ငှက်ပစ်လေးသမား (သိုင်းဝတ္ထု)
ငှက်ပစ်လေးသမား (射鵰英雄傳) စာရေးဆရာ ကျင်းယုံး (金庸) ၏ နာမည်ကျော် သိုင်းဝတ္ထုများအနက် တစ်ပုဒ်ဖြစ်သည်။ ကျင်းယုံး၏ ငှက်ပစ်လေးသမား သုံးပိုင်းတွဲ (射鵰三部曲) ဝတ္ထုမှ ပထမဆုံး တစ်ပုဒ်လည်း ဖြစ်သည်။ ယင်းဝတ္ထုကို ၁၉၅၇ ခုနှစ်၌ ဟောင်ကောင် စီးပွားရေးသတင်းစာတွင် အခန်းဆက် ဝတ္ထုအဖြစ် စတင်ထုတ်ဝေခဲ့သည်။ ယင်းဝတ္ထုကို အခြေခံ၍ ရုပ်ရှင်များ၊ တီဗွီ ဇာတ်လမ်းတွဲများ ကြိမ်ဖန်များစွာ ရိုက်ကူးခဲ့သည့်အပြင် ကွန်ပြူတာ အွန်လိုင်းဂိမ်းအဖြစ်လည်း ထုတ်ဝေထားသည်။
မာတိကာ |
ဇာတ်လမ်းအကျဉ်း [ပြင်ဆင်ရန်]
အချိန်ကာလမှာ ၁၂ ရာစုခေတ်ဦး စုန့်မင်းဆက် ပျက်သုဉ်းလုနီး ကျင်းလူမျိုးများ တရုတ်ပြည် မြောက်ပိုင်းဒေသကို စတင်ကျူးကျော် ဝင်ရောက်လာချိန်ဖြစ်သည်။ ဝတ္ထုအစပိုင်းတွင် သံမဏိလိုမာကျောတဲ့ နှလုံးသားပိုင်ရှင် ရန်ထျယ်ရှင်း (楊鐵心) နှင့် ဝေဟင်အထိ ပဲ့တင်သံထပ်အောင် ကျော်ကြားသူ ကောရှောက်ထျဲန်း (郭嘯天) လူငယ် သိုင်းသမား ၂ ဦး သူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ခဲ့ပုံကို ဖော်ကျူးထားသည်။ ဟန်တရုတ်လူမျိုးဖြစ်သည့် သူတို့နှစ်ဦးသည် သွေးသောက် ညီအစ်ကိုအဖြစ် သစ္စာနှံခဲ့ကြပြီး နယ်ချဲ့ ကျူးကျော်လာသူ ကျင်းလူမျိုးများကို ပုခုံးချင်းယှဉ် ခုခံတိုက်ခိုက်ကြသည်။
ထိုသူရဲကောင်း ၂ ဦးမှ အစပြုကာ ဇာတ်လမ်းကျောရိုးမှာ ၎င်းတို့၏ မျိုးဆက်သစ် ရန်ခန်း (楊康) နှင့် ကောကျင့် (郭靖) တို့ သိုင်းလောကတွင် ကျင်လည်ပုံ အကြောင်းကို အဓိကထား ရေးဖွဲ့ထားသည်။ ကောရှောက်ထျဲန်း၏သား ကောကျင့်သည် သူ၏ ဖခင် ကွယ်လွန်သွားပြီးနောက် မွန်ဂိုဘုရင် ဂျင်ဂစ်ခန်၏ လောင်းရိပ်အောက်တွင် ကြီးပျင်းခဲ့သည်။ ရန်ထျယ်ရှင်း သိုင်းလောကမှ ခြေရာဖျောက်သွားပြီးနောက် ၎င်း၏သား ရန်ခန်းသည် ကျင်းမင်းဆက် (စုန့်မင်းဆက်နှင့်အပြိုင် တည်ရှိသည့် မင်းဆက်) နန်းတော်၌ ဝမ်ရန် ဟုန်လျဲ့မင်းသား၏ မွေးစားသားတော်အဖြစ် ကြီးပျင်းခဲ့သည်။
ကျင်လည်ကျက်စားခဲ့သည့် ပတ်ဝန်းကျင် ကွာခြားချက်ကြောင့် ကောကျင့်နှင့် ရန်ခန်းတို့၏ စရိုက်မှာ ရေနှင့်ဆီလို ကွဲပြားသည်။ ရိုးသားဖြောင့်မတ်ပြီး သစ္စာရှိသည့် ကောကျင့်သည် ဉာဏ်ထိုင်းသည်။ ရန်ခန်းသည် ထူးချွန်ထက်မျက်သော်လည်း ကောက်ကျစ်စဉ်းလဲပြီး သစ္စာမဲ့သူ တစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးသည် ဟွမ်ရုန် (黃蓉)၊ မုနျန့်ချီ (穆念慈) စသည့် ပျိုဖြူ ၂ ဦးနှင့် အသီးသီး စုလျားရစ်ပတ်ကာ နောက်ဆုံးတွင် စစ်မြေပြင်၌ ထိပ်တိုက် တွေ့ဆုံကြလေသည်။
