စိန့်ပီတာ ကောလိပ် ၊ အော့ကလန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
St Peter's College, Bro O'Driscoll Building (1939, additions 1944)

စိန်.ပီတာကောလိပ်၊ အောက်ကလန် (Auckland) သည်၊ နယူးဇီလန်နိုင်ငံ၊အောက်ကလနf (Auckland) မြို့လည်ရှိ၊ ယောင်္ကျားလေးများအတွက်၊ကက်သလစ်အထက်တန်းကျောင်းဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင်အကြီးဆုံးကက်သလစ်အထက်တန်းကျောင်းလည်းဖြစ်ပါသည်။ ထိုကျောင်းကို ၁၉၃၉ ခုနှစ်က ခရစ်ယန်ညီအစ်ကိုများက တည်ထောင်ခဲ့သော်လည်း၊ ၂ဝဝ၈ ခုနှစ်မှစပြီး လုံးလုံးလျားလျား သာမန်ဝန်ထမ်းများဖြင့်သာဖွဲ့စည်းဆောင်ရွက်ပါသည်။ ကျောင်းတွင်အများဆုံးကျောင်းသား ၁၂ဝဝ ခန့် ရှိပြီး လူမျိုးပေါင်းစုံပါဝင်ပါသည်။

ထိုကျောင်းက၊ အထက်တန်းကျောင်းသားများကို ပညာရပ်ဆိုင်ရာအားဖြင့်၊ အမျိုးသားပညာရေးအောင်လက်မှတ် စစ်ဆေးမှုစံနစ် (NCEA) နှင့်၊ ကင်းဘရစ်အပြည်ပြည်ဆိုင်ရာစာမေးပွဲ (CIE) နှစ်ခုလုံးအတွက် သင်ကြားပေးပါသည်။ အဆိုပါကျောင်းတွင် အပြည်ပြည်ဆိုင်ရာကျောင်းသား ၇ဝ ပါတ်ဝန်းကျင်ခန့်စာသင်ကြားရန်စာရင်းသွင်းပါသည်။ စီးပွားရေးလုပ်ငန်းရှင်နှင့်လှေလှော်ရွက်တိုက်ဝါသနာရှင် ဆာမိုက်ကယ်လ်ဖေး (Sir Michael Fay) ၊ ကဗျာဆရာ စမ်မ်ဟန့်တ် (Sam Hunt) တို့မှာ နာမည်ကျော်ကြားလူသိများသော စိန့်ပီတာကောလိပ်ကျောင်းထွက်များ ဖြစ်ပါသည်။

ကျောင်းအင်တာနက်စာမျက်နှာ၊ www.st-peters.school.nz

ကျောင်းဆောင်ပုဒ်၊ ချစ်ခင်မေတ္တာထားရန်နှင့်အကျိုးဆောင်မှုပြုရန်

ကျောင်းအမျိုးအစား၊ စုပေါင်းကက်သလစ်ကျောင်းသားအထက်တန်းကျောင်း (၇ တန်း မှ ၁၃ တန်းအထိ)

လိပ်စာ၊ ၂၃ မောင်းတိန်း လမ်း (Mountain Road) အက်ပ်စွန်မf (Epsom)၊ အောက်ကလန် ၃ (Auckland 3) ၊ ဖုန်း +၆၄၉၅၂၄၈၁ဝ၈။ ဖက်စ် +၆၄၉၅၂၄၉၄၅၉

အီလက်ထရောနစ်လိပ်စာ admin@st-peters.school.nz

ကျောင်းအုပ်၊ ကေ၊အက်၊ ဖေါင်ဟီ(K.F.Fouhy)