။

နိုင်ငံရေးသမားများက ပါလိုပတ်တိန်း ၏ ပြောကြားချက်ကဲ့သို့ပြောကြားချက်များနှင့်အတူ “လိင်ကိစ္စအလွန်အကျွံ ဝါသနာပါတဲ့အကြံသမား ဘာလူစကိုနီ လို လူမျိုးဖြစ်ရတာထက် လိင်တူဆက်ဆံသူဖြစ်ရတာ ပိုကောင်းတယ်” ဟူသော ဝေဖန်ချက်များကို ထုတ်ပြန်ခဲ့သည်။ Agedo အဖွဲ့ ဥက္ကဋ္ဌ ဖလာဗီယာ မန်ဒက်စ်ချီ က ဘာလူစကိုနီ လို လူမျိုးဖြစ်ရတာထက် မိန်းမလျာ ဖြစ်ရတာ ပိုကောင်းတယ် လို့မှတ်ချက်ပေးခဲ့တယ်။ အခွင့်အရေးလှုပ်ရှားသူများက Palazzo Chigi အပြင်ဘက်တွင် လိင်တူကြောက်စိတ် လွန်ကဲမှုကို ဆန့်ကျင်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။

ဘုရားရှိခိုးကျောင်းမှ တိုက်ခိုက်မှု[ပြင်ဆင်ရန်]

၂၀၀၉ ဒီဇင်ဘာ ၁၃ တွင် ဘာလူစကိုနီ သည် Milan's Piazza Duomo ရှိ ဘာသာရေး အားသစ်လောင်းပွဲအပြီးတွင် Milan ဘုရားရှိခိုးကျောင်းရှိ စကျင်ကျောက် ရုပ်တုနှင့် မျက်နှာကို အရိုက်ခံခဲ့ရဖူးသည်။ ဘာလူစကိုနီ က ပြည်သူလူထုအား တရင်းတနှီး လက်ဆွဲနှုတ်ဆက်နေချိန်တွင် လူအုပ်ထဲမှ တစ်ယောက်က ရှေ့တိုးလာပြီး သူ့အား ရိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုအား ဖမ်းယူရိုက်ကူးထားပြီး ချက်ချင်းပင် ကျူးလွန်သူအားဖမ်းဆီးခဲ့သည်။ ၎င်းမှာ Milan မြို့စွန်တွင်နေထိုင်သော အသက် ၄၂ နှစ် အရွယ် Massimo Tartaglia ဟု အမည်ရှိ အင်ဂျင်နီယာ တစ်ယောက်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရောဂါမှတ်တမ်းရှိသော်လည်း ရာဇဝတ်မှုကျူးလွန်ဖူးသော မှတ်တမ်းတော့ မရှိပေ။

အီတလီ သတင်းစာ ကိုယ်စားလှယ် ANSA မှ Tartaglia သည် ယင်းတိုက်ခိုက်မှုအတွက် တောင်းပန်ခဲ့ကြောင်း၊ စာထဲတွင် “ကျွန်တော်ဟာ ကိုယ့်ကို ကိုယ်တောင် မမှတ်မိခဲ့ဘူး” ဟုရေးခဲ့ပြီး၊ တစ်ယောက်ထဲပဲ ကျူးလွန်ခဲ့တာ ဖြစ်ပြီး အခြားမည်သည့် နိုင်ငံရေး အသင်းအဖွဲ့များ နှင့် တင်းမာသော နိုင်ငံရေး အုပ်စုများ မပါဝင်ခဲ့ကြောင်း ထပ်ဖြည့်ပြောထားခဲ့သည်။ ဘာလူစကိုနီ သည် မျက်နှာထိခိုက်ဒဏ်ရာများ ခံစားလိုက်ရသည်။ နှစ်ခေါင်းရိုးကျိုးပြီး သွားနှစ်ချောင်းလည်း ကျိုးသွားခဲ့သည်။ ချက်ချင်းပင် ဆေးရုံတင်လိုက်ရသည်။ အီတလီ သမ္မတ Giorgio Napolitano နှင့် အားလုံးသော ပါတီများမှ နိုင်ငံရေးသမားများ ဝိုင်းပြီး ယင်းတိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်ကြသည်။

ဒီဇင်ဘာ ၁၅၊ ၁၆ ရက်နေ့ ညများတွင် ၂၆ နှစ် အရွယ် လူတစ်ယောက်အား ရဲများနှင့် ဘာလူစကိုနီ ၏ သက်တော်စောင့်များက ၎င်း၏ ဆေးရုံ အခန်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားနေသည်ကို တားဆီးခဲ့ကြသည်။ ၎င်းအား ရှာဖွေကြည့်ရာ မည်သည့် လက်နက်မျှ ကိုင်ဆောင်မထားသော်လည်း သူ၏ကားထဲတွင်မူ ဟော်ကီ ရိုက်တံ ၃ ချောင်းနှင့် ဓားနှစ်ချောင်း ကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ရောဂါရှိပြီး စိတ်ရောဂါကုဆေးရုံတွင် ဆေးကုသမှု မဖြစ်မနေ ခံယူရမည့်သူ ဖြစ်သည် ဟု သိရသည်။ ဘာလူစကိုနီ သည် ၂၀၀၉ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဆေးရုံမှ ဆင်းခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]