| စမုန်စပါး |
 |
| သိပ္ပံနည်းကျမျိုးခွဲခြင်း |
|
|
| ဒွိနာမ |
| ''Foeniculum vulgare'' |
- Botany Term : Foeniculum vulgare Gaertn
- Species/Family : Umbelliferae
ပုံသဏ္ဌာန် : အပင် အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ပေခန့် ထိ မြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါသည်။ ရိုးတံမှ အကိုင်း အခက် ကလေးများ ထွက်၏ ။ အရွက် အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏ ။ မွှေးကြိုင်သော အနံ့ရှိသည်။ အပွင့် သေးငယ်၍ အဝါရောင်ရှိသည်။ ထီးပုံသဏ္ဍာန် ပန်းခိုင် တွင်ပွင့်၏။ အသီး အနှံကလေးများသဖွယ် အသီးကလေးများ စုပြုံသီးကြသည်။ ဥသဏ္ဍာန်ရှိ၏ ။ အစေ့သည် စိမ်း၍ ကြာသော် ဝါသွား၏။ အစေ့မွှေးကြိုင်သော အနံ့ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။ အပူပိုင်း ဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။ အအေးပိုင်းဒေသတွင်နှစ်ရှည်ခံပင်ဖြစ်သည်။ ပေါက်ရောက်ပုံ စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။ စိုက်ပျိုးပုံ- (က) ပျိုးထောင်စိုက်ပျိုးခြင်း စမုန်စပါးပင်များကို တစ်ပင်နှင့် တစ်ပင် ၁ပေကွာ လေးကွက်ကျား စိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ ပေ ခြား၍ လေးကွက် ကျား ကြောင်း ဆွဲပြီး ၎င်းတို့ ဆုံသော နေရာများတွင် မျိုးစေ့ ၄ စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။ (ခ) ထိန်းသိမ်းပြုစုခြင်း စိုက်ပျိုးထားသော စမုန်စပါးပင်များအား ပေါင်းပင်များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီ ကြားပေါင်းထွန်လိုက်ခြင်း ၊ ပင်ခြေတွင် ပေါင်းရှင်း ပေးခြင်း ၊ မြေဆွပေးခြင်းများ ပြုလုပ်ပေးရပါသည်။ (ဂ) ရိတ်သိမ်း ဆွတ်ခူးခြင်း တပို့တွဲလအတွင်း ရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။ (ဃ) ပြုပြင် ထုတ်လုပ်ခြင်း အသီးခြွေရာတွင် နွားဖြင့် ခြွေပါက မျိုးစေ့ များ ကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီး ခြွေယူရ၏ ။ ရရှိသော စမုန်စပါးမျိုးစေ့များကို အခြောက်ထားရသည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်း များ အလိုအရ စမုန်စပါးသည် ပူ၏ ၊ အစာကို ကြေညက်စေ၏ ။ လေ ၊ သလိပ် ၊ သွေးကို ဖြောင့်စေ၏ ၊ ညီမျှစေ၏ ။ နှလုံးကို အကျိုးပြု၏ ။ ဝမ်းမီး နုံ့ခြင်း ကို ပျောက်ကင်း စေတတ်၏ ။ လေအားကြီး သောအနာ ၊ အတွင်းပူနာ ၊ ရေငတ်နာတို့ကို နိုင်၏ ။ အသုံးပြုပုံ- အစေ့ ၁ ။ စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏ ။ ၂ ။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။ ၃ ။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။ ၄ ။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။ ၅ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း ၏။ ၆ ။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။ အရွက် ၁ ။ အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ ဆီး အောင့်ပျောက်၍ ဆီးကောင်းစေသည်။[၁]
- ↑ http://arogyamonline.com/commodity/materials/?raw=52