စင်္ကာပူ ချန်ဂီ လေဆိပ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စင်္ကာပူ ချန်ဂီ လေဆိပ်မှ လေကြောင်း ထိန်းချုပ်ရေး မျှော်စင်

စင်္ကာပူ ချန်ဂီ လေဆိပ် (Singapore Changi Airport) သို့မဟုတ် ချန်ဂီ လေဆိပ်သည် အာရှဒေသ၏ အထူးသဖြင့် အရှေ့တောင် အာရှ၏ လေကြောင်းပို့ဆောင်ရေး အချက်အချာဖြစ်ပြီး စင်္ကာပူရှိ အဓိက လေဆိပ်လည်း ဖြစ်သည်။ စင်္ကာပူမြို့တွင်း စီးပွားရေး အချက်အချာကျရာ မြို့လယ်ခေါင်၏ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာ အကွာတွင် တည်ရှိသည်။

စင်္ကာပူအဲလိုင်း (Singapore Airlines)၊ ဆစ်အဲ (SilkAir)၊ တိုင်းဂါးအဲဝေး (Tiger Airways)၊ ဂျက်စတား အေးရှား အဲဝေး (Jetstar Asia Airways) စသည့် လေကြောင်းကုမ္ပဏီများ အခြေစိုက်ရာ လေဆိပ်ဖြစ်သည်။ [၁] ၂၀၀၈ ခုနှစ် ဧပြီလ စာရင်းအရ လေကြောင်းကုမ္ပဏီ ၈၀ ကျော်သည် ချန်ဂီလေဆိပ်မှ နိုင်ငံပေါင်း ၅၉ နိုင်ငံမှ မြို့ကြီး ၁၃၀ ကျော်သို့ အပတ်စဉ် လေယာဉ် အခေါက် ၄၃၀၀ ကျော် ပြေးဆွဲလျက်ရှိသည်။ ချန်ဂီလေဆိပ်တွင် ဝန်ထမ်းပေါင်း ၁၃၀၀၀ ကျော်ရှိပြီး လေဆိပ်ဝင်ငွေမှာ နှစ်စဉ် စင်္ကာပူဒေါ်လာ ၄.၅ ဘီလီယံခန့် ရှိသည်။

[ပြင်​ဆင်​ရန်​] ဓာတ်ပုံများ

[ပြင်​ဆင်​ရန်​] ကိုးကား

ကိုယ်ပိုင် ကိရိယာများ

အမျိုးမျိုးအပြားပြား
ဆောင်ရွက်ချက်များ
Navigation
လက်စွဲ ကိရိယာများ
တခြား ဘာသာဖြင့်