စတော့ခ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

Stock (အစုရှယ်ယာ) ဆိုတာ ကုမ္ပဏီတစ်ခု (သို့) ကော်ပိုရေးရှင်းတစ်ခုကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခြင်းလို့ စီးပွားရေး၊ ငွေရေးကြေးရေး တို့နှင့်သက်ဆိုင်သော အဖွဲ့အစည်းများက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။

ဆရာ ဘိုဘိုကျော်ငြိမ်း ကတော့ “အမေရိကန်ဆပ်ပရိုင်း၊ ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေးပြဿနာ” ဆိုတဲ့ဆောင်းပါးမှာ Stock ဆိုတာကို အောက်ပါအတိုင်းရှင်းလင်းထားပါတယ်။ ““ကျနော်က စီးပွားရေး လုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ်ကူကူ ပလပ်စတစ်အိတ်တွေ ထုတ်တဲ့ လုပ်ငန်းလုပ်ချင်တယ် ဆိုပါစို့။ လွယ်လွယ် တွေးနိုင်အောင် ချမ်းသာတဲ့မိတ်ဆွေ သော်လည်းကောင်း ဘဏ်ကသော် လည်းကောင်း ငွေ ၅ သိန်းကို သုံးရစ်ထုတ် ချေးပြီး စက်ရုံတည်တယ် ဆိုပါစို့။ တနှစ်၊ တနှစ်ခွဲ အကြာမှာ ကျနော့်ဆီက ဝယ်မယ့်သူ အယောက် ၂ဝ လောက် ဖြစ်လာလို့ နောက်ထပ် Customer ၁ဝ ယောက်လောက် အလားအလာ ရှိနေပြီ။ ပြိုင်ဘက်တွေထက် သာဖို့ စက်အသစ်တွေ ဝယ်ရမယ်။ ပစ်စည်းသစ်တွေ ထုတ်ရမယ်၊ အရောင်းသမားတွေ ထပ်ငှားရမယ်၊ စက်လည်မယ့်သူ အင်ဂျင်နီယာ အသစ်တွေ ထပ်ငှားရမယ်၊ အလားအလာလည်း ကောင်းနေပြီ၊ ငွေတသန်းခွဲ ထပ်လိုတယ် ဆိုပါတော့။ ဘဏ်က အတိုးများတယ်၊ သူငယ်ချင်းကလည်း ငွေ မပိုတော့ဘူး၊ ဘာလုပ်မလဲ။ အရင်းရှင်စနစ်မှာ ဆိုရင် မိမိရဲ့ ပိုင်ဆိုင်မှုကို မျှဝေပြီး ငွေဖော်နိုင်၊ ရောင်းနိုင်ပါတယ်။ မိမိရဲ့ လုပ်ငန်း ငွေ အဝင်အထွက်၊ အင်အား၊ အလားအလာကို ကြည့်ပြီး Investment Banker တွေက ဈေးကွက်ကိုကြည့်ပြီး ဈေးသတ်မှတ် ပေးလိမ့်မယ်။ လွယ်လွယ်နဲ့ နားလည်အောင် ပြောရရင် ဒီ Investment Bank ကပဲ ဦးစီးပြီး Stock တွေကို ဖော်ထုတ် ရောင်းပေးပါလိမ့်မယ်။ ဒါကို Stock offering လို့ ခေါ်ပါတယ်။ ပထမဆုံး Stock စရောင်းတာကို IPO (Initial Public offering) လို့ ခေါ်ပါတယ်။ ဈေးသိပ်ကြီးရင် လူမဝယ်ဘူး။ ဈေးသိပ်နိမ့်ရင်လည်း ကိုယ်နာတယ်။ ဒါကြောင့် ဒါတွေဟာ ပညာသား ပါလှတယ်။ တကယ်လို့ မိမိရဲ့ စတော့ (Stock) တခုကို ၁၅ ဒေါ်လာနဲ့ ရောင်းမယ်။ Stock ပေါင်း တသိန်း ထုတ်မယ်ဆိုရင် လိုတဲ့ ငွေ တသန်းခွဲ ရပြီမို့ လုပ်ငန်း ပိုမို တိုးချဲ့နိုင်ပြီပေါ့။ Stock ဝယ်တဲ့ သူကတော့ စွန့်စားမှု ရှိတယ်ပေါ့။ ဒီကုမ္ပဏီ အောင်မြင်ရင် မိမိဝယ်ရင်းလိုက်တဲ့ စတော့တွေက ဈေးတက်ရင် မြတ်ပြီ၊ မအောင်မြင်ရင် ရှုံးပြီပေါ့။ Stock ဝယ်ရင်ကုမ္ပဏီရဲ့ တစိတ်တဒေသကို ဝယ်ယူတာနဲ့ အတူတူပါပဲ။””