ဆန္ဒခံယူခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆန္ဒခံယူခြင်း ( မဲပေးဆုံးဖြတ်ခြင်း သို့မဟုတ် မဲဖြင့်မေးမြန်းခြင်း ) သည် တိုက်ရိုက် မဲပေးခြင်းဖြစ်ပြီး၊ ထိုအထဲတွင် မဲဆန္ဒရှင် အားလုံးအား သီးသန့်အဆိုပြုချက်တစ်ခု ကို လက်ခံမည် သို့မဟုတ် ပယ်ချမည်ကို မေးမြန်းခြင်းဖြစ်သည်။ ဤကိစ္စရပ်သည် ဖွဲ့စည်းပုံ အသစ် တစ်ခု၊ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ခြင်းတစ်ခု၊ ဥပဒေတစ်ခု၊ ရွေးချယ်ပြီးသော တရားဝင် သို့မဟုတ် ရိုးရိုးသီးခြားအစိုးရပေါ်လစီတစ်ခုကို ပြန်လည်ရုပ်သိမ်းခြင်း တို့ နှင့်ဆိုင်သော အများသဘောတူလက်ခံမှုတွင် ရလာဒ်အဖြစ် ဖြစ်ပေါ်စေသည်။ ဤအကြောင်းအရာသည် တိုက်ရိုက်ဒီမိုကရေစီ၏ပုံစံတစ်ခုဖြစ်သည်။ မဲပေးမှုတစ်ခုဖြစ်စေရသည့် ဥပဒေကြမ်းကို အမေရိကန် နိုင်ငံတွင် မဲအဆိုပြုသတ်မှတ်ချက် သို့မဟုတ် ဥပဒေကြမ်း ဟုသိရှိနားလည်ထားသည်။

လုပ်ထုံးလုပ်နည်း နှင့် အဆင့်အတန်း[ပြင်​ဆင်​ရန်​]

လိုအပ်ချက်အရ ပထမဆုံးအမျိုးအစားခွဲခြားမှုတစ်ခုတွင် ဆန္ဒခံယူခြင်းသည် လုပ်ပိုင်ခွင့်ပေးအပ်ခြင်း ဖြစ်နိုင် ပြီး၊ ဆိုလိုသည်မှာ ဥပဒေ (များသောအားဖြင့် အခြေခံဥပဒေ) သည် အာဏာပိုင်များကို သီးသန့်ကိစ္စရပ်များအပေါ် (အခြေခံဥပဒေများပြင်ဆင်ရသည့်ကိစ္စ သို့မဟုတ် နိုင်ငံတော်ခေါင်းဆောင်များကို တရားစွဲဆိုခြင်း၊ ထိုနည်းတူစွာ နိုင်ငံတကာစာချုပ်များကို အတည်ပြုခြင်း) စသည့်ကိစ္စရပ်များအတွက် ဆန္ဒခံယူပွဲများ ကျင်းပပေးရန် ညွှန်ကြားခြင်းဖြစ်သည်။ ဆန္ဒခံယူခြင်းများသည် ပုံမှန်အားဖြင့် အမိန့်ချ မှတ်ခြင်းဖြစ်သည်။

ဆန္ဒခံယူခြင်းတစ်ခုသည် လုပ်ပိုင်ခွင့်တစ်ခုလည်းဖြစ်နိုင်ပြီး၊ ဆိုလိုသည်မှာ ဆန္ဒခံယူခြင်းကို အများနှင့်ဆိုင်သော လုပ်ပိုင်ခွင့်အာဏာတစ်ခု၏ဆန္ဒ (ပြင်သစ်နှင့် ရိုမေးနီးယားတွင် နိုင်ငံ၏သမ္မတ သို့မဟုတ် ဂရိနှင့်စပိန်တွင် အစိုးရ / ပါလီမန် ) သို့မဟုတ် နိုင်ငံသားများ၏ဆန္ဒ (မေတ္တာရပ်ခံချက်တစ်ခု) မှစတင်နိုင်သည်။ ဤကိစ္စသည် အမိန့်ချမှတ်ခြင်း သို့မဟုတ် အမိန့်မချမှတ်ခြင်း ဖြစ် နိုင်သည်။အခြေခံအုတ်မြစ်ဖြစ်သော ဆန္ဒခံယူပွဲ သို့မဟုတ် မဲပေးဆုံးဖြတ်ခြင်းတစ်ခုကို မဲပေးသူများထံမပေးအပ်မှီ အခြေခံဥပဒေပြုလွှတ်တော်တစ်ခုမှ မူကြမ်းရေးဆွဲရမည်။ အခြားသောကိစ္စရပ်များတွင် ဆန္ဒခံယူပွဲတစ်ခုသည် ထုံးစံအားဖြင့် ဥပဒေပြုအဖွဲ့မှ သို့မဟုတ် နိုင်ငံသားများ၏မေတ္တာရပ်ခံချက်မှ စတင်နိုင်သည်။

