စာရာမေတိတောင်

ဝီကီပီးဒီးယား မှ
စာရာမေတိတောင်
စာရာမေတိတောင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စာရာမေတိတောင်
စာရာမေတိတောင်
အိန္ဒိယနိုင်ငံနယ်စပ်ရှိ စာရာမေတိတောင်
အမြင့်ဆုံးအမှတ်
အမြင့်၃,၈၂၆ m (၁၂,၅၅၂ ft)[၁]
ပေါ်လွင်မှု၂,၈၈၅ m (၉,၄၆၅ ft)[၁]
အဆင့် ၁၁၃
Isolation၂၇၀ km (၁၇၀ mi) Edit this on Wikidata
စာရင်းသွင်းခြင်းUltra prominent peak
ကိုဩဒိနိတ်25°44′24″N 95°2′15″E / 25.74000°N 95.03750°E / 25.74000; 95.03750ကိုဩဒိနိတ်: 25°44′24″N 95°2′15″E / 25.74000°N 95.03750°E / 25.74000; 95.03750[၁]
ပထဝီဝင်
တည်နေရာမြန်မာအိန္ဒိယ နယ်စပ်
ပင်မတောင်တန်းနာဂတောင်တန်း[၂]
တောင်တက်ခြင်း
ပထမဆုံး တက်ရောက်ခြင်းမသိရှိရ

စာရာမေတိတောင်သည် မြောက်လတ္တီတွဒ် ၂၆° ၄၄' နှင့် အရှေ့လောင်ဂျီတွဒ် ၉၅° ဝ၂' အကြား မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း အာသံ-မြန်မာနယ်စပ်အနီး နာဂတောင်တန်းတွင် တည်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆင်ဂလိန်း ခန္တီးမြို့ အနောက်တောင်ယွန်းယွန်း မိုင် ၁၃ဝ ကွာဝေးသည်။ အမြင့်ပေ ၁၂,၆၂၂ ရှိပြီး ဆောင်းအခါ ဆီးနှင်းများ ဖုံးလွှမ်းသည်။ အာသံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်အဖြစ်လည်း ပိုင်းခြားထားသည်။ စာရာမေတိတောင်ကြော တစ်လျောက်၌ နာဂလူမျိုးများ နေထိုင်ကြသည်။

၁၉၅၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ယေးတက္ကသိုလ်၊ ပေဗိုဒီပြတိုက်မှ သားငှက်တိရစ္ဆာန် လေ့လာရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ သစ်တောဌာနမှ အရာရှိများ စာရာမေတိ တောင်ထိပ်သို့ တက်ခဲ့ကြသည်။ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်မှူးကြီး လှအောင် အမှူးပြုသော မြေတိုင်းအဖွဲ့ဝင်များသည် အာသံ-မြန်မာနယ်နိမိတ် ကျောက်တိုင် အမှတ် ၁၃၈ ကို စာရာမေတိတောင်ပေါ်၌ စိုက်ထူခဲ့သည်။

စာရာမေတိ တောင်ကြောတစ်လျှောက်၌ ရိုဒိုဒင်ဒရမ်ခေါ် တောင်ဇလပ်၊ ထင်ရူး၊ ကျောက်ထင်းရူး၊ သစ်မင်း၊ ဝက်သစ်ချ၊ ပရီမြူလာ၊ လီလီနှင့် ဝဥပင်အမျိုးမျိုး တွေ့ရသည်။ တစ်ချိန်က စာရာမေတိတောင်ကြော တစ်လျှောက်၌ ကြံ့များ အများအပြား တွေ့ကြရသော်လည်း ယခုအခါတွင်မူ ကြံ့အနည်းငယ်သာ တွေ့ရှိနိုင်တော့သည်။ ကတိုးကောင်နှင့် တောင်ဆိပ်များပေါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ Burma and Eastern India - 19 Mountain Summits with Prominence of 1,500 meters or greater။ Peaklist.org။ 2011-12-29 တွင် ပြန်စစ်ပြီး။
  2. The story behind apple revolution in Nagaland
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)