စီ (အက္ခရာ)
Wikipedia မှ
| အခြေခံ လက်တင်အက္ခရာ | |||||
|---|---|---|---|---|---|
| Aa | Bb | Cc | Dd | ||
| Ee | Ff | Gg | Hh | ||
| Ii | Jj | Kk | Ll | Mm | Nn |
| Oo | Pp | Rr | Ss | Tt | |
| Uu | Vv | Ww | Xx | Yy | Zz |
C သည် အင်္ဂလိပ် နှင့် လက်တင်ဘာသာတွင် တတိယမြောက် အက္ခရာဖြစ်သည်။ အင်္ဂလိပ်လို (si/) cee ဟုခေါ်ပြီး အများကိန်းကို cees ဟုခေါ်ဆိုကြသည်။
| Phoenician gimel |
ဟီဘရူ gimel |
ဂန္တဝင် ဂရိဘာသာ Gamma |
ဩပ်ရုစကမ် C |
ရှေ့ဟောင်းလက်တင်ဘာသာ C |
|---|---|---|---|---|
Cသည် G မှဆင်းသက်လာသည်။ စီမီတစ် ဘာသာတွင် ဂမယ် ဟု ခေါ်သည်။ ဤသင်္ကေတသည် အီဂျစ်အရုပ်စာသင်္ကေတ၏ လောက်လေးခွကဲ့သို့ ကျောက်ခဲတုံးကြီးများထည့်၍ ပစ်ခတ်နိုင်သော လောက်လွှဲ ပုံသဏ္ဌာန်မှ ဖြစ်လာခြင်း ဖြစ်နိုင်သည်။အခြားဖြစ်နိုင်ချေတစ်ခုမှာ စီမီတစ်တို့ ရေးဆွဲထားခဲ့သည် ကုလားအုတ်ပုံမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။ အဘယ့်ကြောင့် ဆိုသော် စီမီတစ်ဘာသာတွင် C ကို ဂမယ်ဟု ခေါ်သောကြောင့်ဖြစ်သည်။ ဂမယ် ဟူသည် အင်္ဂလိပ်ဘာသာဖြင့် camel ဟုရေး၍ အဓိပ္ပါယ်မှာ ကုလားအုတ်ဖြစ်သည်။
အသုံးပြုပုံ [ပြင်ဆင်ရန်]
Alternative representations of စီ (အက္ခရာ)
| NATO phonetic | မောရ်စ်၏ သင်္ကေတ |
| Charlie |
| အချက်ပြအလံ | Flag semaphore | မျက်မမြင် သင်္ကေတ |
- C ကို အပူချိန်တိုင်းတာရာ၌ °C (ဒီဂရီ စင်တီဂရိတ်) သင်္ကေတအဖြစ်အသုံးပြုကြသည်။
- ဓာတုဗေဒ ပညာရပ်တွင် ကာဗွန်၏ သင်္ကေတအဖြစ်အသုံးပြုသည်။
- ရူပဗေဒ ပညာရပ်တွင် အသေးသည် အလင်း၏အမြန်နှုန်းကို တိုင်းတာရာတွင် သင်္ကေတ တစ်ခုအနေဖြင့် အသုံးပြုကြသည်။ E=mc² သည် အလင်းမြန်နှုန်းတိုင်းတာရန် ညီမျှခြင်းတစ်ခုဖြစ်သည်။
- C♯ သည် ဂီတသင်္ကေတအမှတ်အသားတစ်ခုဖြစ်သေးသည်။
- အိုင်တီလောက၌ C (programming language) ကို စက်မောင်းစနစ်များတွင်သုံးရန် C++ဟူသည့် သင်္ကေတဖြင့်အသုံးပြုသည်။[၁] မူပိုင်ခွင့်ဥပဒေ ကို သတ်မှတ်ရန်အတွက် C သင်္ကေတကို သုံးသည်။
- ရောမ ဂဏန်းသင်္ကေတ များတွင် C သည် ၁၀၀ ဟုသတ်မှတ်ထားသည်။
- ကွန်ပျူတာ ယူနီကုဒ် စနစ်အတွက် ယူနီကုတ်အမှတ် U+0043 ဖြင့် "C" အကြီးကို သတ်မှတ်၍ "c"အသေးကို U+0063အဖြစ် သတ်မှတ်ထားသည်။[၂][၃]