ဆန္ဒခံယူပွဲ၏အကျိုးသက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

မေတ္တာရပ်ခံချက်ဖြင့် စတင်ခဲ့သည့် ဆန္ဒခံယူပွဲ၏လုပ်ငန်းစဉ်ကို လူအများအကြိုက် သို့မဟုတ် နိုင်ငံသားများ မှ စတင်ဆောင်ရွက်နိုင်မှု ဟုသိရှိထားကြသည်။ အမေရိကန်နိုင်ငံတွင် ဆန္ဒခံယူပွဲ အခေါ်အဝေါ်ကို ရံဖန်ရံခါ ဥပဒေပြုအဖွဲ့မှစတင်ခဲ့သည့် တိုက် ရိုက်မဲပေးမှုတစ်ခုအတွက် အရန်ထားရှိပြီး၊ နိုင်ငံ သားများ၏ မေတ္တာရပ်ခံတောင်းဆိုမှုတစ်ခုမှ စတင်ဖြစ်လာသည့် မဲပေးမှုတစ်ခုကို “စတင်ဆောင်ရွက်နိုင်မှု” ၊ “ မဲဥပဒေကြမ်း” သို့မဟုတ် “အဆိုပြုသတ်မှတ်ချက်” အဖြစ် ရည်ညွှန်း ပြောဆိုသည်။

ပါလီမန်မှစတင်ပေးရသော ဆန္ဒခံယူပွဲရှိသည့်နိုင်ငံများတွင် ပါလီမန်သည် အခြေခံဥပဒေပြင်ဆင်ခြင်းများ ကဲ့သို့ အချို့သောအဆိုပြုချက်များအပေါ်အမိန့် ချမှတ်သည့် ဆန္ဒခံယူပွဲတစ်ခုကို ကျင်းပရန် တစ်ခါတစ်ရံ လုပ်ပိုင်ခွင့်ပေးတတ်သည်။ အင်္ဂလန်ကဲ့သို့သောနိုင်ငံများတွင် ဆန္ဒခံယူပွဲများသည် လုပ်ပိုင်ခွင့်ရော အမိန့် ချမှတ်ခြင်းပါ နှစ်ခုစလုံး မဟုတ်ဘဲ၊ ထိုနိုင်ငံများတွင် စာဖြင့်မရေးထားသည့် ဓလေ့ထုံးတမ်းတစ်ခုရှိနေပြီး အချို့သော အရေးကြီးသည့် အခြေခံဥပဒေပြောင်းလဲရေးများကို ဆန္ဒခံယူပွဲတစ်ခုသို့ရောက်စေ၍ ထိုမှထွက် ရှိလာသည့်ရလာဒ်ကို လေးစားလိုက်နာရမည်ဖြစ်သည်။

