စပေါ့တီဖိုင်း
Wikipedia မှ
| အမျိုးအစား | Private |
|---|---|
| လုပ်ငန်း | Music |
| တည်ထောင်သည့်နှစ် | 2006 |
| တည်ထောင်သူများ | Daniel Ek, Martin Lorentzon |
စပေါ့တီဖိုင်း(Spotify) ဆိုသည် မှာ ဆွီဒင်အခြေဆိုက် အင်တာနက် အသုံးပြု၍သီချင်း ထုတ်လွှင့်သည့် ကုမ္ပဏီဖြစ်သည်။ ၎င်းသည် အင်တာနက်ပေါ်တွင် သီချင်းခိုးကူးမှုများကို ပပြောက်စေရန် ရည်ရွယ်ကာ၊ ကြော်ငြာပါ သီချင်းများကို အခမဲ့နားထောင်ခွင့်ပေးထားခြင်း၊ သီချင်းများအား ရောင်းချခြင်း၊ အဖွဲ့ဝင်အဖြစ် အခကြေးငွေပေး၍ ကြိုက်သလောက် ကြော်ငြာမပါဘဲ နားထောင်ခွင့်ပေးထားခြင်း စသည့်ပုံစံအမျိုးမျိုးဖြင့် ဥရောပ နိုင်ငံတချို့နှင့် အမေရိကန်နိုင်ငံသို့ ဝန်ဆောင်မှု ပေးလျက်ရှိသည်။