စတီဗင် ဂျရတ်

ဝီကီပီးဒီးယား မှ
(စတီဗင်ဂျရတ် မှ ပြန်ညွှန်းထားသည်)
Steven Gerrard MBE
လီဗာပူးလ် တွင် ကစားနေသော စတီဗင်ဂျရတ် (၂၀၁၄)
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ Steven George Gerrard
မွေးသက္ကရာဇ် (1980-05-30) ၃၀ မေ၊ ၁၉၈၀ (အသက် ၄၃)
မွေးရပ်ဇာတိ Whiston, Merseyside, အင်္ဂလန်
အရပ်အမြင့် ၆ ft ၀ in (၁.၈၃ m)[၁]
ကစားသည့်နေရာ အလယ်တန်း
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
LA Galaxy
အင်္ကျီနံပါတ်
လူငယ်ဘဝကလပ်များ
၁၉၈၇–၁၉၉၈ Liverpool F.C. Reserves and Academy
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၈–၂၀၁၅ လီဗာပူးလ် ၅၀၄ (၁၂၀)
၂၀၁၅– LA Galaxy ၁၃ (၂)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၉–၂၀၀၀ England U21 (၁)
၂၀၀၀–၂၀၁၄ အင်္ဂလန် ၁၁၄ (၂၁)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 17:18, 3 November 2015 (UTC)အထိ ဖြစ်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

စတီဗင်ဂျရတ်သည် အင်္ဂလန်ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပြီး ၎င်းကို ၁၉၈၀ မေ ၃၀ တွင်မွေးဖွားခဲ့သည်။ သူသည် အင်္ဂလန် ပရီးမီးယားလိဂ် လီဗာပူးဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်ပြီး အင်္ကျီနံပါတ် ၈ ကိုဝတ်ဆင်ကစားနေသည်။ စတီဗင်ဂျရတ်သည် အင်္ဂလန် နိုင်ငံလက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမားလည်းဖြစ်ပြီး အင်္ကျီနံပါတ် ၄ ကို ဝတ်ဆင်လေ့ရှိသည်။ သူဟာ အလယ်တန်းဗဟိုနေရာမှာ ကစားသမားဖြစ်သော်လည်း တစ်ခါတစ်လေ ညာတောင်ပံ နေရာမှာလည်း ကစားနေရသူပါ။ ဆုပေါင်းများစွာကို ရရှိဖူးသော ကစားသမား တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

လီဗာပူး လူငယ်အသင်းကို မရောက်ခင် ငယ်စဉ်ကစားသမားဘဝ ကို ဝှစ်တန် အသင်းမှာ ကစားနေရသူလည်း ဖြစ်ပါတယ်။ ထူးဆန်းစွာပဲ သူ့အသက် ၁၇ နှစ်မှာ လီဗာပူးရဲ့ အသင်းကြီး အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူရဲ့ ပထမဦးဆုံးဥရောပ ပွဲအတွေ့အကြုံကတော့ UEFA မှာ ဆယ်တာဗီဂိုနဲ့ ကန်ရတဲ့ ပွဲဖြစ်ပြီး အသင်းဖော် ရက်နက် နာသွားသော အချိန်မှာ လူစားဝင်ကစားရခြင်းဖြစ်ပြီး ၎င်းရာသီအတွင်း လီဗာပူးဘောလုံးအသင်း အတွက် ၁၃ပွဲ ကစားပေးခဲ့သော ဘောလုံးသမားပါ။

