စွန့်ဦးတီထွင်သူ

ဝီကီပီးဒီးယား မှ

စီပွားရေးတစ်ရပ်ကို စတင် လှုပ်ရှားသွားစေသူအဖြစ် ဘောဂဗေဒ အစဦးပိုင်းကပင် သတိပြုမိဖော်ပြခြင်း ရှိခဲ့ပါသည် (R. Catillon, J. B. Say)၊ သို့သော် မကြာသေးမီက Mark Casson က ထောက်ပြရာတွင် ခေတ်သစ်ဘောဂဗေဒ သီအိုရီများအထိ ၎င်းတို့ ပေါင်းစပ်ပါဝင်နိုင်ခြင်း မရှိသေးဟုဆိုပါသည်။ သတင်းအချက်အလက် အပြည့်အစုံ အချိန်နှင့်အမျှရရှိနိုင်ပြီး ဝင်ရောက်လုပ်ကိုင်နိုင်ရန် လွတ်လပ်မှု အပြည့်အဝရှိသော ရေသေကျမ်းရိုးဆန်းသစ် ဘောဂဗေဒ၏ “ပြိုင်ဆိုင်မှု အပြည့်သီအိုရီ”တွင် စွန့်ဦးတီထွင်သူဟူ၍ မရှိနိုင်ပေ။ F. Knight ၏ နောက်ပိုင်းတွင် စွန့်ထွင်ဦးစီးနှင့် ၎င်းလုပ်ကိုင်သော ကုမ္ပဏီကို ခွဲခြား၍ မရဟုဆိုပါသည်။

အစဉ်ပြောင်းလဲနေသော ပြီးပြည့်စုံသည်ဟူ၍ မရှိသော လက်တွေ့လောကတွင် စွန့်ဦးလုပ်ကိုင်ရမှု၊ တီထွင်နေရမှု၊ ကြိုတင်မှန်းဆနေရမှုတို့ အမြဲရှိနေရမည်။

အမြတ်ဆိုသည်မှာ မသေချာ မရေရာမှုများ အန္တရာယ်စွန့်စားရမှုများမှ ပြန်ရချက်ဖြစ်သည်။

ထို့ကြောင့် စွန့်ထွင်ဦးစီးတစ်ယောက်၏ အမြတ်များစွာရရှိအောင် လုပ်ကိုင်နိုင်မှုသည် ၎င်းအားစတုတ္ထမြောက်ကုန်ထုတ်စွမ်းအားစု (လုပ်အားမြေယာအရင်းအနှီး)အပြင်Fourth Factor ဟု လက်ခံလာစေပါသည်။

စီးပွားရေးပညာရှင်များက စွန့်ဦးတီထွင်များသည် စွန့်စားလုပ်ကိုင်မှုသာမက တီထွင်မှုစီမံခန့်ခွဲမှု၊ ကာလရှည် အရင်းအနှီး စွန့်စားမှု Risk capital or venture capital များလည်း ပြုလုပ်ရသည်ဟု သတ်မှတ်ကြသည်။

ရည်ညွှန်းကိုးကား - (ဦးကြည်မြင့်၏ အားလုံးအတွက် စီးပွားရေးပညာ အဘိဓာန် မှ)