စထရက်ပတိုမိုင်ဆင်
[ပြင်ဆင်ရန်] စထရက်ပတိုမိုင်ဆင်
စထရက်ပတိုမိုင်ဆင်သည် ဒုတိယကမ္ဘာစစ်အတွင်းက ပင်နီ ဆလင်နှင့် မရှေးမနှောင်း ပေါ်ပေါက်ခဲ့သော ဆေးဖြစ်၏။ သော ထိုးဆေးဖြစ်သည်။ စထရက်ပတိုမိုင် ဆင်ကို တွေ့ရှိဖေါ် စပ်သူမှာ အမေရိကန်ပြည်ထောင်စု၊ ရတ်ဂျာတက္ကသိုလ်မှ ဆဲလမင်းအေ ဝပ်စမင်း ဆိုသူဖြစ်၏။ စထရက် ပတိုမိုက်ဆင် သည် ပင်နီဆလင်ဖြင့်ထိရောက်စွာ မကုနိုင်သော အချို့ရောဂါ များကို ထိရောက်စွာ ကုသနိုင်သည်။
စထရက်ပတိုမိုင်ဆင်သည် မည်သည့် ရောဂါဝေဒနာကို တကယ်တမ်း ထိရောက်စွာ ပျောက်ကင်းစေနိုင်ကြောင်း ယခု ထက်တိုင် တပ်အပ်သေချာစွာ မသိရသေးချေ။ ဆေးဖက်ဆိုင်ရာ သိပ္ပံပါရဂူတို့သည် ဆက်လက်၍ စမ်းသပ်လေ့လာနေဆဲပင် ဖြစ်၏။ စထရက်ပတိုမိုင်ဆင်သည် တျူဗာရယ်ပိုးစွဲနာ(တီဗီ) ကုသရာတွင် အကောင်းဆုံးနှင့် အထက်မြက်ဆုံး ဖြစ်သည် ကိုကား ယုံကြည်ကြသည်။ သို့ရာတွင် တျူဗာကယ် ပိုးစွဲနာ ပျောက်ကင်းစေသည်ကို တပ်အပ်သေချာစွာ ဝန်မခံနိုင်သေး ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးဖြင့်ကုသရာတွင် အချို့သာ ပျောက်ကင်း၍ အချို့မှာ မပျောက်ကင်းသောကြောင့် ဖြစ်သည်။ ပင်နီဆလင်ကဲ့သို့ပင် စထရက်ပတိုမိုင်ဆင်သည် ရောဂါပိုးများ တိုးပွား မလာအောင် တားဆီး ထားပြီးလျှင် ကိုယ်ခန္ဓာ အတွင်းရှိ ပိုးများကို ရောဂါပိုးများအား တွန်းလှန်ဖြိုဖျက် နိုင်သောအခြေ ပြန်လည်ရရှိအောင် ဖန်တီးပေးနိုင်သည်။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)