စတားဂျင်ငါး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Sturgeon
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Actinopterygii]]
မျိုးစဉ် [[Acipenseriformes]]
မျိုးရင်း '''Acipenseridae'''

စတားဂျင်ငါး၏ ပုံပန်းမှာ ငဖောင်ရိုးနှင့် အလွန်တူသော် လည်း ငဖောင်ရိုးထက် များစွာ ဗလကောင်း၍ ကိုယ်အလေး ချိန်လည်း ပို၍စီးသည်။ ကိုယ်အခွံမှ အကြေးတို့သည် စုပေါင်း လျက် အလယ်ဗဟိုတွင် တုံးတိတိကြီးဖြစ်သည်။ ရှည်လျားချွန် ထက်သော နှာသီးရိုးရှိ၍ ပါးစပ်မှာ အလွန်သေးငယ်သည်။ ပါးစပ်အတွင်းဖက်၌ သွားများ မပါရှိချေ။ ရေထဲက အပင်များ နှင့် သတ္တဝါကလေးများကို စားသောက်သည်။ ရေကူးသည့် အခါ အလွန်လေးလံသဖြင့် ရေကူးသည်နှင့် မတူပဲ ရေထဲတွင် ဖြည်းည|င်းစွာ ဝပ်တွားသွားနေသည်နှင့် တူသည်။ ရေအောက် သဲပြင်ကို နှာခေါင်းဖျားရှိ ဦးမှင်ကြီး ၄ ခုဖြင့် မွှေနှောက်၍ အစာရှာလေ့ရှိသည်။ အစာကိုတွေ့လျှင် ပါးစပ်ကို ကတော့ သဖွယ် ပြုလုပ်ပြီးသော် စုတ်ယူမျိုသွင်းတတ်သည်။ စတားဂျင် ငါးမျိုးမှန်လျှင် ပင်လယ်ထဲတွင်သာ အနေများသည်။ သို့သော် လည်း အချို့ စတားဂျင်ငါး များမှာမူ ၅ ပေမှ ၇ ပေအထိ ရှည်လျားသည်။ ဤငါးမျိုးကို မြောက်အမေရိကတိုက် ဂရိတ် လိတ်ဒေသ၌ တစ်နှစ်ပတ်လုံး တွေ့ရသည်။ စတားဂျင် ငါးမျိုး အားလုံးတို့၏ နေရင်းဇာတိမှာ ပင်လယ်သမုဒ္ဒရာ ဖြစ်သည်။ ပင်လယ်ကမ်းခြေ တစ်လျှောက် သို့မဟုတ် ပင်လယ်အော် ပင်လယ်ကွေ့ စသည်တို့တွင်သာ အများအားဖြင့် နေလေ့ရှိ သည်။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်းပင် နွေဦးကာလ ကျရောက်သောအခါ စတားဂျင်ငါးတို့သည် ပင်လယ်ရေကို စွန့်ခွာပြီးသော ချောင်း၊ မြောင်း၊ အင်း၊ အိုင် စသော ရေချို ရှိရာ အရပ်ဒေသများသို့ သွားရောက်၍ လအနည်းငယ်မျှ နေတတ်ကြသည်။

စတားဂျင်ငါးမျိုး မြောက်မြားစွာ ရှိသည်။ အမျိုးများ သလောက် အရွယ်အစားလည်း လွန်စွာပင် ခြားနားသည်။ ပင်လယ်နက်နှင့် ကက်စပျန်ပင်လယ် အနီးအနားတွင် တွေ့ရ သော စတားဂျင်ငါးမှာ ၂၄ ပေမျှ ရှည်လျား၍ အလေးချိန် ပေါင် ၂,ဝဝဝ မျှ စီးသည်။ ကြီးမားသော စတားဂျင်ငါးများကို တွေ့ရသည့်နည်းတူ သေးငယ်သော စတားဂျင်ငါးများကိုလည်း တွေ့ရ၏။ စတားဂျင်ငါးကလေးမျိုးသည် အလျား ၃ ပေခန့်မျှ သာ ရှိသည်။ ယခုအချိန်ထိ ကျွန်ုပ်တို့ သိရှိရသလောက် စတားဂျင်ငါးမျိုးသည် အလျားပေ ၃ ပေခန့်မျှသာ ရှိသည်။ ယခုအထိ ကျွန်ုပ်တို့သိရှိရသလောက် စတားဂျင်ငါးမျိုးထဲတွင် ရုရှစတားဂျင် ငါးကလေးမျိုးသည် အကြီးမားဆုံးဖြစ်သည်။ ရုရှစတားဂျင်ငါးမှာ ပေါင်ချိန် ၃,ဝဝဝ အထိပင် စီးသည်။ စတားဂျင်ငါးသည် ပင်လယ်အတွင်းမှ မြစ်၊ ချောင်း သဲကမ်းပါးပေါ်သို့ လာရောက်၍ ဥအုလေ့ရှိသည်။ စတားဂျင် ငါးမသည် တစ်ရာသီအတွင်း ဥပေါင်း ၃,ဝဝဝ,ဝဝဝ မျှအထိ အုသည်။ သို့သော်လည်း မြစ်ထဲရှိ အခြားငါးသတ္တဝါများက စားပစ် လိုက်၍ ဥအများအပြား ပျက်စီးကြရကုန်သည်။

ထိုကြောင့် အုသလောက် အဖတ်မတင်ဘဲရှိသည်။ ပေါက်ပွား လာသည့် အခါတွင်လည်း ငါးကလေးများကို ငါးကြီးများက စားပစ်လိုက်ကြပြန်ရာ ငါးကလေးဦးရေမှာ အတော်ပင် နည်း သွားသည်။ စတားဂျင်ငါးသည် ရေချိုအရပ်တွင်နေရန် နှစ်သက် သည့်အလျောက် တစ်သက်လုံး မြစ်ထဲ၌ပင် နေတတ်ကြ သည်။ သို့သော် စတားဂျင်ငါး များစွာတို့သည် ဆောင်းဥတု မတိုင်မီ ဇာတိဖြစ်သော ပင်လယ်သမုဒ္ဒရာအတွင်းသို့ မရောက် ရောက်အောင် ပြန်သွားတတ်ကြသည်။

ငါးအပေါင်းတို့သည် စတားဂျင်ငါးသည် အလွန်အဖိုးထိုက် တန်သည်။ အဘယ်ကြောင့်ဆိုသော် စတားဂျင်ငါးဥများကို ကောင်းစွာ ဆေးကြောပြီးနောက် ဆားစိပ်၍ ငါးဥဆားနယ် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ ထိုမျှသာမက ဂျယ်လတင် ကိုလည်း စတားဂျင်ငါး၏ လေအိတ်မှ ထုတ်ယူနိုင်သေးသည်။ စတားဂျင်ငါးမှ အိုက်စင်ဂလပ်(ငါးစည်းဖောင်းကော်တစ်မျိုး) ကိုလည်း ရသည်။ စတားဂျင်ငါးငါး၏လေအိတ်မှ ရှည်လျား၍ ငွေရောင်ထနေသည်။ ထိုလေအိတ်များကြောင့်ပင် စတားဂျင်ငါး တို့သည် လွယ်ကူစွာဖြင့် ရေပေါ်သို့ပေါ်လာနိုင်၊ ရေအောက်သို့ မြုပ်သွားနိုင်ကြသည်။ စတားဂျင် ငါးဥဆားနယ်မှာ အရသာ ကောင်းလှသဖြင့် တစ်ခါစားဘူးလျှင် စတားဂျင်ငါးကို အမှတ်ရ လျက် ရှိတတ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)