စိန့်ဩဂတ်စတင်း

Wikipedia မှ
(စိန်ဩဂတ်စတင်း မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စိန့်​ဩ​ဂတ်​စ​တင်း (၃​၅​၄-၄​၃​၀)

ဘဝ​အကျဉ်း[ပြင်​ဆင်​ရန်​]

ရော​မ​အင်​ပါ​ယာ ပြို​ပျက်​ချိန်​မှာ ပေါ်​ထွန်း​လာ​သည့် အကြီး​ကျယ်​ဆုံး​သော ထာ​၀​ရ​ဘုရား​ဝါ​ဒီ အဖြစ် ကျော်​ကြား​သည့် ရှင်​ဩ​ဂတ်​စ​တင်းကို ခရစ်​နှစ် ၃​၅​၄၊ အယ်လ်​ဂျီး​ရီး​ယား​နိုင်ငံရှိ အဓိက​ဆိပ်ကမ်း​မြို့​ကြီး ဟစ်​ပို နှင့် ၄​၅​မိုင်​ကွာဝေး​သည့် တာ​ဂါ​စတေး (ယခု အင်​နာ​ဗာ) တွင်​ဖွားမြင်​သည်။ အယူ​ခြား​ရှိ​သူ ဖ​ခင်​နှင့် ခရစ်ယာန်​ဘာသာ​ကိုင်း​ရှိုင်း​သူ မိ​ခင်​မှ ပေါက်ဖွား​သူ​ဖြစ်​ပြီး ငယ်​စဉ်​က နှစ်​ခြင်း​မ​ခံ​ခဲ့​ရ​ပေ။

အရွယ်ရောက်​လာ​သည်​နှင့်​အမျှ ဉာဏ်စွမ်း​ထက်​ကြောင်းပေါ်​လွင်​လာ​ပြီး ၁​၆​နှစ်​အရောက်​တွင် ပညာ​ဆည်း​ပူး​ရန် ကာ​သေ့ခ်ျ သို့​သွား​ရောက်​ခဲ့​သည်။ ထို​နေရာ​တွင် အမျိုးသမီး​တစ်​ဦး နှင့်​တိတ်တဆိတ်​ပေါင်း​ဖက်​ပြီး အသိ​အမှတ်​မ​ပြု​သည့် သားတစ်​ဦး​ရ​ခဲ့​သည်​ဟု ဆို​သည်။ အသက်​၁​၉​နှစ်​ရောက်သော် ဒ​ဿ​နိ​က​ဗေဒ ကို​လိုက်စား​ရန်​ဆုံးဖြတ်​ပြီး​နောက် ခရစ်​နှစ် ၂​၄​၀ ခန့်​တွင် တ​မန်တော်​မ​နိ၏ မ​နိ​ရှေ​အစ်​ဇမ်​ဝါဒ​ကို နှစ်သက်​ပြီး မ​နိ​ဂိုဏ်း​ဝင်​ဖြစ်လာ​သည်။ငယ်ရွယ်​သူ ဩ​ဂတ်​စ​တင်း​အတွက် မ​နိ​ဂိုဏ်း​ဝင်​အဖြစ် ၉​နှစ်​ကြာ​နေထိုင်​ပြီး​နောက် ယုံကြည်​မှု​လျော့​ရဲ​လာ​ခဲ့​သည်။ အသက် ၂​၉​နှစ်​တွင် အီ​တ​လီ​သို့​ပြောင်း​ရွေ့​ပြီး ရော​မမှ တစ်​ဆင့် မီ​လန်ရောက်​လျှင် နှုတ်​မှု​ပညာ​ပါ​မောက္ခ ဖြစ်လာ​သည်။ ထို​ဒေသ​တွင် ၃​ရာ​စု​ခန့်​က ပ​လို​တိ​နပ် စတင်​ဟောပြော​သည့် ပ​လေ​တို​နစ်​ဝါဒ​သစ်(Neo-platonism)နှင့် ကျွမ်းဝင်​သွား​ပြန်​သည်။

