စကစ်တယ်ကစားခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စကစ်တယ်ကစားခြင်း[ပြင်​ဆင်​ရန်​]

စကစ်တယ်ကစားခြင်းဆိုသည်မှာ သစ်သားတိုင်ငယ်များကို သတ်မှတ်ထားသောအကွာအဝေးမှ သစ်သား သို့မဟုတ် ကြက် ပေါင်းစေးဘောလုံးဖြင့် လှိမ့်ကာ တိုက်ချရသော အလွန်ရှေးကျ သည့် အနောက်နိုင်ငံ ကစားနည်းတစ်မျိုးဖြစ်သည်။ ထိုကစား နည်းမျိုးကို ယနေ့တိုင် အနောက်နိုင်ငံရှိ လမ်းဘေးထမင်းဆိုင် များကဲ့သို့သော နေရာများတွင် ကစားလျက်ပင် ရှိသေးသည်။ ဤကစားနည်း၏ မူလဒေသမှာ ဂျာမနီနိုင်ငံဖြစ်၍ အေဒီ ၂ဝဝ သို့မဟုတ် ၃ဝဝ ပြည့်နှစ် ခန့်က စတင် ပေါ်ပေါက်ခဲ့သည်။ စကစ်တယ်ကစားခြင်းမှာ အလယ်ခေတ် ဥရောပနိုင်ငံများတွင် များစွာ ခေတ်စားခဲ့၍၊ ရှေးအခါက ကျောက်ခဲလုံးဖြင့် လှိမ့်ချ ကစားရသော ပြင်ပ ကစားခုန်စားနည်းတစ်ခုဖြစ်၏။ သို့သော် နောက်အခါ၌မူ အိမ်တွင်းကစားနည်းတစ်ခုအဖြစ်သို့ ရောက်ရှိ ခဲ့လေသည်။ ဤ ကစားနည်းကို ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြသော်လည်း စကစ်တယ်ဟူသောအမည်မှာ ဒပ်ချ လူမျိုးတို့ ခေါ်ဝေါ်သုံးစွဲကြသော အမည်ဖြစ်သည်။ စကစ်တယ် ကစားနည်းကို ၁၈ဝဝ ပြည့်နှစ်၌ အမေရိကန် ပြည်ထောင်စု နယူးယော့မြို့သို့ ဒပ်ချ်လူမျိုးတို့ ယူဆောင်ခဲ့ကြသည်။ စကစ် တယ် ကစားနည်းတွင် မူလက သစ်သားတိုင် ၉ တိုင် ပါဝင် သဖြင့် စကစ်တယ် ကစားခြင်းကို 'ကိုးတိုင်ကစားခြင်း'ဟူ၍ လည်း ခေါ်၏။ နယူးယော့မြို့တွင် ဤကစားနည်းကို လူကြိုက် အလွန်များလာသောအခါ အစိုးရကပင် တားမြစ်ခဲ့ရဘူးလေ သည်။ သို့သော် စကစ်တယ် ကစားကြသူများသည် ဥပဒေကို ရှောင်ကွင်းသည့် အနေဖြင့် သစ်သားတိုင် ကိုးတိုင်အစား ဆယ်တိုင် အသုံးပြုလာကြသည်။ စကစ်တယ်ကစားခြင်းတွင် ပါဝင်ကြသော ပစ္စည်းများမှာ တိုင်၊ ဘောလုံး၊ ဘောလုံးလှိမ့်ရာ လမ်းကြောင်းတို့ ဖြစ်ကြသည်။ တိုင်ကို မာကျောသည့် မေပယ် သစ်သားဖြင့် လုပ်သည်။ တိုင်အမြင့် ၁ ပေ ၃ လက်မရှိသည်။ ပုလင်းသဏ္ဌာန် ဖြစ်သည်။ ဘောလုံးလှိမ့်ရာ လမ်းကြောင်း ကိုမူ ရော်ဗာနှင့် သော်လည်း၎င်း၊ သစ်သားနှင့် သော်၎င်း ပြောချော ပြုလုပ်ထားရသည်။ ရံဖန်ရံခါ မှန်ကူကွက် ဖော်ထား သည်လည်း ရှိ၏။ လမ်းကြောင်းမှာ အလျားပေ ၆ဝ၊ အနံ ၃ပေခွဲ ရှိသည်။ ထို လမ်းကြောင်း၏ အဆုံးစွန်ဖက်တွင် ဘော လုံးဖြင့် လှိမ့်၍ တိုက်ချလိုက်သော သစ်သားတိုင်ငယ်များ ကျ ဆင်းရန် တွင်းတစ်ခုရှိ၏။ လမ်းကြောင်း၏ ဝဲယာတစ်လျှောက် တွင်မူ လမ်းကြောင်းအတိုင်း မသွားသော ဘောလုံးများ ကျ ဆင်းရန် ၉ လက်မ ကျယ်၍ ၃ပေခွဲ နက်သော မြောင်းရှိလေ သည်။ စကစ်တယ် ကစားနည်းမှာ ကစားသူသည် သတ်မှတ် ထားသော စည်းမှနေ၍ လမ်းကြောင်းအဆုံးရှိ စကစ်တယ်ခေါ် သစ်သား တိုင်ငယ် ၁ဝ တိုင်ကို ဘောလုံးဖြင့် လှိမ့်၍ တိုက်ချ ရခြင်း ဖြစ်သည်။ စကစ်တယ် တပွဲလျှင် အလှည့်ပေါင်း ၁ဝ ကြိမ်ရှိ၍ တစ်ကြိမ်လျှင် ၂ ခါကျ ဘောလုံးကို လှိမ့်ချနိုင်ခွင့် ရှိသည်။ မိမိအလှည့်တွင် သစ်သားတိုင်ငယ် ၁ဝ တိုင်စလုံးကို တစ်ချီတည်းနှင့် လဲအောင် မလှဲနိုင်လျှင် ဒုတိယ တစ်ချီ ထပ်မံ လှဲချနိုင်ခွင့်ရှိသည်။ သစ်သားတိုင်ငယ် အားလုံးကို တစ်ချီ တည်းနှင့် လှဲချနိုင်လျှင် ၁ဝ မှတ်ရ၍၊ ဘောလုံးကို ဒုတိယ တစ်ချီ ထပ်မံလှိမ့်ချခွင့် မရှိပေ။ နောက်တစ်ကြိမ် မိမိအလှည့် ရောက်၍ ဘောလုံးကိုလှိမ့်ရသည့်အခါ မိမိက ဒုတိယအလှည့် တွင်မှ ရရှိသာ အမှတ်များကို ပထမအလှည့်က တစ်ချီတည်း နှင့် ရရှိခဲ့သော ၁ဝမှတ်နှင့် ပေါင်း၍ အမှတ်ဇယားရှိ ပထမ ဇယားကွက်တွင် ရေးမှတ်ရသည်။ အကယ်၍ ပထမ အလှည့် တွင် သစ်သားတိုင် ၁ဝတိုင်စလုံးလဲကျရန် ဘောလုံးကို နှစ်ချီ လှိမ့်ရသော် ယင်းမှရသော ၁ဝ မှတ်ကို ဒုတိယ အလှည့်၏ ပထမ အချီတွင်ရရှိသော အမှတ်နှင့်သာ ပေါင်း၍ အမှတ် ဇယားရှိ ပထမဇယားကွက်တွင် ရေးမှတ်ရသည်။ စကစ်တယ် ကစားသည့် အကြိမ်တိုင်းတွင် သစ်သားတိုင်ငယ် အားလုံးကို တစ်ချီတည်းနှင့်ချည်း လှဲချနိုင်လျှင် ၃ ကြိမ်မြောက်သောအခါ၌ စုစုပေါင်း ရရှိခဲ့သော အမှတ် ၃ဝ ကို အမှတ်ဇယား၏ ပထမဇယားကွက်တွင် ရေးမှတ်ရသည်။ နောက်အကြိမ်များ အတွက်မူ ဒုတိယဇယားကွက်မှ အဆုံးအထိ တစ်ကွက်ပြီး တစ်ကွက် အမှတ် ၃ဝ စီတိုး၍ ရေးမှတ်သွားရသည်။ စကစ် တယ် ကစားပွဲတွင် အလှည့်ပေါင်း ၁ဝ ကြိမ်ရှိသကဲ့သို့ အမှတ် ဇယားတွင်လည်း ၁ဝကွက် ရှိသည်။ စကစ်တယ် ကစားခြင်း အရှုံးအနိုင်မှာ အမှတ်အနည်း အများပေါ်တွင် တည်သဖြင့် တစ်ချီတည်းနှင့် သစ်သားတိုင် အားလုံးကို လှဲချနိုင်သည့် အကြိမ်ပေါင်း များသောသူသည် နိုင်လေသည်။ စကစ်တယ် ကစားနည်းများမှာ အမျိုးမျိုးရှိ၍ ပြိုင်ပွဲများ ကျင်းပရာ၌လည်း တစ်ယောက်ချင်း၊ နှစ်ယောက်တွဲ စသော ပြိုင်ပွဲများအပြင် လူငါးဦး ပါဝင်သော အဖွဲ့လိုက် ပြိုင်ပွဲများကိုလည်း ကျင်းပ လေ့ရှိ၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)