စာကူးစက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စာကူးစက်[ပြင်​ဆင်​ရန်​]

စာကူးစက်ဆိုသည်မှာ စာကိုသာမက ရုပ်ပုံများကိုပါ မိတ္တူ ပေါင်းများစွာ ကူးယူနိုင်သော စက်ဖြစ်သည်။ စာကူးစက်ဟူ၍ ခေါ်ရသော်လည်း အချို့ကိရိယာများမှာ စက်မပါချေ။ အလွယ် ဆုံးသော စာကူးနည်းမှာ ဤသို့ဖြစ်၏။ အအေးခံထားသော ကျောက်ကျောပြင်ပေါ်သို့ စာကူးမင်ဖြင့် ရေးထားသည့် စက္ကူ ကို မင်သားဖက်မှ ဖိပေးလိုက်ရ၏။ ထိုနောက် ခပ်ပွပွ ဗလာ စက္ကူများကို ယင်းကျောက်ကျောပြင်ပေါ်သို့ ဖိကာဖိကာ မိတ္တူ များကို ရယူနိုင်သည်။ သို့သော် တစ်ကြိမ်လျှင် မိတ္တူ ၅ဝ ခန့် ထက် ပို၍ ကူးမရပေ။ ဟက်တိုဂရမ်ခေါ် စာကူးကိရိယာမှာ ဤနည်းမျိုးပင် ဖြစ်၏။

မိတ္တူကူး မင်စက္ကူများကို အသုံးပြုခြင်းသည်လည်း စာကူး ခြင်းပင် ဖြစ်သည်ဟု အချို့က ယူဆကြ၏။ ယခုအခါ အများ ဆုံး အသုံးပြုသည့် စာကူးနည်းမှာ စာကူးရန် စီမံပြုလုပ်ထား သော ဖယောင်းစက္ကူ( Wax Pasper)ပေါ်၌ စာကို လက်နှိပ်စက်ဖြင့် ရိုက်ပြီး သော်၎င်း စာ သို့မဟုတ် ပုံစံများ၊ ရုပ်ပုံများကို လက်ရေးဖြင့် ရေးပြီးသော်၎င်း ထိုဖယောင်းစက္ကူကို တစ်ဖန် စာကူးစက်ပေါ် တွင်တင်ကာ မိတ္တူ အမြောက်အမြား ကူးသည့်နည်း ဖြစ်၏။

ထိုနည်း၏ သဘောမှာ ဤသို့ဖြစ်၏။ ဖယောင်းစက္ကူကို လက်နှိပ်စက်ဖြင့် ရိုက်သောအခါဖြစ်စေ၊ စာကူးရန်အတွက် အသုံးပြုသည့်ကလောင်ဖြင့် ရေးသောအခါဖြစ်စေ၊ ဖယောင်း စက္ကူ၌ ထုတ်ချင်းခပ် မပေါက်ရုံကလေးမျှရှိသော စာလုံးရာ သို့မဟုတ် ရုပ်ပုံများထင်၍ ကျန်ရစ်လေသည်။ ထိုမိတ္တူဖယောင်းစက္ကူကို စာကူးစက်ပေါ်သို့ တင်၍ ရိုက် လိုက်သောအခါ ဖယောင်းစက္ကူအောက်မှ မင်ဆွတ်ထားသည့် အဝတ်မှာ မင်များသည် ထုတ်ချင်းခပ်နီးပါးဖြစ်သော နေရာ များမှ စိမ့်ဝင်ကာ စာကူးစက်ထဲရှိ စက္ကူများကို ထင်စေလေ သည်။ ဗိသုကာများ အသုံးပြုသော အိမ်ပုံစံများ၊ မြေပုံများ ကူးရာ၌ ပိတ်ချောဆီစိမ် ပုံကူးစက္ကူပေါ်တွင် မင်နက်ဖြင့် ပထမရေးဆွဲရသည်။ ထိုနောက် ယင်းပုံကူးစက္ကူကို ဓာတ်ဆေး ဖြင့် သုတ်လိမ်းထားသည့် စက္ကူပေါ်၌ ထပ်၍ဖြန့်ကာ အလင်း ရောင်ကို ပြရ၏။ ထိုအခါ မင်နက်ကြောင့် အလင်းရောင် မဝင် နိုင်သောနေရာတို့သည် ဖြူ၍ ကျန်ရစ်ခဲ့ပြီးလျှင် ကျန်အလင်း ရောင် မိသွားသော နေရာတို့မှာ ပြာ၍ ကျန်ရစ်သည်။ ဤ အကြောင်းကြောင့် လိုရာပုံစံများသည် ဓာတ်ဆေးသုတ်ထား သော စက္ကူပေါ်တွင် ပေါ်၍လာလေသည်။ ထိုနည်းဖြင့် အိမ်ပုံစံ များ၊ မြေပုံများကို အလိုရှိသလောက် ကူးယူနိုင်၏။ သို့သော် ဤနည်းကိုလည်း စာ သို့မဟုတ် ပုံကူးနည်းဟု ဆိုကြ၏။

ဤနည်းအလားတူ ဓာတ်ပုံဖြင့် စာ သို့မဟုတ် ရုပ်ပုံများကို ကူးယူနိုင်၏။ ဗိသုကာများ အသုံးပြုသော အိမ်ပုံစံများ၊ မြေပုံ များကို မိတ္တူကူးရာ၌ ရရှိသော ပုံစံပြာများမှာ ဓာတ်ပုံကူးသော နည်းမျိုးနှင့် သဘောချင်း အတူတူပင် ဖြစ်၏။


ရှေးကမူ အလိုရှိသော စာများ၊ပုံစံများ၊ ရုပ်ပုံများကို ဓာတ်ပုံ ရိုက်ပြီးလျှင် လိုသည့်အရွယ်ကို ကူးချဲ့ကြ၏။ ယခုမူ မိုက္ကရို ဖလင်နည်းကို အသုံးပြုလာကြ၏။ မိုက္ကရိုဖလင်နည်းဖြင့် စာကူးပုံမှာ လိုအပ်သော စာတမ်း၊ ရုပ်ပုံ၊ ပုံစံများကို လက် နှစ်လုံး ခန့်မျှသာ ဓာတ်ပုံဖလင်ကော်ပြားဖြင့် ချုံး၍ တစ်ဆက် တည်း ရိုက်ကူးခြင်းပင် ဖြစ်၏။ ဤသို့ ကူးထားသော စာနှင့် ရုပ်ပုံတို့ကို ကြည့်ရှုလိုသော် အခွေလိုက် သိမ်းဆည်းထားသော ဓာတ်ပုံကော်ပြားများကို ပြစက်ဖြင့်ပြကာ ကြည့်ရှုရသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)