ဆင်ဗိုင်အိုစစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆင်ဗိုင်အိုစစ်[ပြင်​ဆင်​ရန်​]

ဆင်ဗိုင်အိုစစ်ဆိုသည်မှာ သက်ရှိသတ္တဝါနှစ်မျိုးတို့ သဟဇာတဖြစ်ကြသော အခြင်းအရာကို ဆိုလိုသည်။ ဤသို့နှစ်ဦး နှစ်ဝ အတူပေါင်းစပ် နေထိုင်ကြသည့် အတွက် တစ်ဦးကြောင့် တစ်ဦးအပေါ်၌ များသောအားဖြင့် နစ်နာမှုမရှိချေ။ တစ်နေ ရာရာတွင် နစ်နာမှုကို အကျိုးရှိစေမှုက ဖြေဖျောက်ပေးလေ သည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး အထောက်အပံ့ပြုသောစနစ်ကို ဆင်ဗိုင်အိုPenisစစ်ဟု ဇီဝဗေဒသဘောဖြင့် ခေါ်ဆိုကြသည်။အပင်တို့တွင် အချင်းချင်း မှီခိုမှုအများအပြား ရှိကြသည်။ သို့သော် အတွေ့အများဆုံးမှာ သစ်ကပ်မှော်ပင်ဖြစ်သည်။ သစ် ကပ်မှော်ပင်သည် ကျောက်တုံး၊ သစ်တုံး၊ သစ်ပင်၊ မြေကြီးတို့ အပေါ်တွင်ပေါက်သည်။ ယင်းသည် အပင်တစ်ပင်တည်း မဟုတ်။

အယ်လဂါရေညှိပင်နှင့် ဖန်းဂပ် ပင်တို့ရော၍ ပေါက်ရောက်နေခြင်းဖြစ်သည်။ သစ်ကပ်မှော်ပင် ကို အလယ်ကပိုင်းဖြတ်ကြည့်ရှုလျှင် ထိုအချက်ကို သိသာနိုင် ပေသည်။

ဖန်းဂပ်ပင်သည်အယ်လဂါရေညှိ ထံမှ အစာကို စုတ်ယူ လျက်နေသော်လည်း ရေညှိ မှာအလွန်နစ်နာခြင်းမရှိ။ အယ်လဂါရေညှိ သည် ဖန်းဂပ်နှင့် တွဲနေခြင်းအားဖြင့် လေထဲမှရေကို ဖန်းဂပ်ထံမှတစ်ဆင့် စုတ်ယူနိုင်သည်။ သို့မဟုတ်ပါက ရေမရ နိုင်ဘဲ သေဖွယ်ရာအကြောင်းရှိသည်။ အယ်လဂါသည် ဖန်းဂပ် အား အစာထောက်ပံ့၍၊ ဖန်းဂပ်က အယ်လဂါအား ရေထောက် ပံ့သည်။ ဤကဲ့သို့ အပြန်အလှန်ထောက်ပံ့မှုဖြင့် သစ်ကပ်မှော် သည် ပူပြင်းခြောက်သွေ့သောဒေသ၌ အသက်ရှင်၍ နေနိုင်ပေသည်။

