စတီဗင်ဂျရတ်
| လူ | |
| အမည် | စတီဗင်ဂျရတ် |
| မွေးသက္ကရာဇ် | ၁၉၈၀ မေ ၃၀ |
| ကွယ်လွန်ရက် | |
| မိဘအမည် | |
| မွေးဖွားရာဒေသ | အင်္ဂလန် |
| အလုပ်အကိုင် | ဘောလုံး အားကစားသမား |
| ဝင်ရောက်ကစားသော အသင်းအမည်(များ) | လီဗာပူးဘောလုံးအသင်း |
| အင်္ကျီနံပါတ် | ၄ |
| ရရှိဖူးသော ဆုများ | လီဗာပူးအသင်းအတွက် ချန်ပီယံလိဂ် သရဖူ(၂၀ ရက်နေ့ စက်တင်ဘာ ၂၀၀၄)၊ |
စတီဗင်ဂျရတ်သည် အင်္ဂလန်ဘောလုံးအားကစားသမားတစ်ယောက်ဖြစ်ပြီး ၎င်းကို ၁၉၈၀ မေ ၃၀ တွင်မွေးဖွားခဲ့သည်။ သူသည် အင်္ဂလန် ပရီးမီးယားလိဂ် လီဗာပူးဘောလုံးအသင်း၏ အသင်းခေါင်းဆောင်ဖြစ်ပြီး အကျႌနံပါတ် ၈ ကိုဝတ်ဆင်ကစားနေသည်။ စတီဗင်ဂျရတ်သည် အင်္ဂလန် နိုင်ငံလက်ရွေးစင်အသင်း၏ ကွင်းလယ်ကစားသမားလည်းဖြစ်ပြီး အင်္ကျီႌနံပါတ် ၄ ကို ဝတ်ဆင်လေ့ရှိသည်။ သူဟာ အလယ်တန်းဗဟိုနေရာမှာ ကစားသမားဖြစ်သော်လည်း တစ်ခါတစ်လေ ညာတောင်ပံ နေရာမှာလည်း ကစားနေရသူပါ။ ဆုပေါင်းများစွာကို ရရှိဖူးသော ကစားသမား တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
လီဗာပူး လူငယ်အသင်းကို မရောက်ခင် ငယ်စဉ်ကစားသမားဘဝ ကို ဝှစ်တန် အသင်းမှာ ကစားနေရသူလည်း ဖြစ်ပါတယ်။ ထူးဆန်းစွာပဲ သူ့အသက် ၁၇ နှစ်မှာ လီဗာပူးရဲ့ အသင်းကြီး အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူရဲ့ ပထမဦးဆုံးဥရောပ ပွဲအတွေ့အကြုံကတော့ UEFA မှာ ဆယ်တာဗီဂိုနဲ့ ကန်ရတဲ့ ပွဲဖြစ်ပြီး အသင်းဖော် ရက်နက် နာသွားသော အချိန်မှာ လူစားဝင်ကစားရခြင်းဖြစ်ပြီး ၄င်းရာသီအတွင်း လီဗာပူးဘောလုံးအသင်း အတွက် ၁၃ပွဲ ကစားပေးခဲ့သော ဘောလုံးသမားပါ။
လီဗာပူးဘောလုံးအသင်းရဲ့ အသင်း၏ အသင်းခေါင်းဆောင်နေရာကို နည်းပြ ဟူလီယာက အောက်တိုဘာ ၂၀၀၃ မှာ ပေးအပ်ခဲ့ခြင်းကိုရရှိတာပါ။ သူ့ရဲ့ နိုင်လိုဇောကြီးမှု့၊ အသင်းဖော်များအား လွမ်းမိုးနိုင်မှု့ကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကို ရရှိခဲ့တာဟာ မှားမယ် မထင်ပါဘူး။ ပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု့ကို ပယ်ချခဲ့တာဟာ သူက လီဗာပူးဘောလုံးအသင်းကို ဘယ်လောက်ချစ်ကြောင်း သက်သေပြခဲ့ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အကြီးမားဆုံးအောင်မြင်မှု့က ချန်ပီယံလိဂ် သရဖူကို ၂၀ ရက်နေ့ စက်တင်ဘာ ၂၀၀၄ မှာ ရရှိခဲ့တာပါ။ ဒီပွဲမှာ ၃ ဂိုးပြတ် ပထမပိုင်းမှာရှုံးနှိမ့်နေပြီးမှာ ဒုတိယပိုင်း ၁၆ မိနစ်အတွင်း ခြေပဂိုး ၃ ဂိုးကို ရရှိပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အေစီမီလန် အသင်းကို အနိုင်ရရှိပြီး လီဗာပူး သမိုင်းမှာ ၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ဂျရတ်လက်ထက်မှာ ထက်ရရှိစေခဲ့တာ။
ဂိုးဧရိယာ ကိုက် ၃၀ အကွာမှ မထင်မှတ်ပဲ ကန်ချက်တွေဟာ သူရဲ့ trademark တွေဆိုရင် မမှားပါဘူး.။