စောမုံညင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စောမုံညင်း
အမည်​ရင်း ဒေါ်ရင်ရင်
မွေး​သက္ကရာဇ် ဩဂုတ်၁၀၁၉၂၁
{{{ဌာနေ}}}
ကွယ်လွန် ဒီဇင်ဘာ၁၂၂၀၁၁
နိုင်ငံသား Flag of Myanmar.svg မြန်မာနိုင်ငံ
လူမျိုး ဗမာလူမျိုး
ပညာရေး ဘီအေ(မြန်မာဘာသာ)(ရာဇဝင်ဂုဏ်ထူး)
မွေးရပ်ဇာတိ မိုးမိတ်မြို့
မိဘ အခွန်တော် အမတ် ဦးစံတင် (အေတီ) + ဒေါ်ဒေါ်မြို့

ကိုယ်ရေးဖြစ်စဉ်[ပြင်​ဆင်​ရန်​]

စောမုံညင်း (၁၉၂၁ ဩဂုတ် ၁၀ - ၂၀၁၁ ဒီဇင်ဘာ ၁၂) ၏ အမည်ရင်းမှာ မရင်ရင် ဖြစ်သည်။ အထက်တန်း ကျောင်းသူ ဘဝမှ စတင်၍ စာပေ များကို စတင် ရေးသား ခဲ့သည်။ ဂျပ်ဆင် ကောလိပ် မဂ္ဂဇင်းတွင် ဆောင်းပါး၊ ကဗျာများ ရေးသားရာမှ စောမုံညင်း ဟူသော ကလောင် အမည်ကို ခံယူ နိုင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (မြန်မာစာ၊ ရာဇဝင် ဂုဏ်ထူး) နှင့် နိုင်ငံခြား ဘာသာ သိပ္ပံကျောင်းမှ ဂျပန် ဘာသာ ဒီပလိုမာ ဘွဲ့ကို ရရှိ ခဲ့သည်။ ၁၉၅၆ ခုနှစ် အင်ဒီပင်းဒင့် ဒေါ်စန်း ကွယ်လွန်သည့် သုံးနှစ်မြောက် ကဗျာ ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရှေ့ဆောင် လူငယ် သောက်ရှူးကြယ် စာအုပ်ဖြင့် ကလေး လူငယ်ဆိုင်ရာ စာပေ တတိယ ဆုကို လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် ဗုဒ္ဓဘာသာ ကလျာဏ ယုဝ အသင်းမှ ချီးမြှင့်သော ယဉ်ကျေးမှု စာပေ ဒုတိယ ဆုကို မြန်မာမှုစုံ ပန်းရဂုံ စာအုပ်ဖြင့် လည်းကောင်း ရရှိသည်။ ရိုးရာ ဓလေ့ ထုံးစံ၊ တေးဂီတ ဆိုင်ရာ အနုပညာ ဆောင်းပါးများနှင့် ယဉ်ကျေးမှု ရေးရာ ဆောင်းပါး များစွာ ကိုလည်း ရေးသား ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ အမျိုးသမီး ဆင်ယင် ထုံးဖွဲ့မှု စာအုပ်ဖြင့် အမျိုးသား စာပေဆု (မြန်မာ့ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ စာပေ) ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝဝ ပြည့်နှစ်တွင် အရှေ့တောင် အာရှ စာပေ ရွှေတံဆိပ်ဆု (2000 S.E.A Write Award) ကိုလည်း ရခဲ့သည်။ အရှေ့တောင် အာရှ စာပေဆုကို မြန်မာနိုင်ငံမှ တတိယမြောက် ဆွတ်ခူးရရှိခဲ့သူ ဖြစ်သည်။


ဒေါ်ရင်ရင်သည် ဂျပန် ခေတ်တွင် နမ္မတူ၊ လားရှိုး တို့၌ ကျောင်းဆရာမ၊ (၁၉၅၆ - ၇၂) တွင် သက်ကြီး တက္ကသိုလ် လုပ်သားများ ကောလိပ်တွင် အချိန်ပိုင်း မြန်မာစာ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ပညာရေး ဝန်ကြီး ဌာန မြန်မာစာ အဖွဲ့ဝင် အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။


