စစ်ငြိမ်းအေး

ဝီကီပီးဒီးယား မှ
စစ်ငြိမ်း‌အေး
ပန်းချီစစ်ငြိမ်းအေး
မွေးဖွားစိန်အေး
(1956-04-24)၂၄ ဧပြီ၊ ၁၉၅၆
ညောင်ဦး၊ မန္တလေးတိုင်း
ကွယ်လွန်၁ စက်တင်ဘာ၊ ၂၀၂၃(2023-09-01) (အသက် ၆၇)
အမေရိကန်နိုင်ငံ
ပညာရေးပန်တျာနှင့် ပန်းချီပန်းပုကျောင်း၊ မန္တလေး
ကျော်ကြားမှုအရင်းခံစီးပွားရေးပန်းချီ
ထင်ရှားသည့်
လုပ်ဆောင်မှု
ပန်းရိုးမ ပြက္ခဒိန် ပန်းချီသရုပ်ဖော်၊ ကြော်ငြာ၊ ဆိုင်းဘုတ်များတွင် ထုစာလုံး အသုံးပြုမှု

စစ်ငြိမ်းအေး (၁၉၅၆-၂၀၂၃)[၁] [၂] သည် မြန်မာ ပန်းချီဆရာတစ်ဦး ဖြစ်သည်။

စစ်ငြိမ်းအေး ကို အဖ ဦးထွန်းဖေ၊ အမိ ဒေါ်သန်းဆွေတို့က ၁၉၅၆ ခု၊ ဧပြီ ၂၄ ရက်နေ့ ပုဂံ ညောင်ဦးမြို့နယ်၊ မအူပင်တွင် မွေးဖွားသည်။ အမည်ရင်းက ဦးစိန်အေး ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် မန္တလေး ပန်းချီ ပန်တျာကျောင်းသို့ တက်ရောက်ခဲ့ပြီး၊ ပန်တျာကျောင်းမှ ကျောင်းပြီးခဲ့သည်။

မန္တလေး မှ ဆရာ ဦးအေးကျော်နှင့် ဆရာ ဦးခင်မောင်တို့ထံမှ ပန်းချီ ပညာကို လေ့လာ ဆည်းပူးခဲ့သူ ဖြစ်သည်။ ၁၉၇၇ မှာ "စစ်ငြိမ်းအေး" စီးပွားရေး ပန်းချီလုပ်ငန်းကို တည်ထောင် လုပ်ကိုင်ခဲ့ပြီး၊ စီးပွားရေး ပန်းချီခေတ် တခေတ်ဆန်းစေခဲ့သူ ဖြစ်သည်။

မန္တလေးတိုင်း၊ တိုင်းသမ၏ ပန်းရိုးမ ပြက္ခဒိန်များတွင် သူ၏ လက်ရာများ ဖော်ပြပါရှိသည်။ ၁၉၈ဝ နဲ့ ၁၉၈၈ မတိုင်မီ ကြားကာလမှာ အထူး အောင်မြင်ခဲ့ပြီး၊ နာမည်ကြီး ကြော်ငြာမှန်သမျှ စစ်ငြိမ်းအေး လက်ရာနဲ့ မကင်းခဲ့ပေ။

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း မန္တလေးမှာ ဖွဲ့စည်းခဲ့တဲ့ “ဂဠုန်နီ“ သံဃာအဖွဲ့၏ အာဘော် “ဂဠုန်နီ သတင်းစာ“ကို စာရေးဆရာ မြတ်ထက်နဲ့အတူ ဦးစီး ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခု၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို အကြမ်းဖက် အုပ်စီးလိုက်တဲ့ အခါ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လက် ဆင်နွဲရန်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်သို့ ထွက်ခွာလာခဲ့သည်။ အိန္ဒိယနိုင်ငံ မဏိပူရ နှင့် မီဇိုပြည်နယ်တို့တွင် လှည့်လည် နေထိုင်ခဲ့သည့်အပြင် နယူးဒေလီမြို့တွင်လည်း အခြေချ နေထိုင်ခဲ့သည်။ယင်းနောက် အမေရိကန်သို့ ပြောင်းရွေ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်သော စစ်ငြိမ်း‌အေးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ (၁) ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် ကွယ်လွန်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်ငြိမ်းအေး - ဆေးမပြယ်နိုင်တဲ့ ဒိုင်ယာယီထဲက ဟံသာဝတီ ဦးဝင်းတင်မိုးမခ (၂၁ ဧပြီ ၂၀၂၂)။ ၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. စစ်ငြိမ်းအေး၏ အာဇာနည်သစ်ပင် အနုပညာတင်ဆက်မှုမိုးမခ (၁၉ ဇူလိုင် ၂၀၂၁)။ ၇ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။