ဆဒုံး ရေတံခွန်

ဝီကီပီးဒီးယား မှ

ဆဒုံးရေတံခွန် သည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့အနီးတွင် တည်ရှိသည်။ ဆဒုံးရေတံခွန်သည် ကချင်ပြည်နယ်၏ ကိုလိုနီခေတ်က နယ်ချဲ့များကို တော်လှန်ခဲ့သော ဆဒုံးခံတပ်ဟောင်း တည်ရှိခဲ့ရာ ဆဒုံးမြို့နှင့် မိုင်အနည်းငယ်မျှ ကွာဝေးသည့်တွင် တည်ရှိပြီး မြစ်ကြီးနားမှ ဝိုင်းမော်၊ ဝိုင်းမော်မှ ကန်ပိုက်တီ (တရုတ်နယ်စပ်)မြို့သို့ ကုန်သွယ်ကူးသန်းရာ တရုတ်လုပ်သားများ လာရောက် ဖောက်လုပ်ထားသည့် လမ်းမကြီးဘေး၌ တည်ရှိသည်။ ဆဒုံး ရေတံခွန်သည် အဆင့် ခုနှစ်ဆင့်ရှိပြီး အေးမြသော တောင်ကျရေများ ၂၄ နာရီစလုံး စီးဆင်းနေသည်။

ရေတံခွန်အသွင်အပြင်[ပြင်ဆင်ရန်]

တောင်မြင့်ပေါ်မှ သဘာဝအတိုင်းစီးဆင်းလာသော ရေတံခွန်တစ်ခု ဖြစ်သည်။ ရေတံခွန်မှာ မတ်စောက်သော တောင်ပေါ်မှ စီးကျလာပြီး (၈) ဆင့်မျှရှိသည်ဟု ဆိုကြသော်လည်း ရေတံခွန်မှာ မတ်စောက်ခြင်း၊ ကျောက်ဆောင်ပေါ်တွင် တည်ရှိသောကြောင့် အလွတ်တမ်း ဆင်းတက်ရန် အနည်းငယ်ခက်ခဲသည်။ တက်ရောက်သူများလည်း မတော်တဆမှုများရှိခဲ့သောကြောင့် တာဝန်ရှိသူများမှ အသိပေးဆိုင်းဘုတ်များဖြင့် မတက်ကြရန်လည်း သတိပေးထားသည်။ ထိုကြောင့် လာရောက်သူအများစုမှာ အဆင့်(၄)ဆင့်ထိသာ တက်ရောက်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]