ဆရာမကြီး၏ သီးခြား ဆောင်ရွက်ချက် များမှာလည်း အမျိုးသမီး အကျဉ်းထောင် ကြီးကြပ်ရေး အဖွဲ့ဝင် (၁၉၆၃)၊ ရုပ်ရှင် ဆင်ဆာဘုတ် အဖွဲ့ဝင် (၁၉၆၄)၊ ရန်ကုန်တိုင်း ရွေးချယ်ရေး ကော်မရှင် အဖွဲ့ဝင် (၁၉၇၄)၊ စာပေ လုပ်သား ဖြစ်မြောက်ရေးမှ ယနေ့တိုင် စာပေနှင့် စာနယ်ဇင်း ဗဟို အလုပ်အမှုဆောင်၊ ရုပ်ရှင် အကယ်ဒမီ ဘုတ်အဖွဲ့ဝင် (၁၉၈၉ - ၁၉၉၄)၊ မဟာဂီတ သီချင်းကြီး စိစစ်ရေး အဖွဲ့ အဖွဲ့ဝင်၊ ယဉ်ကျေးမှု တက္ကသိုလ် ဇာတ်သဘင် အကြံပေး အဖွဲ့ဝင်၊ မြန်မာ့ အသံ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ ပင်တိုင် အသံလွှင့် တာဝန်၊ အမျိုးသား စာပေဆု၊ စာပေဗိမာန် စာမူဆု ရွေးချယ်ရေး အဖွဲ့ဝင် (၂ဝဝဝ အထိ)၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး များ၏ ဦးစီး အဖွဲ့ဝင် (နဝမ အကြိမ် အထိ) နှင့် အမျိုးသား ညီလာခံ ကိုယ်စားလှယ် (အထူးဖိတ်ကြား အဖွဲ့) စသည်ဖြင့် ပါဝင် ဆောက်ရွက် ခဲ့သည်။


ထို့အပြင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီ (ယဉ်ကျေးမှု အကြံပေး)၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း နာယက၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ် အကြံပေး၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း နာယကနှင့် နှင်းဆီကုန်း ဘိုးဘွားရိပ်သာ စောင့်ရှောက်ရေး အဖွဲ့ အဖွဲ့ဝင် စသည်ဖြင့် ပါဝင် ဆောင်ရွက်လျက် ရှိသည်။


အင်္ဂလန်၊ ဆွစ်ဇာလန်၊ ဟော်လန်၊ ပြင်သစ် (၁၉၅၃)၊ တရုတ်၊ ဗီယက်နမ် (၁၉၅၆)၊ ဂျပန် (၁၉၅၈)၊ အိန္ဒိယ၊ ယိုးဒယား နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံများသို့ လေ့လာရေး ခရီး သွားရောက် ခဲ့သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

အမှတ်(၃၁၈) ဦးဝိစာရလမ်းတွင် နေထိုင်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် တစ်နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

စောမုံညင်း​[ပြင်​ဆင်​ရန်​]

