စူပါမွန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သာမာန်လနှင့် ၂၀၁၀ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် စူပါမွန်းတို့ကို နှိုင်းယှဉ်ပြပုံ

စူပါမွန်း(Supermoon)[ပြင်​ဆင်​ရန်​]

စူပါမွန်းဆိုသည်မှာ လနှင့်ကမ္ဘာ အလွန်နီးကပ်လာပြီး၊ အနီးဆုံး လပြည့်ညကို ခေါ်ဆိုသည်။ စူပါမွန်း ဖြစ်နေချိန်မှာ နှင့် ကမ္ဘာတို့၏ အကွာအဝေးသည် ၃၅၆,၅၇၇ ကီလိုမီတာ (၂၂၁,၅၆၆ မိုင်) အကွာမှာရှိနေခဲ့သည်။ ထို့ကြောင့် လကို ကမ္ဘာမှကြည့်လျှင် သာမာန်လထက် အရွယ်အစား ၁၄% ထိပိုကြီးလာပြီး တောက်ပမှုမှာ ၃၀% ထိပိုလာနိုင်ကြောင်း နာဆာကဆိုသည်။ [၁] လနှင့်ပတ်သက်သည့် ပင်လယ်ရေနှင့် ဒီရေအဖွဲ့အစည်းများက စူပါမွန်းဖြစ်စဉ်နှင့် မြေငလျင်ကြီးများ လှုပ်ရှားခြင်း၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်ပေါ်မှုတို့သည် ဆက်စပ်နေသည်ဟု ခန့်မှန်းပြောဆိုကြသော်လည်း[၂]၊ ယင်းကိစ္စများနှင့်စပ်လျဉ်းသည့် ထင်ရှားသောအထောက်အထား မရှိပေ။[၃]

နောက်ဆုံးအကြိမ် စူပါမွန်းကို ၂၀၁၄-ခု၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည်။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Science@NASA Headline News. NASA. Archived from the original on May 7, 2012. Retrieved 22 June 2013.
  2. Paquette, Mark (March 1, 2011). "Extreme Super (Full) Moon to Cause Chaos?". Astronomy Weather Blog. AccuWeather. Retrieved 14 March 2011;.
  3. "Can the position of the Moon affect seismicity?". The Berkeley Seismological Laboratory. 1999. Retrieved 14 March 2011.