ပါဏဗေဒနှင့်ဆိုင်သော အပြန်အလှန်ထောက်ပံ့မှု သာဓက ကောင်းတစ်ခုကို ပင်လယ်မှိုကောင်နှင့် ဟားမစ် ကရက်ခေါ် ကနန်းတစ်မျိုးတို့တွင် တွေ့နိုင်သည်။ ထိုတိရစ္ဆာန်နှစ်မျိုးအတူ တကွ ပေါင်းသင်းနေထိုင်ကြခြင်းဖြင့် တစ်ဦးချင်းဘဝ၌ ရှိနေ သော ချို့တဲ့ချက်အချို့ ပျောက်သွားနိုင်သည်။ အဆိုပါကနန်းမျိုး သည် ကနန်းပင်ဖြစ်သော်လည်း အခြားကနန်းမျိုးမှာကဲ့သို့ ကာ ကွယ်ရန် အခွံမာများမရှိချေ။ နူးညံ့သည့်ကိုယ်ထည်သာရှိသည်။ ထိုကြောင့် အဆိုပါကနန်းမျိုး၏ ပထမတာဝန်မှာ ခိုလှုံရန်တစ်ခု ခုကို ရှာဖွေရန်ဖြစ်သည်။ ထိုကြောင့် ယင်းသည် ရေငန်ခရုပက် ကျိကဲ့သို့သော ခရုမျိုးက စွန့်ပစ်ထားသည့် အခွံဆီသို့ ရွှေ့သွား ရပေသည်။ ကနန်း အရွယ်ကြီးလာသည့်အခါတွင် ပို၍ကြီးမား သည့် အခွံရှိရာသို့ ရွှေ့ပြောင်း၍ နေရပြန်သည်။ ထိုနည်းဖြင့် အကာအကွယ်ရနေသောကြောင့် ပို၍စိတ်ချစွာနှင့် တစ်နေရာမှ တစ်နေရာသို့ ရွေ့သွားနေနိုင်ပေသည်။ထိုသို့သွားနေစဉ် တစ်နေ့နေ့၌ ကျောက်ဆောင်တစ်ခုတွင် တွယ်ကပ်နေသော ပင်လယ်မှိုကောင်၏အနီးသို့ ချဉ်းကပ်တွယ် သွားမိတတ်ပေသည်။ ထိုအခါ ပင်လယ်မှိုကောင်က သူ၏ လက်သည်းဖြင့် အဆိုပါကနန်း၏ အခွံငှါးပေါ်တွင် တွယ်ကပ် လိုက်လေသည်။ ထိုအချိန်မှစ၍ ပင်လယ်မှိုကောင်သည် နေသား တကျနေထိုင်ရပြီး လျှင် ကနန်းလှည့်လည်သွားလာရာတွင် ပါသွားလေသည်။ ပင်လယ်မှိုကောင်တွင် အဆိပ်ပါသော ဦးမှင် များရှိနေသဖြင့် သူမှီခိုနေထိုင်သည့် ကနန်း၏ အနီးသို့ချဉ်းကပ် လာသည့် တိရစ္ဆာန်များအား အဆိပ်ဦးမှင်များနှင့် တုပ်သည်။ ထိုသို့ ကနန်းအား အကာအကွယ်ပေးသောကြောင့် ယင်းကို ကနန်းက တစ်နေရာမှတစ်နေရာသို့ အစာရရရန်အတွက် လှည့် လည်ပို့ပေးသည်။ ပင်လယ်မှိုကောင်သည် တွေ့ရာတိရစ္ဆာန်ငယ် ကလေးများကိုသာ ဖမ်းယူစားသောက်နိုင်ပေသည်။ အလွန်ထူးခြားသည် အပြန်အလှန် ထောက်ပံ့မှု တစ်မျိုးကို ပရွက်ဆိတ်နှင့် ပျကောင်တို့တွင် တွေ့ရပေသေးသည်။ ပျကောင် သည် သူတို့၏ နှုတ်သီးဖြင့် အရွက်နုကလေးများထဲမှ အရည် ကို စုတ်ယူစားသောက်သည်။ ထိုပျကောင်၏ ကျောကို ပရွက် ဆိတ်က သူ၏ဦးမှင်များနှင့် ပွတ်သပ်ပေးသည်။ ထိုအခါ ပျကောင်မှ အရည်ချိုထွက်လာသည်။ ထိုအရည်ချိုသည် ပရွက် ဆိပ်အတွက် ကောင်းမွန်သော အစာအာဟာရဖြစ်ပေသည်။

ပရွက်ဆိတ်သည် ပျထံမှအရည်ချိုရရှိ၍ အပြန်အလှန် သဘောဖြင့် ပျကောင်ကို အကျိုးပြုလေသည်။ ပမာအားဖြင့် ပျကောင်ကို ရန်သူက တိုက်ခိုက်လာလျှင် ပရွက်ဆိတ်သည် ပျကောင်ထံသို့ ပြေးသွားပြီးလျှင် ထိုရန်သူ၏ ဘေးမှကာကွယ် ပေးသည်။ ပျသည် အစာနည်းသော အပင်များတွင် စားသောက် နေလျှင် ပရွက်ဆိတ်က အစာပေါများသောအပင်သို့ပို့ပေးသည်။ အပင်မှ အရွက်များကြွေချိန်တွင် ပရွက်ဆိတ်သည် ပျဥများကို သူတို့၏ အသိုက်သို့ ယူဆောင်လာ၍ ဆောင်းဥတုတစ်ခုလုံး အတွင်းတွင် စောင့်ရှောက်ပေးသည်။ နွေဦးသို့ရောက်လာသော အခါတွင် ပျကောင်ကို အစာပေါများရာ အပင်ဆီသို့ပို့ပေး သည်။ ထိုသို့အားဖြင့် ပရွက်ဆိတ်အဖို့ အာဟာရဖြစ်စေသော အရည်ချိုကို ရရှိနိုင်ပေမည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)