စာ​ရေး​ဆရာမြကီး​ ​စောမုံညင်း​ကို အဖ အခွန်​တော် အမတ်ကြီး​ ဦး​စံတင်၊​ အမိ ​ဒေါ်​ဒေါ်မြို့​တို့​က ရှမ်း​ပြည်နယ်မိုး​မိတ်မြို့​၌ ၁၉၂၀ ပြည့်​နှစ်၊​ ​အောက်တိုဘာလ ၈ ရက်​နေ့​တွင် ဖွား​မြင်သည်။ ​စောမုံညင်း​သည် အထက်တန်း​ ​ကျောင်း​သူဘဝမှ စ၍ စာစတင်​ရေး​သား​သည်။ ၁၉၃၂ ခု ၈ တန်း​ကျောင်း​သူဘဝက ရတနာသီဟ ဂျာနယ်တွင် ​ရေး​သား​ခဲ့​သည်။ 'ပြန်လာပြီ မန်း​’​ရွှေမြို့​ရယ်က' ​တေး​ထပ်သည် ပထမဆုံး​ ​ရေး​သား​သော ကဗျာ ဖြစ်သည်။ ဂျပ်ဆင်​ကောလိပ် မဂ္ဂဇင်း​တွင် ​ဆောင်း​ပါး​နှင့်​ ကဗျာ​ရေး​သား​ရာမှ ​စောမုံညင်း​ က​လောင် အမည် ခံယူသည်။ ထိုစဉ်က အမျိုး​သမီး​ က​လောင်အဖွဲ့​ ရန်ပုံ​ငွေ ပြဇာတ်ဖြစ်သည့်​ 'ရတနာ့​ဂုဏ်ရည်ပြဇာတ်နှင့်​ ကိန္နရီ​မောင်နှံပြဇာတ်' တို့​ကို ​ရေး​သား​ပြီး​ ကိုယ်တိုင်လည်း​ ပါဝင်သရုပ်​ဆောင်သည်။ ၁၉၅၆ ခုတွင် အင်ဒီပင်း​ဒင့်​ ​ဒေါ်စန်း​ ကွယ်လွန်သည့်​ ၃ နှစ်​မြောက် ကဗျာပြိုင်ပွဲ၌ ပထမ ​ရွှေတံဆိပ်ဆု၊​ ၁၉၆၃ ခုတွင် '​ရှေ့​’​ဆောင်လူငယ် ​သောက်ရှူး​ကြယ်' စာအုပ်ဖြင့်​ က​လေး​သူငယ်ဆိုင်ရာ စာ​ပေ တတိယ ဆု၊​ ၁၉၆၅ ခုတွင် 'မြန်မာမှုစုံပန်း​ရဂုံ' စာအုပ်ဖြင့်​ အမျိုး​သား​ စာ​ပေဆု (မြန်မာ့​ယဉ်​ကျေး​မှုနှင့်​ အနုပညာဆိုင်ရာ စာ​ပေဆု) တို့​ကို ရရှိသည်။ 'မြတ်နိုး​စရာမြန်မာ့​ရိုး​ရာများ​'၊​'​နော်ဇာကုံး​နှင့်​ ပုလဲသွယ်'၊​’မြန်မာ့​ဇာတ်သဘင် တစ်​ခေတ်​ပြောင်း​လဲ​ရေး​’၊​ ‘ကရင်ပြည်နယ်ဓာတ်ပုံမှတ်တမ်း​’၊​ 'မြန်မာ့​အမျိုး​သမီး​' စသည့်​ ထင်ရှား​သော စာအုပ်များ​နှင့်​ ရိုး​ရာဓ​လေ့​ထုံး​စံ၊​ ​တေး​ဂီတဆိုင်ရာ အနုပညာ​ဆောင်း​ပါး​များ​၊​ ယဉ်​ကျေး​မှု​ရေး​ရာ ​ဆောင်း​ပါး​များ​ ​မြောက်မြား​စွာ ​ရေး​သား​ခဲ့​သည်။ ထို့​ပြင် မဟာဂီတ သီချင်း​ကြီး​ကို ၁၄ နှစ်တိုင်တိုင် သင်ယူခဲ့​ပြီး​ ကိုယ်တိုင် သီဆို အသံလွှင့်​သည်။ ၁၉၈၈ ခုနှစ်မှ စ၍ ယခုအထိ ယဉ်​ကျေး​မှု​ရေး​ရာ အြဖာဖြာကို တစ်လ နှစ်ကြိမ် မြန်မာ့​အသံက အသံလွှင့်​လျက် ရှိသည်။ စာ​ရေး​ဆရာမြကီး​ ​စောမုံညင်း​သည် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့​၊​ မြန်မာစာ၊​ ရာဇဝင် ဂုဏ်ထူး​နှင့်​ နိုင်ငံခြား​ ဘာသာသင် သိပ္ပံမှ ဂျပန်ဘာသာ ဒီပလိုမာ ရရှိသည်။ လုပ်သား​များ​ ​ကောလိပ်တွင် မြန်မာစာ ကထိက ၊​ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီတွင် ဌာနစုမှူး​ တာဝန်များ​ ​ဆောင်ရွက်သည်။ အမျိုး​သမီး​ကင်း​ထောက် အြဖစ် အဂင်္လန်၊​ နယ်သာလန်၊​ ပြင်သစ်၊​ ဆွစ်ဇာလန်၊​ ဂျပန်၊​ အိန္ဒိယ စသည့်​ နိုင်ငံများ​သို့​ သွား​ရောက်၍ အစည်း​အ​ဝေး​များ​ တက်​ရောက်သည်။ ဗီယက်နမ်၊​ တရုတ်၊​ ပါကစ္စတန် နိုင်ငံများ​သို့​ စာ​ရေး​ဆရာ ကိုယ်စား​လှယ် အဖွဲ့​ဝင် အြဖစ်သွား​ရောက်သည်။ စာ​ရေး​ဆရာမြကီ ​စောမုံညင်း​သည် ယ​နေ့​တိုင် ပညာ​ရေး​ ဝန်ကြီး​ ဌာန မြန်မာစာအဖွဲ့​၌ အဖွဲ့​ဝင်၊​ မြန်မာ နိုင်ငံ စာ​ပေနှင့်​ စာနယ်ဇင်း​ အဖွဲ့​ ဗဟိုအမှု​ဆောင်၊​ အမျိုး​သား​ စာ​ပေဆု၊​ စာ​ပေဗိမာန် စာမူဆု၊​ စိစစ်​ရွေး​ချယ်​ရေး​ အဖွဲ့​ အဖွဲ့​ဝင် မြန်မာနိုင်ငံလုံး​ဆိုင်ရာ အမျိုး​သမီး​ရေး​ရာ ​ကော်မတီ၊​ မြန်မာနိုင်ငံ အမျိုး​သမီး​ စီး​ပွား​ရေး​ စွမ်း​ဆောင်ရှင်များ​အသင်း​၊​ မြန်မာနိုင်ငံ အမျိုး​သမီး​ အား​ကစား​ အဖွဲ့​ချုပ်တို့​တွင် အြကံ​ပေး​ပုဂ္ဂိုလ်၊​ နာယက စသည်ဖြင့်​ ထမ်း​ဆောင်လျက်ရှိသည်။ ၂၀၀၀ ပြည့်​နှစ်၊​ စက်တင်ဘာလတွင် အ​ရှေ့​တောင်အာရှ စာ​ပေဆုကို မြန်မာနိုင်ငံမှ စာ​ရေး​ဆရာမြကီး​ ​စောမုံညင်း​သည် ရရှိခဲ့​သည်။

ဆရာမကြီး ဒေါ်စောမုံညင်း ရေးသား ပြုစု ထုတ်ဝေ ခဲ့သော စာအုပ်များ[ပြင်​ဆင်​ရန်​]

  1. ကင်းထောက်မီးမုံပွဲ သီချင်းများ
  2. ကင်းထောက် အမျိုးသမီး လက်စွဲ
  3. မြတ်နိုးစရာ မြန်မာ့ရိုးရာများ
  4. မြန်မာမှုစုံ ပန်းရဂုံ
  5. မြန်မာ့ အမျိုးသမီး
  6. မြန်မာ့ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု
  7. ရှေ့ဆောင်လူငယ် သောက်ရှူးကြယ်[၁]
  8. စောမုံညင်း၏ စောမုံညင်း
  9. မီးပုံပွဲ သီချင်းများ
  10. နော်ဇာကုံးနှင့် ပုလဲသွယ် ဆောင်းပါးပေါင်းချုပ်

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသည့် 'နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း' စာအုပ် (ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်။