ယင်းတို့၏ အကျိုးသက်ရောက်မှုသဘာဝအရ ဆန္ဒခံယူပွဲများသည် အမိန့်ချမှတ်ခြင်း သို့မဟုတ် အမိန့်မချမှတ်ခြင်း ဖြစ်သည်။ အမိန့်မချမှတ်သောဆန္ဒခံယူပွဲသည် အတိုင်ပင်ခံခြင်း သို့မဟုတ် အကြံပေးခြင်း မျှသာဖြစ်သည်။ အမိန့်မချမှတ်သည့်ဆန္ဒခံယူပွဲ၏ရလာဒ်များကို ဖေါ်ဆောင်ရန် အစိုးရ သို့မဟုတ် ဥပဒေပြုအဖွဲ့သို့ ချန်ထားပေးခဲ့ပြီး၊ မဲပေးခဲ့သူများအား ဆောင်ရွက်မှုကို အသိမပေးဘဲ ဆုံးဖြတ်နိုင်သည်။ ဤလုပ်ရပ်သည် အထူးသဖြင့် ပါလီမန် အချုပ်အချာအာဏာပိုင်ဆိုင်မှု၏ ဝက်မင်စတာ သဘောတူချက်များ ကို လိုက်နာသည့် နိုင်ငံများ၏ ကိစ္စတစ်ရပ်ဖြစ်သည်။ ဥပမာ နယူးဇီလန်နိုင်ငံတွင် နိုင်ငံသား-စတင်သည့်ဆန္ဒခံယူပွဲ (CIR) မေးမြန်းမှုများသည် ရည်ရွယ်ချက်၏ ရှင်းလင်းသောထုတ်ပြန်ချက်များ ဖြစ်ပြီး၊ တိကျသည့်ဥပဒေများ မဟုတ်ပါ။

နိုင်ငံသားအစပြုဆန္ဒခံယူပွဲ[ပြင်​ဆင်​ရန်​]

ဆန္ဒခံယူပွဲမဲပေးခဲ့မှုနောက်မှလိုက်၍ ပါလီမန်ကိုယ်တိုင်သည် မူကြမ်းရေးဆွဲခြင်း၊ အချေအတင်ပြောဆိုခြင်း နှင့် ရွေးချယ်စရာများ များနေလျှင် ဖြစ်နိုင်သည့်ဥပဒေပြဌာန်းမှုကို ခွင့်ပြု ပေးခြင်း များ လုပ်ဆောင်ရန် အပြည့်အဝ အာဏာရှိသည်။ ထို့အပြင် နယူးဇီလန်အစိုးရများသည် နိုင်ငံသား အစပြုဆန္ဒခံယူပွဲ ဖေါ်ဆောင်ခဲ့သည့် ၁၉၉၃ နှစ်မှစ၍ မဲပေးခြင်းဖြင့်အနိုင်ရခဲ့သည့် အဆိုပြုချက်သုံးခုထဲ မှ နှစ်ခု ကို လုံးဝလျှစ်လျှုရှု ထားရန် ရွေးထုတ်ထားခဲ့သည်။ အဆိုပြုချက်အစီအ စဉ်များထဲမှ တတိယမြောကဖြစ်သည့် ရာဇဝတ်မှုတရားဥပဒေ ကျင့်ထုံးအကြောင်း အဆိုပြုချက်ကို အချို့သော အသေးအမွှား ပြင်ဆင်ခြင်း တစ်ခုတည်းသာ မဆိုင်းမတွ ဆောင်ရွက်ခဲ့သည်။

