အက်သယ် စမိုက်

Wikipedia မှ
(စမိုက်အီ၊ အမ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စမိုက်အီ၊ အမ်(ခရစ် ၁၈၅၈-၁၉၄၄)[ပြင်​ဆင်​ရန်​]

အီသယ်စမစ်

အင်္ဂလိပ် အမျိုးသမီး ဂီတစာဆိုနှင့် စာရေးဆရာမကြီး အက်သယ်မေရီစမိုက်သည် ၁၈၅၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ တွင် လန်ဒန်မြို့၌ ဖွားမြင်၍ ဗိုလ်ချုပ် ဂျေ၊ အိပ်၊ စမိုက်၏ သမီးြုဖစ်သည်။ အင်္ဂလိပ်စာဆိုလောကတွင် တစ်ဦးတည်းသော ထင်ရှားသည့် အမျိုးသမီး ဂီတစာဆိုဖြစ်၏။ ၁၉၂၂ ခုနှစ်တွင် ဒီ၊ ဘီ၊ အီး ခေါ် ဗြိတိသျှနိုင်ငံတော် အမျိုးသမီးဘွဲ့ထူးကို ရရှိ သည်။ အက်သယ်သည် ငယ်စဉ်အခါက ဂျာမနီနိုင်ငံ လိုက် ပဆစ်မြို့၌ ဂီတစာဆိုကျော်ကြီး ဟိုင်းနရစ်ဖွန်ဟတ်ဆို ဂင်ဗတ် ထံတွင် ဂီတပညာကို လေ့လာဆည်းပူးခဲ့သည်။ သူစပ်ဆိုသော သီချင်းများသည် အင်္ဂလန်ပြည်မှာထက် ဥရောပတိုက်၌ ပိုမို ကျော်ကြားသည်။ အက်သယ်သည် အင်္ဂလိပ်ဂီတစာဆိုပင် ဖြစ် လင့်ကစား ဂီတပညာကို ဂျာမနီနိုင်ငံ၌ လေ့လာဆည်းပူးခဲ့သူ ဖြစ်သည့်အလျောက် သူ၏ သီချင်းများမှာ အင်္ဂလိပ်မဆန်ဘဲ ဂျာမန်ဆန်လေသည်။ ရှေးဦးစွာ သူစပ်ဆိုသော ဖန်တာဇီယိုခေါ် အော်ပရာဇာတ်ပွဲကို ရုံတင်ပြသရာတွင် လူကြိုက်များ လှ၏။

ထိုနောက် ဆက်လက်၍ လိုက်ပဆစ်၊ ပရာဟ၊ ဗီယင်းနား စသည့် မြို့ကြီးများတွင် သူကိုယ်တိုင်ရေးသားသော အော်ပရာ ဇာတ်များကို ရုံတင်ပြသခဲ့သည်။ လန်ဒန်မြို့တွင် ကင်ဗင့် ဥယျာဉ်၌ ရုံတင်ပြသော ဒါဝေါအော်ပရာဇာတ်မှာ အလွန် ကျော်ကြားသည်။ ထိုဇာတ်များအပြင် သီချင်းများကိုလည်း စီကုံးခဲ့သဖြင့် ထင်ရှားသော အမျိုးသမီးစာဆိုကြီး ဖြစ်သည်။ သူသည် အမျိုးသမီးများ အဖိအနှိပ်ခံရမှုမှ တော်လှန်ရေးတွင် အရေးပါစွာ ဝင်ရောက်ဆောင်ရွက်ကာ 'အမျိုးသမီးများ ချီတက် ခဲ့'ဟူသော အမျိုးသမီးများ စိတ်တက်ကြွဖွယ်ရာ သီချင်းကို ရေးသားခဲ့သည်။ ထိုအမျိုးသမီး ဂီတစာဆိုကား ၁၉၄၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)