စောင်းလျားပင်
Wikipedia မှ
| စောင်းလျားပင် Starfruit |
||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||
|
||||||||||||
| ဒွိနာမ | ||||||||||||
| ''Averrhoa carambola'' | ||||||||||||
စောင်းလျားပင် [ပြင်ဆင်ရန်]
စောင်းလျားပင်သည် အပင်ငယ်မျိုးဖြစ်၏။ ရုက္ခဗေဒအမည်မှာ 'အဗားဟိုးအား ကရမ် ဗိုလာ'ဖြစ်၏။ အရွက်များသည် ရွက်ခြားပေါက်ကြသည်။ ပန်းပွင့်ကလေး များသည် ငယ်၍ ညီညာသည်။ အရောင်မှာ ခရမ်းရောက်နု ဖြစ်သည်။ အသီးအရောင်မှာ ပယင်းရောင်ရင့်ဖြစ်သည်။ အသီး ၌ စောင်းများပါရှိရာ ပိုင်းဖြတ်ကြည့်က ကြယ်ပုံသဏ္ဍာန် ပေါ် သည်။
စောင်းလျားပင်ကို မည်သည့်နေရာတွင်မျှ စနစ်တကျ စိုက်ပျိုးခြင်းမပြုချေ။ ဥယျာဉ်တွင် အပင်ပေါက်ကလေးများ ပေါက်ကြသော်လည်း၊ အနည်းအကျဉ်းမျှသာ အောင်မြင်သည်။ ဒပ်ချ အရှေ့အိန္ဒိယကျွန်းစုတွင် စောင်းလျားပင်ကို မျိုးပွားရာ၌ တစ်နှစ်သားအရွယ်အပင်ကလေးများမှ ကိုင်းဖြတ်ဆက်ခြင်း၊ မျက်ကွင်းလှီး၍ စိုက်ပျိုးခြင်းတို့ဖြင့် မျိုးပွားယူကြသည်။ အသီးများမှည့်လာသောအခါ ဟင်းသီးဟင်းရွက်အဖြစ် ငပိနှင့် စားလေ့ရှိကြသည်။ ထို့ပြင် သနပ်လုပ်၍ လည်းစားကြ သည်။ [၁]
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)