စက်သီး

ဝီကီပီးဒီးယား မှ
စက်သီး နှင့် ကြိုး တပ်ဆင်ပုံ သရုပ်ဖော်။

စက်သီး[ပြင်ဆင်ရန်]

အိမ်အပေါ်ထက်က လူသည် မြေကြီးပေးမှ ဝန်တစ်ခုကို မတင်လိုက်သည်။ သူသည် ကြိုးချပေး၍ လူတစ်ယောက်အား ထိုဝန်တွင် ကြိုးချည်ခိုင်းသည်။ ထိုနောက် ဝန်ကို အခြားကြိုးစ တစ်ဖက်မှ ဆွဲယူသည်။ ထိုသို့ ဝန်မနည်းသည်ဝန်ကို တိုက်ရိုက် မခြင်းဖြစ်၍ မသက်သာလှပေ။

ရေတွင်းမှရေကို စက်သီးဖြင့် ဆွဲတင်ယူပုံကို မြင်ဘူးကြား ပေလိမ့်မည်။ ရေတွင်းအထက်တွင် ကန့်လန့်ဖြတ် ရိုက်ထား သောတန်းတွင် စက်သီးချိန်ထား၍ ထိုစက်သီးရှိ ကြိုး၏ တစ်ဖက်အစွန်းတွင် ရေပုံကို ချည်ထားသည်။ ရေပုံးကို ရေ တွင်းမှ ဆွဲတင်လိုသောအခါ ကြိုး၏ အခြားတဖက်စွန်းကို ဆွဲပေးရသည်။ ဤနည်းသည် အထက်တွင် ဖော်ပြခဲ့သည့်ဝန်ကို တိုက်ရိုက် မနည်းထက်၊ သာလွန်ကောင်းမွန်သည်။ ဤနည်း အရမှာ အောက်မှအထက်သို့ ဆွဲတင်နေသော အခြင်းအရာကို အထက်မှ အောက်သို့ ဆွဲချရသော အခြင်းအရာဖြစ်အောင် စက်ဘီးက ပြောင်းလဲပေးလိုက်သည်။

ဤစက်ဘီးသည် ပွတ်တိုက်ခုခံမှုကို နည်းစေသည့်အပြင် စိုက်အားကိုလည်း နည်းစေသည်။


စက်သီးနှင့် ဝင်းရိုးခေါ် စက်ကိရိယာသည် စင်စစ်အားဖြင့် မောင်းတံ (လီဗာ)သဘောကို အခြေပြု၍ တည်ဆောက်ထား သောစက် ဖြစ်သည်။ မောင်းတံသဘော ဆောင်ရွက်ကြ၏။ ဘီးထောက်မရှိသော ဘီးချပ်ပြား၌ပင် မောင်းတံသဘော ဆောင်ရွက်ချက်ရှိသည်။

ပုံ ၁ တွင် ပါဝါလက်တံသည် ဝင်ရိုးအလယ်ချက်မှ အပြင် ဘီးကြီး၏ အနားအထိ (ဗပ) အကွာအဝေးဖြစ်၍ ဝန်လက်တံ မှာမူ ဝင်ရိုးအတွင်းဘီး နှုတ်ခမ်းနားအထိ (ဗဝ) အကွာအဝေး ဖြစ်သည်။ ဤဘောကို ဝင့်ချခေါ် စက်ရစ်လုံးများတွင် အသုံး ပြုထားသည်။ တစ်ခါတစ်ရံ ဘီးမပါဘဲဝန်ကို မယူလိုသောအခါ ဝင်ရိုးတွင် တပ်ဆင်ထားသော လက်တံကောင်ကို လှည့်ပေးရ သည်။ သို့သော် လက်ကိုင်နှင့် ကောက်ဆက်ထားသည့် နေရာ မှာ ဘီးနှုတ်ခမ်းနားဖြစ်သည်ဟု ယူဆရမည်။

အထက်တွင် ဖော်ပြသည့် စက်သီးမှာ တိုင်တွင် တပ်ဆင် ထားသော စက်ဘီးအသေ ဖြစ်သည်။ စက်ဘီးအသေမဟုတ်ဘဲ စက်ဘီးအရှင် တပ်ဆင်ထားသောအခါ မည်ကဲ့သို့ ဖြစ်မည်ကို စဉ်းစားကြည့်ကြစို့။

ဤစက်ဘီးအရှင်ကိစ္စမှာ စိတ်ကူးဖြင့် စဉ်းစားကြည့်ခြင်းမျှ သာ ဖြစ်သည်။ ဤနေရာ၌ ဂရုပြုရန် အချက်မှာ (ဝ)ကို (က)နှင့် (ခ) တည်းဟူသော ကြိုးအလျား နှစ်ခုဖြင့် ပင်ထား သည်ဟူသောအချက်ပင် ဖြစ်သည်။ လူသည် (ခ) ကြိုးအလျား ၌ သက်ရောက်သော ဝန်၏ အလေးကို ဆောင်ထား၍ (က) ကြိုးအလျား၌ သက်ရောက်သောဝန်၏ အလေးကို ထုပ်တန်း ကာ ဆောင်ထားသည်။ ကြိုးကိုဆွဲပေးသောအခါ (ဝ)၏ အလေးချိန် တစ်ဝက်သာ ထိုသူ၏ အပေါ်၌ သက်ရောက် နေသည်။ သို့သော် သူသည် ပုံ ၁ တွင် ဝန်ကို တိုက်ရိုက် ဆွဲတင် ယူသည်ထက် ကြိုးကို နှစ်ဆမျှ ရှည်လျားစွာ ဆွဲယူ ရသည်။

