စိန်ထွန်း

ဝီကီပီးဒီးယား မှ
(စိန်ထွန်း၊ ဒေါက်တာ မှ ပြန်ညွှန်းထားသည်)
ဒေါက်တာ စိန်ထွန်း
မွေးဖွား၁၉၃၉
ရန်ကုန်မြို့ဗြိတိသျှ ဘားမား
ကွယ်လွန်Did not recognize date. Try slightly modifying the date in the first parameter. (အသက် ၇၁)
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးဗမာလူမျိုး
မိခင်ကျောင်းစိန့်ပေါလ်ကျောင်း
ရန်ကုန်တက္ကသိုလ်
(B.Sc. ရူပဗေဒ၊ ၁၉၆၂)
ဆာရေး တက္ကသိုလ်
(M.Sc. ရူပဗေဒ၊ ၁၉၆၇)
(Ph.D ရူပဗေဒ၊ ၁၉၇၃)
အလုပ်အကိုင်ရူပဗေဒပညာရှင်
ကျော်ကြားမှုအရင်းခံရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ဌာနမှူး

ဒေါက်တာစိန်ထွန်းသည် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အသိအမှတ်ပြု ပညာရှင်၊ အက်တမ်နှင့် အနုမြူ ရူပဗေဒနယ်ပယ် သုတေသနပညာရှင်၊ ရန်ကုန်တက္ကသိုလ်တွင် သုတေသန ဓာတ်ပြုစက် (Research Reactor) လည်ပတ်အောင် ကြိုးစားခဲ့သူ ဖြစ်သည်။

ရန်ကုန် စိန်ပေါလ် သာသနာပြုကျောင်းမှ ၁၉၅၈ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှူးဟောင်း ပါမောက္ခဒေါက်တာစိန်ထွန်း တက္ကသိုလ်ဝင်တန်းတွင် ပထမဆင့်၊ ရန်ကုန် တက္ကသိုလ်မှ ရူပဗေဒသိပ္ပံ (ဂုဏ်ထူး) (၁၉၆၂)၊ ဗြိတိန်နိုင်ငံ ဆာရေးတက္ကသိုလ်မှ မဟာသိပ္ပံ (၁၉၆၇)၊ ပါရဂူ (၁၉၇၃) ဘွဲ့များနှင့် MInstP IOP Lond,1968;CPhys FInstP Lond, 1982; CSci 2004,London ပညာရေး သဟာယ အဖွဲ့များတွင် ပါဝင်ခဲ့သည်။

အင်္ဂလိပ်-မြန်မာဘာသာများဖြင့် ပညာရပ်စာတမ်း စာအုပ်များ၊ ကျောင်းသုံးစာအုပ်များ ပြုစုခဲ့သည်။ နောက်ဆုံး ထွက်စာအုပ်မှာ၂ဝ၁ဝ တွင် မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံ ပညာရှင်များအသင်းမှ ထွက်သည့် "Nuclear Physics in a Nutshell: Graduate Lectures on Physics" စာအုပ်ဖြစ်သည်။ ၁၉၉၄ မှစ၍ ရန်ကုန်တက္ကသိုလ်တွင် ရလေတီဗတီနှင့် ကွမ်တမ်သီအိုရီ ပညာရပ် ပါရဂူဘွဲ့ယူ သုတေသနများကို ကြီးကြပ်ပေးခဲ့သည်။ တက္ကသိုလ်ဝင်တန်း ရူပဗေဒသင်ရိုးကိုလည်း မြှင့်တင်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရူပဗေဒပါမောက္ခအဖြစ် ၂ဝဝ၆ ထိ ဆောင်ရွက်ခဲ့သည်။[၁]

Comments:A peep behind the curtain of Myanmar education system (Burma Digest's article): ဟု Facebook မှတ်စုရေး၍ မြန်မာနိုင်ငံ ပါရဂူဘွဲ့ယူ သင်တန်းများဘက်မှ ခုခံပြောဆိုခဲ့သည်။

“ပညာရပ်ကို တန်ဖိုးထားတဲ့ သူလိုလူမျိုးရှားတယ်၊ ဆရာခ (ဒေါက်တာမောင်မောင်ခ)၊ ဦးစံသာအောင်တို့ တပည့် မြန်မာပြည်ရဲ့ နောက်ဆုံးပညာရှင်အစစ်မျိုးဆက်ပါပဲ” ဟုလည်း တပည့်ဟောင်းက ပြောကြားခဲ့သည်။

ဦးလှညွန့် (IAEA)၊ ဒေါက်တာဖရယ်ဒီဘလှီ (အသုံးချသုတေသနဌာန)၊ ပါမောက္ခ ဒေါက်တာတင်အောင်၊ ဦးသိန်းဦးဘိုးစော၊ ပါမောက္ခဒေါက်တာတင်လှိုင် (ဘိုးလှိုင်) စသူတို့မှာ အစောပိုင်း မြန်မာအဏုမြူ ရူပဗေဒပညာရှင်များ ဖြစ်သည်။

ဒေါက်တာစိန်ထွန်းသည် သမီးတော်ဇာဘော်လီ ဦးဘသိန်း၏ သမက်လည်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှူးဟောင်း ပါမောက္ခ ဒေါက်တာစိန်ထွန်းသည် ၂၀၁၁-ခု၊ ဇန္နဝါရီလ(၂၄)ရက် အသက် ၇၁ နှစ်အရွယ် ရန်ကုန်၌ ကွယ်လွန်သွားသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. "Dr. Sein Tun passes away at 71"၊ Mizzima၊ 26 January 2011။ 8 April 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 1 February 2011။ 

[၁] Archived 28 January 2011 at the Wayback Machine.