များ​မ​ကြာ​မှီ​အချိန်​အတွင်း မီ​လန်​ဂိုဏ်းအုပ် ဘုန်းတော်​ကြီး ရှင်​အမ်း​ဘ​ရို့စ်​၏ တရား​များ​ကို နာ​ကြား​ရ​ရာ​မှ ခရစ်ယာန်​ဘာသာ​၏ နက်နဲ​သည့် သဘော​များ​ကို စိတ်ဝင်စား​လာ​ပြီး အသက် ၃⁠၃​နှစ်​တွင် ခရစ်ယာန်​ဘာသာ​ဝင်​ဖြစ်လာ​သည်။ ခရစ်​နှစ် ၃​၈​၇​တွင် နှစ်​ခြင်း​ခံ​ပြီး မွေး​ရပ်​မြေ တာ​ဂါ​စတေး သို့​ပြန်​သည်။၃​၉​၁​တွင် ဟစ်​ပို​ဂိုဏ်းအုပ်​၏​လက်ထောက်​အဖြစ် တာဝန်​ယူ​ပြီး ၅​နှစ်​အကြာ ဂိုဏ်းအုပ်​ကွယ်​လွန်သော် ရာထူး​တိုး​၍ ဟစ်​ပို​ဂိုဏ်းအုပ်​ဖြစ်လာ​ကာ ကွယ်​လွန်​ချိန်​အထိ ထမ်း​ဆောင်သွား​ခဲ့​သည်။

အတွေး​အခေါ် နှင့် ကျမ်းစာ​များ[ပြင်​ဆင်​ရန်​]

ဟစ်​ပို​မြို့​သည် ကြီးကျယ်​သည့် မြို့​ကြီး​မ​ဟုတ်သော်​လည်း ဩ​ဂတ်​စ​တင်း​ကြောင့် အသိ​များ​လာ​ပြီး ဩ​ဂတ်​စ​တင်း​မှာ​လည်း အလွန်​ကောင်း​သည့် ဘာသာ​ရေး​ဆိုင်​ရာ ဒ​ဿ​န​များ​ကြောင့် ခရစ်ယာန်​ကျောင်းတော်​၏ အရေး​ပါ​သည့် ခေါင်းဆောင်​ပိုင်း​နေရာ သို့​ရောက်လာ​တော့​သည်။ကျန်းမာ​ရေး​မ​ကောင်း​သည့်​အတွက် လက်ရေး​တို​စာရေး​တစ်​ဦး​ခန့်ထား​ပြီး နှုတ်​ဖြင့် ကျမ်းစာ​အများ​အပြား​ပြုစု​သွား​ခဲ့​သည်။ ကျမ်းစာ​ပေါင်း ၅​၀⁠၀​ခန့် ယနေ့​တိုင်​ကျန်​ရစ်​ပြီး ကျန်​ဘာသာ​ရေး​ဆရာ​များ၊ ဘုန်းတော်​ကြီး​များ​နှင့် အပြန်​အလှန်​ပေး​ပို့​ဆွေးနွေး​သည့် စာ​ပေါင်း ၂​၀​ဝကျော် ကျန်​ရစ်​သည်။ အဓိက​ကျမ်းစာ​နှစ်​ဆောင်​မှာ ဘုရားသခင်​မြို့တော် နှင့် ကိုယ်တိုင်​ဖြောင့်​ဆို​ဝန်ခံ​ချက် တို့​ဖြစ်​သည်။အသက်​လေး​ဆယ်​တွင်​ရေး​သည့် ကိုယ်တိုင်​ဖြောင့်​ဆို​ဝန်ခံ​ချက်​မှာ ကိုယ်တိုင်​ရေး အတ္ထုပ္ပတ္တိ ဖြစ်​ပြီး အလွန့်​အလွန်ကျော်​ကြား​သည်။