သိပ္ပံအလိုအားဖြင့် စိုက်အားသည် ဝန်၏ အလေးကြောင့် ဖြစ်သော ခုခံမှု၏ ထက်ဝက်မျှသာ ဖြစ်သည်။ ထိုအချက်ကို ယူ၍ စက်သီးအမြောက်အမြားကို အသုံးပြုလျှင် ဝန်၏အလေး ထား အလျင်းမရှိအောင် ပြုလုပ်နိုင်မည်ဟု အလွယ်တကူ မထင်မှတ်သင့်ပေ။ ပွတ်တိုက်ခုခံမှုကို ထည့်မတွက်လျှင် စက်သီးကို သုံးသည်ဖြစ်စေ၊ မဆုံးသည်ဖြစ်စေ ပြုလုပ်ရသော အလုပ်မှာ သိပ္ပံအလိုအရဆိုသော် အတူတူပင် ဖြစ်သည်။ ပုံ ၃ အမှတ် ၁ ၌ စက်ဘီးအရှင်ကို ဖော်ပြထားသည်။

အမှတ် ၂ တွင် စက်သီး အရှင် (ရ)ကို စက်သီးအသေ (သ) နှင့် တွဲဖက်၍ အသုံးပြုထားသည်။ ဤနေရာ၌ စက်သီး (သ) သည် ကြိုးကိုဆွဲ၍ ကောင်းအောင်သာ ကြိုးဆွဲရာဖက်ကို အောက်သို့ လှည့်ပေးထားခြင်း ဖြစ်သည်။ အမှတ် ၃ တွင် စက်သီးအသေသည် ကြိုးကို လှည့်ပေး၍ စက်သီးအရှင်နှစ်လုံး သည် ဝန်ကို ပေါ့ပါးလာအောင် ပြုလုပ်ပေးသည်။ ဤနေရာ၌ ဝန်ကို ကြိုးလေးကြိုးနှင့် ဆွဲထားသဖြင့် စိုက်အားမှာ ခုခံမှု၏ လေးချိုးတချိုးမျှသာ ဖြစ်သည်။ ကြိုးလေးကြိုးဟု ဆိုရာ၌ စင်စစ်မှာ ကြိုးပိုင်းလေးပိုင်းသာလျှင် ဖြစ်သည်။ လက်တွေ့ လုပ်ငန်းတွင် စက်သီးများစွာကို တွဲဖက်ပြီးလျှင် အသုံးပြုကြ သည်။ စက်သီးတစ်စုံကို ထုပ်တွင်ဖြစ်စေ သို့မဟုတ် အခြား တစ်နေရာတွင်ဖြစ်စေ ချိတ်ထား၍ အခြားစက်ဘီးတစ်စုံကို အောက်ဘက်၌ ထားသည်။ အောက်ရှိ စက်သီးအစုံတွင် ဝန်ကို မ ယူနိုင်ရန် ချိတ်ပါရှိသည်။

ပုံ ၄ တွင် စက်သီးတွဲကို ပြထားသည်။ အထက်စက်သီး တစ်စုံ၌ အောက်စက်သီးအစုံထက်၌ ဘီးတစ်ဘီးပို၍ ပါရှိသည်။ ကြိုးစတစ်ဖက်ကို (ခ)မှ ကွင်းငယ်တွင် ချည်နှောင်ထား၍ ကြိုး ကို ပုံတွင်ပြထားသကဲ့သို့ ဘီးများတွင် ရစ်ပတ်ထားသည်။ ထိုသို့ ရစ်ပတ်လိုက်သောအခါ လွတ်နေသောကြိုးစ (ဂ)သည် အထက်စက်သီးစုံရှိ တတိယစက်သီး (က)မှ ထွက်လာသည်။ ဤစက်သီးတွဲတွင် ဝန်ကို ကြိုးငါးကြိုးဖြင့် ဆွဲမထားသကဲ့သို့ ဖြစ်သည်။ အထက်စက်သီးအစုံနှင့် အောက်စက်သီးအစုံတွင် စက်သီးများ အညီအမျှ ပါရှိသောအခါ ချည်သော ကြိုးစဖက် ကို အထက်စက်သီးအစုံတွင် ချည်ပေးလေ့ရှိသည်။

စာတွေ့အားဖြင့် စက်သီးတွဲတွင် ကြိုးလေးကြိုးဖြင့် ဆွဲမ ထားသောအခါ စိုက်အားသည် ခုခံမှု၏ လေးပုံတစ်ပုံ ဖြစ်သည် ဟု သိရ၏။ သို့သော် လက်တွေ့တွင် ကြိုးနှင့် စက်သီးကြား၌ ၎င်း၊ စက်သီးနှင့် ဝင်ရိုးကြား၌၎င်း၊ ပွတ်တိုက် ခုခံမှုရှိသော ကြောင့် ခုခံမှုမှာ အနည်းငယ် ပိုများလာသည်ကို တွေ့ရသည်။ သို့ဖြစ်စေကာမူ စက်သီးတွဲများသည် ဝန်ကို သက်သက်သာ သာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ မတင်ယူရာ၌ အထောက် အပံ့ ဖြစ်စေသည်မှာ မှန်၏။ ပုံ ၄ တွင် ပြထားသည့် စက်သီး တွဲမျိုးတွင် အထူ ၁ လက်မ၊ အချင်း ၅ လက်မရှိသော စက်သီးကို အသုံးပြုလျှင် ၁ ၁/၂ တန်လေးသော ဝန်ကို လူတစ်ယောက်တည်းဖြင့် သက်သက်သာသာ မယူနိုင်သည်။

အလွန်လေး၍ အားကောင်းသော စက်သီးတွဲမျိုးတွင် ရိုးရိုးကြိုး အစား သံမဏိကြိုးများကို အသုံးပြုလေ့ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)