စကြာဝဠာ

From Wikipedia

ရုပ်ဝတ္ထု အနေဖြင့် တည်ရှိသမျှသော အရာအားလုံးကို စကြာဝဠာဟု သတ်မှတ်ပြီး အချိန်နှင့် နေရာ အားလုံး၊ ဒြပ်ထုပစ္စည်း ပုံသဏ္ဌန် အားလုံး၊ စွမ်းအင်နှင့် အဟုန် တို့အပြင် ၄င်းတို့ကို ထိန်းချုပ်သော ရုပ်ပိုင်းဆိုင်ရာ နိယာမများနှင့် ကိန်းသေများ ပါဝင်သည်။ သို့သော်လည်း အနည်းငယ်မျှ ကွဲပြားခြားနားသော အခြေအနေ အရပ်ရပ် ပေါ်တွင် မူတည်၍ စကြာဝဠာဆိုသော အသုံးအနှုန်းကို အာကာသ၊ ကမ္ဘာသို့မဟုတ် သဘာဝနှင့် ဆိုင်သော အဓိပ္ပာယ်ဖြင့်လည်း သုံးစွဲကြသည်။

ယခုလက်ရှိ နက္ခတ်ဗေဒဆိုင်ရာ လေ့လာစူးစမ်းမှုများ အရေ စကြာဝဠာ၏ သက်တမ်းကို နှစ်ပေါင်း ၁၃.ရ၃ ( ± ၀.၁၂) ဘီလီယံနှစ်မျှ သက်တမ်းကြာရှည်ပြီဟု ညွှန်ပြနေပြီး လေ့လာစူးစမ်းနိုင်သော စကြာဝဠာ၏ အချင်းမှာ အနည်းဆုံး အလင်းနှစ်ပေါင်း ၉၃ ဘီလီယံ သို့မဟုတ် ၈.၈၀ × ၁၀၂၆ မီတာမျှ ရှိသည်။ (ဂလက်ဆီ နှစ်ခုသည် နှစ်ပေါင်း ၁၃ ဘီလီယံအတွင်း အလင်းနှစ်ပေါင်း ၉၃ သန်းမျှ ဝေးကွာသွားသည် ဆိုသော အချက်မှာ အငြင်းပွားဖွယ်ရာ အချက်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော စပယ်ရှယ် ရီလေတီဗတီ သီအိုရီတွင် ဒြပ်ထုတို့သည် နေရာ-အချိန် (space-time) နယ်ပယ် အတွင်းတွင် အလင်း၏ အလျင်ထက် ပို၍ အရှိန်မြင့်တင်ခြင်းမပြုနိုင်ဟု ဆိုထားခြင်းကြောင့်ဖြစ်သည်။) စကြာဝဠာ၏ အရွယ်အစားမှာ အတိအကျ ရှိသည် သို့မဟုတ် အဆုံးမဲ့ဖြစ်သည် ဆိုသော အချက်ကိုမူ အတိအကျ ပြော၍ မရနိုင်ပေ။