စမြိတ်ပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စမြိတ်ပင် ၊ စမုန်ညို
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Plantae]]
မျိုးစဉ် [[Apiales]]
မျိုးရင်း [[Apiaceae]]
မျိုးစု '''''Anethum'''''
မျိုးစိတ် '''''A. graveolens'''''
ဒွိနာမ
''Anethum graveolens''

[ပြင်​ဆင်​ရန်​] Dill (စမြိတ် ၊ စမုန်ညို)

  • Botany Term : Peucedanum graveolens Benth
  • Species/Family : Umbelliferae


ပုံသဏ္ဌာန် : အပင် - ၂ ပေမှ ၃ ပေအထိမြင့်၏ ။ တစ်နှစ်ခံ ပင်ငယ်မျိုးဖြစ်သည်။ အရွက် - ရွက်ပေါင်းဖြစ်၏ ။ ရွက်မြွာငယ်သည်။ အလွန်နူးညံ့၏ ။ ထိပ်ဖျား အခွလေးများ ရှိ၏ ။ အပွင့် - သေးငယ်၏ ။ အနည်းငယ် ဝါ၏ ။ ထီးပုံသဏ္ဍာန် ပန်းခိုင်ပေါ်တွင် ပွင့်၏ ။ အသီး - သေးငယ်၏ ။ အစေ့သည် တရုတ်နံနံ စေ့ အရွယ်ခန့်ရှိ၍ ညိုဝါရောင်ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အထက်ပိုင်းတွင် စိုက်ပျိုးပေါက်ရောက်နိုင်သည်။သဘာ၀အလျောက် ပေါက်ရောက်သည်။ ယခုအခါ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ စိုက်စနစ်။ ။ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်း ဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း တို့မှာ စမုန်စပါးအတိုင်း ဖြစ်သည် ။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ စမြိတ်သည် စပ်၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ။ လေသလိပ်ကို ငြိမ်းစေ၏ ။ အဖျား၊ အနာပေါက် ၊ ထိုးအောင့် ခြင်း ၊ မျက်စိရောဂါတို့၌ အကျိုးပြု၏ ။ သလိပ် ၊ သည်းခြေ သွေး လေတို့နှင့် ယှဉ်သော အနာ ၊ လေပူသောအနာနှင့် အော့အန်ခြင်း တို့ကို နိုင်၏ ။

အသုံးပြုပုံ- အစေ့ ၁။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။ ၂။ စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။ ၃။ စမြိတ်စေ့ကို ရေနွေးဖြော၍ သောက်စေပါက သားဖွားပြီးသော မိန်းမများအတွက် နှလုံးကို အလွန်အားပေး၏။ မီးတွင်းဆေးအနေနှင့် လည်း သုံးနိုင်သည်။ အရွက် ၁။ အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။ [၁]

[ပြင်​ဆင်​ရန်​] ကိုးကား

  1. http://arogyamonline.com/commodity/materials/?raw=38
ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်