လီဗာပူးဘောလုံးအသင်းရဲ့ အသင်း၏ အသင်းခေါင်းဆောင်နေရာကို နည်းပြ ဟူလီယာက အောက်တိုဘာ ၂၀၀၃ မှာ ပေးအပ်ခဲ့ခြင်းကိုရရှိတာပါ။ သူ့ရဲ့ နိုင်လိုဇောကြီးမှု့၊ အသင်းဖော်များအား လွမ်းမိုးနိုင်မှု့ကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကို ရရှိခဲ့တာဟာ မှားမယ် မထင်ပါဘူး။ ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု့ကို ပယ်ချခဲ့တာဟာ သူက လီဗာပူးဘောလုံးအသင်းကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ အကြီးမားဆုံးအောင်မြင်မှု့က ချန်ပီယံလိဂ် သရဖူကို ၂၅ ရက်နေ့ မေ ၂၀၀၅ မှာ ရရှိခဲ့တာပါ။ ဒီပွဲမှာ ၃ ဂိုးပြတ် ပထမပိုင်းမှာရှုံးနှိမ့်နေပြီးမှာ ဒုတိယပိုင်း ၁၆ မိနစ်အတွင်း ခြေပဂိုး ၃ ဂိုးကို ရရှိပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အေစီမီလန် အသင်းကို အနိုင်ရရှိပြီး လီဗာပူး သမိုင်းမှာ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဂျရတ်လက်ထက်မှာ ထက်ရရှိစေခဲ့တာ။

ဂိုးဧရိယာ ကိုက် ၃၀ အကွာမှ မထင်မှတ်ပဲ ကန်ချက်တွေဟာ သူရဲ့ trademark တွေဆိုရင် မမှားပါဘူး။

ခေါင်းဆောင်းကောင်း စိတ်ဓာတ်[ပြင်ဆင်ရန်]

England အသင်းခေါင်းဟောင်းနှင့် Liverpool အသင်းခါင်းဆောင် စတင်ဗျင်ဂျရတ်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် အသင်းဖော်များ၊ မန်နေဂျာများ ချီးကျူးမှုတွေကနေတဆင့် မြင်တွေ့ရသည်။ အမြဲတမ်းပြဿနာရှာတတ်တဲ့ ဆွာရက်ကတောင် ဂျရက် လို ခေါင်းတောင်ပီသတဲ့သူကို ငါ့မတွေ့ဖူးသေးဘူးလို့ သူ(စတင်ဗျင်ဂျရတ်) ကို ချီးကျူးခဲ့သည်။[ကိုးကားချက်လိုသည်]

စတင်ဗျင်ဂျရတ်ဟာ ခေါင်းဆောင်ကောင်းဖြစ်တာလဲဆိုရင် သူဟာ တစ်ခြားအသင်းတွေကို အမြဲတမ်းချီးကျူးတတ်သလို ကိုယ့်အသင်းကိုလည်း အမြဲတမ်းသစ္စာရှိသော ကစားသမား တစ်ဦးဖြစ်သည်။ နောက်ဆုံးသူမှာရှိတဲ့ ခေါင်းဆောင်ကောင်းစိတ်ထားကိုကြည့်မယ်ဆိုရင်

  • (၁) စိတ်ရှည်သောသူဖြစ်ခြင်း
  • (၂) အလုပ်တစ်ခုလုပ်ပြီဆိုရင် သေချာစဉ်းစားပြီးမှ လုပ်ခြင်း
  • (၃) လူတိုင်းနဲ့ ပေါင်းတတ်ခြင်း(မတည့်တဲ့သူ ဆိုလို့ သူ့မှာမရှိဘူး)
  • (၄) သူများကို ဘယ်တုန်းကမှ နိမ်ပြီး မပြောခြင်း
  • (၅) သူမိသားစုလေးကို သာယာအောင် အမြဲလုပ်ခြင်း
  • (၆) သစ္စရှိသောသူ ဖြစ်ခြင်း
  • (၇) သူ့မှာရှိတဲ့ ပညာတွေကို မဝပ်ထားဘူး အမြဲတမ်းလူငယ်လေးတွေကို သင်ပြခြင်း
  • (၈) လွယ်လွယ်နဲ့ ဇွဲမလျှော့ခြင်း(ဥပမာ-ဘောလုံးပွဲတစ်ပွဲမှာ ရှုံးသော်လည်းပဲအမြဲတမ်း ကြိုးစားသူဖြစ်ခြင်း Champion League မှာ AC Milan-Liverpool တုန်းကလည်းပဲ အမှတ်ရကြအုံးမှာပါ)[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. 1st Team squad profiles: Steven Gerrard။ Liverpool F.C.။ 13 March 2012 တွင် ပြန်စစ်ပြီး။