ဆက်စကက်ချီဝမ်နယ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆက်စကက်ချီဝမ်သည် ကနေဒါနိုင်ငံတွင်ပါဝင်သော နယ်တစ်နယ်ဖြစ်၍ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၂၂၇၁၀၀ ရှိလေသည်၊ နယ်နိမိတ်မှာ အရှေ့ဘက်တွင် မနီတိုးဗားနယ်၊ အနောက်ဘက်တွင် အယ်လဗားတားနယ်၊ မြောက်ဘက်တွင် မက္ကင်ဇီနယ်နှင့် တောင်ဘက်တွင် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။ ပင်လယ်ရေပြင်မှ ပေပေါင်း ၁၅ဝဝကျော် ခန့်မြင့်၍၊ သမပိုင်း ပရေရီလွင်ပြင်များဖြင့် ပြည့်နှက်နေလေသည်။ ရာသီဥတုမှာ နွေရာသီ၌နေ့အချိန်တွင်ပူသော်လည်း၊ ညဖက်တွင် အနည်းငယ်အေး၏။ ဆောင်းရာသီတွင်ကား၊ အလွန်အကျူးချမ်းအေးလှ၏။ ရာသီဥတုမှာ ကုန်းခေါင်ဒေသ ရာသီဥတုမျိုးဖြစ်ရာ၊ နွေရာသီ၌ မိုးအနည်းငယ်ရွာပြီးလျှင် ဆောင်းရာသီ၌ ဆီးနှင်းအသင့်အတင့်ကျသည်။ ဤရာသီဥတုမျိုးမှာ လယ်ယာလုပ်ကိုင်ရန်နှင့် ဂျုံစသော ကောက်ပင်သီးနှံ တို့ကို စုဆောင်သိုးမှီးထားရန် အကောင်းဆုံးဖြစ်၏။ ၁၉၅၁ ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၈၃၁၇၂၈ ယောက်ရှိသည်။

ဆက်ကက်ချီဝမ်မြစ်ကို အစွဲပြု၍ ဆက်စကက်ချီဝမ်နယ်ဟု အမည်ပေးထားခြင်းဖြစ်၏။ ထိုနာမည်၏ အဓိပ္ပါယ်မှာ ရေစီး သန်သော မြစ်ဖြစ်သည်။ ထိုမြစ်ကို မြောက်ဆက်စကက်ချီဝမ် နှင့် တောင်ဆက်စကက် ချီဝမ်ဟူ၍ ခွဲခြားထား၏။ မြစ်၏ အရှည်မှာ မိုင်ပေါင်း ၁၁ဝဝ ခန့်ရှိသည်။

ဆက်စကက်ချီဝမ်မြစ်နှင့် ချာချီမြစ်တို့ အကြား၌ မြင်းစား ဂျုံ၊ မုယောစပါး၊ ပိုက်ဆံပင်၊ အာလူး၊ ဂျုံ အမျိုးမျိုးနှင့် ကောက်ပဲသီးနှံအမျိုးမျိုးတို့ကို ရောနှော၍ စိုက်ပျိုးလုပ်ကိုင်ကြ သည်။ အချို့နေရာများ၌ ဂျုံ တစ်မျိုးတည်းကိုသာ စိုက်ပျိုး သည်။ ကမ္ဘာပေါ်တွင် ဂျုံတစ်မျိုးတည်းကိုသာ စိုက်ပျိုးသည်။ ကမ္ဘာပေါ်တွင် ဂျုံအများဆုံး ထွက်သောဒေသမှာ ဤပရေရီ လွင်ပြင်များပင် ဖြစ်လေသည်။ အနောက်တောင်ဘက်ဒေသ များ၌ လယ်ယာလုပ်ငန်းကို တူးမြောင်းနှင့် ဆည်များဖောက် လုပ်ကာ အကြီးအကျယ်လုပ်ကိုင်ကြပြီးလျှင် ကောက်ပင်သီးနှံ များကို ကျီများဆောက်လုပ်၍ စုဆောင်းသိုလှောင်ထားကြ၏။ ခြံကြီးများ ခတ်ကာ ကောက်ပင်သီးနှံတို့ကို ကျီသွင်းထားကြ ရာ၌ အချို့ခြံကြီးများသည် ဧက ၁ဝဝဝ မှ ၂ဝဝဝ အထိပင် ကျယ်ဝန်း၏။ ဆက်စကက်ချီဝမ်နယ်ရှိ လယ်သမားတို့သည် စည်းလုံးညီညွှတ်စွာ လယ်ယာလုပ်ကိုင်ကြသည်။ ဂျုံအရောင်း အဝယ်၊ ဂျုံသိုမှီးရေး၊ အာလူးစိုက်ပျိုးရေး၊ နွားမွေးမြူရေးနှင့် အရောင်းအဝယ်ပြုလုပ်ရေးစသော လယ်သမားတို့နှင့် ဆိုင်သည့် လုပ်ငန်းဟူသမျှတို့ကို ဆောင်ရွက်ရန် လယ်သမားသမဝါယမ အသင်းများကို တည်ထောင်ထားကြ၏။ ဆက်စကက်ချီဝမ် အလယ်ပိုင်း၌ နွားမွေးမြူရေးနှင့် နွားနို့၊ ထောပတ်၊ ဒိန်ခဲ စသောလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ကြလေသည်။

