စစ်မှာတမူ

ဝီကီပီးဒီးယား မှ

စစ်မှာတမူ ကဗျာကို ညောင်ရမ်းခေတ်တွင် တောင်တွင်းရှင်ငြိမ်းမယ် ရေးခဲ့သည်။ အိုင်ချင်း ကဗျာအမျိုးအစားဖြစ်သည်။ စစ်ထွက်ခါနီးအချိန်တွင် စစ်သည်တစ်ဦးက ချစ်သူနှင့် အပြန်အလှန်ပြောဆိုနေပုံကို ရေးဖွဲ့ထားသည်။

စစ်မှာတမူ[ပြင်ဆင်ရန်]

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း၊ ယောက်မတို့လေ။

သူများမောင်မှာ
စစ်သံကြားလျှင်၊ နာဖျားဥပါယ်ခိုကြတယ်။

နှမလေး၊ မယ်တို့မောင်မှာ
စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ
အိုးစားဖက်ကို၊ လိုက်လို့ရှာသည်
ရိက္ခာကနည်း(နဲ)၊ မိုးကသည်း(သဲ) နှင့်၊
သင်းတွဲကို ကူးပါလိမ့်မလားတော်။

စစ်မှာတစ်မူ
နှမလေး မယ့်ထက်ဖြူကို၊ ယူမလားတော်။

စစ်မှာယွန်းမ
နှမလေး မယ့်ထက်လှကို၊ ရမလားတော်။

စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာ ရှိသလားတော်။

စစ်မှာတစ်မူ
နှမလေး မယ့်ထက်ဖြူကို၊ မယူဘူးဗျာ။

စစ်မှာယွန်းမ
နှမလေး မယ့်ထက်လှကို၊ မရဘူးဗျာ။

စစ်မှာဆွေမျိုး
ဘိုးဘွားမောင့်မှာ၊ မရှိဘူးဗျာ။

ရေမြေ့သခင် ရှင်ဘုရင်က
မိန့်တော်စာနှင့်၊ အပါချသည်
လိုက်ရတော့မယ်။

မြင်းမှာအုန်းခွံ၊ ကျွန်မှာကုလား
ဓားမှာမိုးကြိုး၊ ယွန်းပုဆိုးနှင့်
အိုးစားဖက်စုံ၊ စစ်သည်ပုံမှာ
ကျွန်ယုံစားမို့၊ မောင်ကလေးငယ်
မောင်သာလိုက်တဲ့၊ တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုသည်၊ ညိုတဲ့မြို့မှာ
ပျို့ လွမ်းဖွယ်လေး။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်