ထိုအဆိုပြုချက်ထဲမှ အများဆုံး လစ်လျှူရှု ခဲ့သည်။ မတ်ကွပ်ထရပ် (Matt Qvortrup) မှသူ၏စာအုပ်တစ်အုပ်ဖြစ်သည့် “ နိုင်ငံရေး ကို ထောက်ပံ့သည့်ဘက်” (Centre for Policy Studies 2007) တွင် ထောက်ပြထားသည်မှာ ဤဖြစ်ရပ်သည် နယူးဇီလန်၏နည်းကို အသုံးမပြု ခြင်း သို့ ရောက်ရှိစေ သည်။ ၂၀ဝ၇ တွင် မေတ္တာရပ်ခံချက်သုံးခု တင် နေစဉ်တွင် ၊ ၂၀ဝ၄ နှင့် ၂၀ဝ၅ တွင် တစ်ခုတည်းသာလုပ်ပေးခဲ့ပြီး၊ ၂၀ဝ၆ နှင့် ၂၀ဝ၈ ရောက်လာသည်အထိ တစ်ခုမှလုပ်ပေးခဲ့ခြင်းမရှိပါ။ ၎င်းတို့ထဲမှ တစ်ခုတည်း သာ မဲပေးပွဲတွန်းအားပေးရန် လိုအပ်သည့်လက်မှတ်ခန့်မှန်းချက် ရရှိခဲ့ပြီး၊ မဲများထဲမှအပြတ်အသတ်အနိုင်ရရှိမှု ( ၈၇ ရာခိုင်နှုန်း ဆန့်ကျင်) ကို အစိုးရမှ အကြီးအကျယ် လစ်လျှူရှု ခဲ့သည်။ သို့သော်လည်း နယူးဇီလန်ရွေးကောက်ပွဲလေ့လာချက်အရ ရ၇ ရာခိုင်နှုန်း သောမဲပေးသူများ ယုံကြည်ကြသည်မှာ နိုင်ငံသားအစပြုဆန္ဒခံယူပွဲသည် နိုင်ငံရေးသမားများကို ပို၍တာဝန်ရှိစေသည် ဟုဖြစ်သည်။ နိုင်ငံရေးသမားများအပေါ်ယုံကြည်မှုသည် နိုင်ငံသားအစပြုဆန္ဒခံယူပွဲ စတင်ဝင်ရောက်လာသည်မှစ၍ ၂၀ ရာခိုင်နှုန်း နီးပါးသာ တိုးတက်လာခဲ့သည် ဆိုရသော်လည်း၊ တစ်ချိန်တည်းတွင်ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲစံနစ် ပြောင်းလဲသွားမှုကို ပို၍ ကျိုးကြောင်းဆီလျှော်စွာလုပ်ခဲ့သည်ဟု မှတ်ယူနိုင်သည်။

ဆန္ဒခံယူပွဲများ အများစုတွင် စည်းမျဉ်းစည်းကမ်းအတိုင်းဆက်လက်လုပ်ဆောင်ပြီး၊ မဲပေးသူအများစု အရေအတွက်တစ်ခုတည်းဖြင့် သက်သေပြနိုင်ခြင်းသည် လုံလောက်သည့်ပမာဏဖြစ်သည်။ သို့ရာတွင် ဆန္ဒခံယူပွဲ တစ်ခုသည် အများစုထောက်ခံမှုဖြစ်သည့် မဲသုံးပုံနှစ်ပုံ ရ ရှိရန်လည်းလိုအပ်သည်။ လစ်သူအားနီးယားတွင် အချို့သောအဆိုပြုချက်များသည် လေးပုံသုံးပုံ ရ ရှိရန်လိုအပ်သည် (ထိုအထဲတွင် လစ်သူအားနီးယား အခြေခံဥပဒေအပိုဒ်၁၄၈ ကိုပြင်ဆင်ရန် မည်သည့်အဆိုပြုချက်မဆို ၊ အပိုဒ် ၁၄၈ တွင်ဖေါ်ပြထားသည်မှာ “လစ်သူအားနီးယားသည် လွတ်လပ်ပြီး ဒီမိုကရက်တစ် သမ္မတနိုင်ငံဖြစ်သည်”) ။

အီတလီနိုင်ငံအပါအဝင် အချို့သောနိုင်ငံများတွင် စည်းကမ်းချက်များအရ ဆန္ဒခံယူပွဲ၏ရလာဒ်ကို ခိုင်မာသည် ဟုစဉ်းစားသုံးသပ်ရန်အတွက် မဲအားလုံးမှမဲပေးသူအရေအတွက် အနည်းဆုံးသတ်မှတ်ချက်ဖြစ်နေရမည့် လိုအပ်ချက်လည်းရှိပြီး၊ ရလာဒ်သည် မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြု၍ ကော်မတီ သို့မဟုတ် ဥပဒေပြုအဖွဲ့မှလိုအပ်သည့် အထမြောက်ရန် အနည်းဆုံးရှိရမည့် အရေအတွက်လည်းဖြစ်သည်။ ဆန္ဒခံယူပွဲတစ်ခုတွင် မဲပေးပိုင်ခွင့်သည် ရွေးကောက်ပွဲအတွက် လိုအပ်သလိုမျိုး မဟုတ်ပါ။ ဥပမာ၊ အိုင်ရာလန်တွင် နိုင်ငံသားများသာ အခြေခံဥပဒေဆန္ဒခံယူပွဲတစ်ခုတွင် မဲပေးသည်။ အင်္ဂလန်နိုင်ငံတွင် နိုင်ငံသားများသည် အထွေထွေရွေးကောက်ပွဲများတွင်လည်း မဲပေးနိုင်ခွင့်ရှိသည်။