ဆက်စကက်ချီဝမ်နယ်တောင်ပိုင်း၌ ကျောက်မီးသွေးတူး ဖော်သည့် လုပ်ငန်းကို လုပ်ကိုင်ကြ၏။ ထို့အပြင် ဂျုံမှုန့်ကြိတ် ခြင်း၊ ထောပတ်၊ ဒိန်ခဲလုပ်ခြင်း၊ စာပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ် ဝေခြင်း အစရှိသော စက်မှုလက်မှုလုပ်းငန်းများလည်း အသင့် အတင့်ရှိလေသည်။ နယ်၏အဓိကထွက်ကုန်များမှာ ဂျုံ၊ မြင်း စားဂျုံ၊ မုယောစပါး၊ ပိုက်ဆံပင်၊ ကောက်ရိုး၊ အာလူး၊ သိုး၊ နွား၊ မြင်း၊ သားမွေး၊ ကျောက်မီးသွေး၊ သစ်နှင့် စက်ကရိယာများဖြစ်သည်။ ၁၉၄၂ ခုနှစ်၌ ဆက်စကက်ချီဝမ်နယ်ရှိ မူလတန်းကျောင်း များ၌ ကျောင်းသားဦးရေ ၁၉၇ဝ၃၁ ခန့်ရှိ၍၊ တက္ကသိုလ်တစ်ခု တည်းသာရှိ၏။ မြို့ကြီးများ၌သာမက၊ တောနယ်များ၌ပင် ကျောင်းများရှိသဖြင့် တောမှ ကလေးသူငယ်များလည်းပညာကို ကောင်းစွာ ဆည်းပူးနိုင်ကြလေသည်။ တောနယ်တွင် လယ်တဲ ကလေးများ ဆောက်ပြီးသည်နှင့်တစ်ပြိုင်နက် စာသင်ကျောင်း ကိုလည်း တစ်ဆက်တည်းဆောက်ပြီးဖြစ်တော့၏။ ထိုတောနယ် ရှိ စာသင်ကျောင်းများမှာ မြို့ရှိကျောင်းများကဲ့သို့ မကြီးကျယ် သော်လည်း စာသင်ကြားပုံ၊ သင်ကြားနည်းမှာ မခြားနားပေ။ သို့ဖြစ်၍ တောနေကလေးသူငယ်များသည် မြို့နေကလေးသူငယ် များနည်းတူ ဗဟုသုတကို ပြည့် ပြည့်စုံစုံ ရရှိနိုင်ကြသည်။

ထိုနယ်၌ နေထိုင်သူများအနက် လူဦးရေတစ်ဝက်ခန့်သည် ဗြိတိသျှမျိုးရိုးဖြစ်၍၊ ကျန်လူအများမှာ အမေရိကန်ပြည်ထောင်စု နှင့် ဥရောပနိုင်ငံအသီးသီးတို့မှ လာရောက်နေထိုင်ကြသူများ ဖြစ်လေသည်။ ဆက်စကက်ချီဝမ်မြို့တော်မှာ လူဦးရေ ၇၁ဝဝဝ ကျော်ရှိသည့် ရီဂျိုင်းနားမြို့ဖြစ်သည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)