ရှင်​ဩ​ဂတ်​စ​တင်း​၏ ကျမ်းစာ​များ​တွင် ပါဝင်​သည့် အဓိက​အကြောင်း​အချက်​များ​မှာ ဘာသာ​ခြား​များ​နှင့် ဒ​ဿ​န​ပိုင်း​ဆိုင်​ရာ ဆွေးနွေး​ငြင်း​ခုန် ချေဖျက်​ချက်​များ​ဖြစ်​လေ့​ရှိ​သည်။ ထို့​ပြင် လူ​တိုင်း​တွင် အာ​ဒမ်​ထံ​မှ အပြစ်​မျိုးစေ့​ရှိ​ပြီး​ဖြစ်​ကြောင်း နှင့် ထို​အပြစ်​တို့​မှ လွတ်​ခြင်း​မှာ ဘုရားသခင်​သာ​တတ်စွမ်း​နိုင်​သည့် အဖြစ်​ကို​ချဲ့ထွင်​ရှင်း​ပြ​ပြန်​သည်။ ထို့​ကြောင့် သူ​၏​စာပေ​အရေး​အသား​များ​မှာ ခရစ်ယာန်​ကျောင်းတော် အခြေ​ခိုင်​ရေး​ကို များ​စွာ​အထောက်​အကူ​ပေး​သည်​ဟု ဆို​နိုင်​သည်။ ထို​မှ​မက သာမန်​လူ​ဖြစ်​စေ၊အမှုး​အမတ်​ဖြစ်​စေ၊မင်း​ဧကရာဇ်​ဖြစ်​စေ ပုပ်​ရဟန်း​မင်း​နှင့် ကျောင်းတော်​လောက် အရေး​မ​ပါ​ဟု တင်ပြ​သေး​သည်။ ထို​တင်ပြ​ချက်​ကို အကြောင်းပြု​ပြီး နောင်​ဥ​ရော​ပ​တွင် ကျောင်းတော် နှင့် ပဒေသရာဇ်​အာဏာပိုင်​များ​၏ အား​ပြိုင်​မှု​များ ၊ရန်စစ်​များ​ကို နှစ်​ပေါင်း ၂​၀​၀ ခန့်​အတွင်း အကြိမ်ကြိမ်​ပင်​တွေ့​ရ​သည်။

အသက်​ရှင်​နေ​စဉ်​အတွင်း​မှာ​ပင် ရော​မ​အင်​ပါ​ယာ​ကို မြောက်​ပိုင်း​မှ အလာ​ရစ်​ဦးဆောင်​သည့် ဗီ​စီ​ဂို့စ်​များ​က ဖျက်ဆီး​လိုက်​ကြ​သ​ဖြင့် ဘာသာ​ခြား​နှင့် ကြွင်းကျန်​သည့် ရှေး​ရော​မ​မှ ဘုရား​အများ​အပြား​ကိုးကွယ်​သည့် ဝါ​ဒီ​များ​က ခရစ်ယာန်​ဘာသာ​ကို ကဲ့ရဲ့​ပြောဆို​ကြ​ခြင်း​ကို ပယ်​ချ​လို​သ​ဖြင့် ရှင်​ဩ​ဂတ်​စ​တင်း​၏ ဘုရားသခင်​မြို့တော် ကျမ်း​ပါ​အချက်အလက်​များ​ကို ကိုး​ကား​ကြ​ရ​သည်။ ထို​ကျမ်း​တွင် သမိုင်း​၏​ဒ​ဿ​န​များ​ကို ကောင်း​စွာဖော်​ပြ​ထား​ပြီး နောင်​တစ်​ချိန်​တွင် ဥ​ရော​ပ၏ တိုးတက်​မှု​များ​ကို​ပါ လမ်းကြောင်း​ခင်း​ပေး​သကဲ့သို့ ရှိ​သည်​ဟု​ဆို​ပါ​သည်။ သူ​၏​အတွေး​အခေါ်​များ​ကို ရို​မန်​ကတ်​သ​လစ်​ဒ​န​ဿ​ပညာ​ရှင်​ဖြစ်​သည့် စိန့်​သော​မက်စ် အကွိုင်​နက်စ် သာ​မက မာ​တင်​လူ​သာ နှင့် ဂျွန်​ကယ်လ်​ဗင် အစ​ရှိ​သည့် ပ​ရို​တက်​စ​တင့်​ရှေ့ဆောင်​တို့​က​ပါ နှစ်သက်​လက်ခံ​ကြ​သည်။

ဘဝ​နိဂုံး[ပြင်​ဆင်​ရန်​]

အသက် ၇​၆​နှစ်​အရွယ် စိန့်​ဩ​ဂတ်​စ​တင်း​သည် ခရစ်​နှစ်​၄​၃​၀၊ ဟစ်​ပို​တွင် ပင် ကွယ်​လွန်​သည်။ ဗန်​ဒယ်​လူ​မျိုး​များ​က ဟစ်​ပို​ကို လ​အတန်​ကြာ​ဝန်းရံ​ပြီး မြို့​ကို​မီးရှို့​ဖျက်ဆီး​ခဲ့​သည်။ ကံကောင်း​ထောက်မ​စွာ​ဖြင့် စိန့်​ဩ​ဂတ်​စ​တင်း​၏ စာကြည့်​တိုက်​မှာ အကောင်း​ပကတိ ကျန်​ရစ်​ခဲ့​သည်။[၁]

ရည်ညွှန်း​ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. ကျော်​စွာ​၁​၀​၀-ဒေါက်​တာ​သန်း​ထွန်း