စီဒီအမ်အေ

From Wikipedia

စီဒီအမ်အေ (CDMA or Code Division Multiple Access) ဆိုသည်မှာ အမျိုးမျိုးသော ​ရေဒီယိုဆက်သွယ်ရေး နည်းပညာများတွင် အသုံးပြုသော ချယ်နယ်အသုံးချနည်း (Channel Access Method) တစ်နည်းဖြစ်သည်။ လက်ကိုင်တယ်လီဖုန်းများတွင် အသုံးပြုသောသော CDMAOne နှင့် CDMA2000 စံနှုန်းများကို စီဒီအမ်အေဟု ခေါ်ဝေါ်လေ့ရှိကြသော်လည်း အမှန်မှာ ထိုစံနှုန်းများ၌ စီဒီအမ်အေ ချယ်နည်အသုံးချနည်းကို အောက်ခံအနေဖြင့် အသုံးပြုထားခြင်းမျှသာဖြစ်သည်။

အချက်အလက်ဆက်သွယ်ရေး (Data Communication)၏ အခြေခံသဘောတရားတစ်ခုမှာ ထုတ်လွှင့်စက် အချို့ကို ဆက်သွယ်ရေးချယ်နယ်တစ်ခုအတွင်းတွင် တစ်ပြိုင်တည်းထုတ်လွှင့်ခွင့်ပေးခြင်းဖြစ်သည်။ဤသဘောတရားကို အသုံးချခြင်းအားဖြင့် အသုံးပြုသူအချို့အနေဖြင့် ဆက်သွယ်ရေးချယ်နယ်အတွင်း ရရှိနိုင်သော ကြိမ်နှုန်းများ ၏ လေလှိုင်းပမာဏ (Bandwidth) ကို ဝေမျှသုံးစွဲနိုင်သည်။