စပါးကြီးမြွေ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
စပါးကြီးမြွေ
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Status iucn3.1 VU.svg
Vulnerable
(IUCN Red List Ver.3.1 (2001))[၁]
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Reptilia]]
မျိုးစဉ် [[Squamata]]
မျိုးစဉ်သေး [[Serpentes]]
မျိုးရင်း [[Pythonidae]]
မျိုးစု [[Python]]
မျိုးစိတ် '''''P. bivittatus'''''
ဒွိနာမ
''Python bivittatus''

စပါးကြီးမြွေသည် ၁ဝ ပေမှ ပေ ၂ဝ အထိရှည်၍ တစ်ခါ တစ်ရံ ပေ ၃ဝ မျှပင် ရှည်တတ်သည်။ စပါးကြီးမြွေ၍ အဆိပ် မရှိချေ။ သို့ရာတွင် သမင်စသော သတ္တဝါများကို မိမိ၏ကိုယ် ဖြင့် ရစ်ပတ်ကာဖျစ်ညှစ်ဆွဲဆန့် သတ်ဖြတ်ပြီးနောက် အကောင် လိုက် မျိုချတတ်သည်။ စပါးကြီးမြွေများကို အာရှ၊ အာဖရိက နှင့် ဩစတြေးလျတိုက်များရှိ အပူပိုင်းဒေသများ၌ တွေ့ရ သည်။ အရောင်မှာ အဝါ၊အညို၊အမည်းတို့တွင် မှန်ကူကွက်များ ကဲ့သို့ အကွက်များဖြစ်နေရာ ယင်းကို သစ်ကိုင်း သစ်ခက်နှင့် သစ်ပင်ရိတ်များအကြားတွင် လွယ်ကူစွာ မြင်နိုင်ရန် ခဲယဉ်း သည်။ ရေတိမ်ရာ ပွက်တောများ၌ အနေများသည်။ ရေကူး၊ သစ်ပင်တက် ကျင်လျင်သည်။

စပါးကြီးမြွေသည် တဖြည်းဖြည်းကြီးသော မြွေမျိုးဖြစ်သည်။ အသက်ရှည်ရှည်နေသည်။ မြွေမသည် ဥအလုံးတစ်ရာ နီးပါးမျှ အုတတ်၍ ဥမှ အကောင်ကလေးများ ပေါက်သည့်တိုင်အောင် မည်သည့်နေရာသို့ မသွားဘဲ ဥများကို ရစ်ပတ်၍ စောင့်ရှောက် နေတတ်သည်။ ထိုသို့ဝပ်နေသော အချိန်တွင် မြွေမသည် အစာ မစားချေ။

စပါးအုံးသည် စပါးကြီးမြွေ အငယ်စား ဖြစ်သည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. Template:IUCN
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)