ဝေဖန်ချက်များ[ပြင်​ဆင်​ရန်​]

တိုက်ရိုက်ဒီမိုကရေစီကြိုက်နှစ်သက်သည့် နိုင်ငံအချို့တွင် ဆန္ဒခံယူပွဲရှိနေမည်ဖြစ်ပြီး၊ ဆန္ဒခံယူပွဲသည် အစိုးရ၏ဩဇာပေးသည့်အဖွဲ့ ဖြစ်လာသည်ဆိုသော်လည်း၊ လက်တွေ့တွင် နှင့် စည်းကမ်းပိုင်းတွင်၊ အလး စုံသောကိစ္စများအားလုံးနီးပါးတွင်၊ ဆန္ဒခံယူပွဲသည် ဒီမိုကရေစီကိုယ်စားပြုစံနစ်သို့ ပြီးပြည့်စုံ သည်အဖြစ် ရပ်တည်နေသည်။ ထိုအထဲတွင် အဓိကဆုံးဖြတ်ချက်များကို ရွေးချယ် ထားသည့် ဥပဒေပြုအဖွဲ့မှ ဆောင်ရွက်ရသည်။ ရံဖန်ရံခါ ကိုးကားတတ်သည့် ခြွင်းချက်တစ်ခုမှာ ဂါလာရပ်စ်၏ဆွစ်တိုင်းခွဲပြည်နယ်ခွဲ ဖြစ်ပြီး၊ ထိုနိုင်ငံတွင် လူထုနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအပေါ် ဆုံးဖြတ်ရန် ရွာ၏မြက်ခင်းပြင်ပေါ်တွင် စည်းဝေးပွဲများကို ကျင်းပသည်။ သူတို့ကျင့်သုံးနေသည့် တရားစီရင်ခြင်းများအများစုတွင် ဆန္ဒခံယူပွဲများသည် ရှားပါးသည့်ဖြစ်ရပ်များ ဖြစ်ပြီး၊ အရေးကြီးထုတ်ပြန်ချက်များအတွက် ဆန္ဒခံယူခြင်းကို တားမြစ် ထားသည်။

ဆန္ဒခံယူခြင်းကိုရှေ့နေလိုက်သူများ ထောက်ပြထားသည်မှာ သေချာသည့်ဆုံးဖြတ်ချက်များသည် ကိုယ်စားလှယ်များလက်မှ အကောင်းဆုံးရယူခြင်းဖြစ်ပြီး၊ လူထုမှတိုက် ရိုက် ဆုံးဖြတ်ခြင်းဖြစ် သည်။ တချို့သည် ဒီမိုကရေစီ၏တိကျခိုင်မာသည့် အဓိပ္ပါယ်ကိုချမှတ်ပြီး၊ ပြောဆိုသည်မှာ ရွေးချယ်ထားသောပါလီမန်များသည် ကြီးကျယ်ပြီးခေတ်မှီနိုင်ငံကြီးဖြစ်စေမည့် အုပ်ချုပ်မှုများကို လုပ်ဆောင်ရန် လိုအပ်သည့် အဆုံးစွန်ရရှိမည့် နည်းလမ်းများချမှတ် ပေးသည်ဟုဆိုသော်လည်း တိုကရိုက်ဒီမိုကရေစီသည် နှစ်သက်စရာဖြစ်၍ ဆန္ဒခံယူပွဲသည် ပါလီမန်ဆုံးဖြတ်ချက်များထက် ဦးစားပေး အခွင့်အရေးရှိသည်။

အခြားသော ရှေ့နေများ အခိုင်အမာ ပြောဆိုသည်မှာ အများကြိုက်အချုပ်အချာအာဏာ၏စည်းမျဉ်းသည် အခြေခံမေးခွန်းများဖြစ်ကြသော အခြေခံဥပဒေချမှတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊ အစိုးရအဖွဲ့နှုတ်ထွက်ခြင်း သို့မဟုတ် နိုင်ငံတော်နယ်နမိတ်များပြောင်းလဲခြင်း များကို လူထုမှတိုက်ရိုက် ဖေါ်ပြသည့် လိုလိုလားလား သဘောတူညီချက်နှင့်အတူ ဆုံးဖြတ်ရမည်။ ကိုယ်စားပြု ဒီမိုကရေစီ၏ရှေ့နေများ ပြောသည်မှာ ဆန္ဒခံယူပွဲများကို ခက်ခဲသည့်ဆုံးဖြတ်ချက်များ သို့မဟုတ် အငြင်းပွားမည့်ဆုံးဖြတ်ချက်များ ချမှတ်ရမည်ကို ရှောင်လွှဲရန် နိုင်ငံရေးသမားများ ကအသုံးချ နေ သည်။

ပြည်သူ့နိုင်ငံရေးသမားရှုဒေါင့်မှဝေဖန်ခြင်း[ပြင်​ဆင်​ရန်​]

ဆန္ဒခံယူပွဲဝေဖန်သူများ ထောက်ပြပြောဆိုသည်မှာ ဆန္ဒခံယူပွဲတစ်ခုတွင် မဲပေးသူများသည် သေချာစွာသတိပြု စဉ်းစားမဲထဲ့ရခြင်းထက် တက်သုတ်ရိုက်စိတ်ကူးဖြင့် မဲထဲ့လိုက်ရခြင်းက ပို၍ဖြစ်နိုင်သည် သို့မဟုတ် ၎င်းတို့ကို ရှုပ်ထွေးသော သို့မဟုတ် နည်းပညာဆန်သော ထုတ်ပြန်မှုများအပေါ် ဆုံးဖြတ်ချက်ချရန် လုံလောက်စွာအသိပေး အကြောင်းကြားထားခြင်း မရှိပါ။ ထိုနည်းတူစွာ မဲပေးသူများသည် ရုပ်ရည်ရူပကာများကောင်းခြင်း၊ ဝါဒဖြန့်ချီရေး နှင့် ငွေကုန်ကြေးကျခံ ကြော် ငြာစစ်ဆင်ရေးများ တို့ကြောင့် မဲထဲ့ရမည့်လမ်းကြောင်း သွေဖီသွားနိုင်သည်။ ဂျိမ်းစ်မက်ဒီဆန် (James Madison) ညွှန်ပြပြောဆိုသည်မှာ တိုက်ရိုက်ဒီမိုကရေစီသည် “အများစု၏မတရားအုပ်ချုပ်မှု” ဖြစ်သည်။

ဆန္ဒခံယူပွဲကို အချို့သော အတိုက်အခံပြုမှုသည် မူဆိုလီနီ (Benito Mussolini) ကဲ့ကို့သော အာဏာရှင်များက အသုံးချခြင်းမှ ထွက်ပေါ်လာသည်။ ထိုအာဏာရှင်တို့သည် ငြင်းလို့မရသည့် ၊ ဖိနှိပ်မှုပေါ်လစီများကို လူထုကိုယ်စားပြုစံနစ်အဖြစ် အသွင် ပြောင်းရန် ဆန္ဒခံယူပွဲကို အသုံးချခဲ့သည်။ ဟစ်တလာ၏ ဆန္ဒခံယူပွဲ အသုံးချပုံကို ဒုတိယ ကမ္ဘာစစ်မှ စတင်၍ အဘယ့်ကြောင့် ဖက်ဒရယ်ပြည်ထောင်စုအဆင့်တွင် ဆန္ဒခံယူပွဲများကျင်းပရန်အတွက် ဂျာမနီတွင် ဥပဒေအရ ထဲ့သွင်းထားခြင်း မရှိခဲ့ပါသလဲဆိုသည်ကို ဆင်ခြေအဖြစ် ငြင်းဆိုခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]