ကောကျင့်နှင့် ဟွမ်ရုန်တို့ ကျင်စဦး ဇနီးမောင်နှံက သိုင်းလောကတခွင် စွန့်စားခန်းထွက်နေခိုက် ရန်ခန်းက လူမျိုးတူ ဟန်တရုတ်ဖြစ်သည့် စုန့်မင်းဆက်ကို ဖြိုလဲရန် ကြိုးပမ်းလျက်ရှိသည်။ ဇာတ်လမ်းတလျောက် ရန်ခန်း၏ ဉာဉ်ဆိုး၊ စရိုက်ဆိုးများ တစတစ ပြူထွက်လို့လာသည်။
နောက်ပိုင်းတွင် ကောကျင့်၏ အကူအညီဖြင့် မွန်ဂိုလူမျိုးတို့သည် ကျင်းအင်ပါယာကို ဖြိုလဲဖျက်ဆီး နိုင်လိုက်သည်။ မွန်ဂိုတို့က မိမိ၏ ဇာတိမြေဖြစ်သည့် စုန့်မင်းဆက်ကို ဆက်လက်တိုက်ခိုက်ရာတွင် ကောကျင့်သည် မွန်ဂိုတို့နှင့် လမ်းခွဲကာ စုန့်ပြည်သို့ ပြန်လာပြီး လူထုနှင့်အတူ မွန်ဂိုတို့ကို ခုခံတိုက်ခိုက်လေသည်။
တခြားတဖက်မှာ ရန်ခန်းသည် မည်သူမပြု မိမိမှု ဆိုသည့်အလား မိမိ၏ အကုသိုလ် အကျိုးဆက်များကို ခံစားနေရ ရှာသည်။ နောက်ဆုံးတွင် အဆိပ်သင့်၍ သေဆုံးသည်။ ကိုယ်ဝန်နှင့် ကျန်ခဲ့သည့် သူ့ဇနီး မုနျန့်ချီက နောက်ဝတ္ထု (သိန်းငှက်ကြီးနှင့် သိုင်းလောကမောင်နှံ 神雕俠侶) ၏ ဇာတ်ကောင် ရန်ကော့ (楊過) ကိုဖွားမြင် လေသည်။
ပြန်လည်ဖန်တီးခြင်း [ပြင်ဆင်ရန်]
ရုပ်ရှင် [ပြင်ဆင်ရန်]
| Year | Production | Guo Jing | Huang Rong | Additional information |
|---|---|---|---|---|
| 1958 | Omei Film Studios (Hong Kong) | Cho Tat Wah | Yung Siu Yi | Cantonese language. 2 episodes. |
| 1977 | Shaw Brothers (Hong Kong) | Alexander Fu Sheng | Tanny Tien | See The Brave Archer |
| 1978 | Shaw Brothers (Hong Kong) | Alexander Fu Sheng | Niu Niu | Titled The Brave Archer II |
| 1981 | Shaw Brothers (Hong Kong) | Alexander Fu Sheng | Niu Niu | Titled The Brave Archer III |
| 1993 | 學者電影公司 (Hong Kong) | See The Eagle Shooting Heroes. A parody loosely based on the novel. Directed by Jeffrey Lau, starring Jacky Cheung, Leslie Cheung, Tony Leung Ka-Fai, Tony Leung Chiu Wai, Carina Lau and Kenny Bee. | ||
| 1994 | 學者電影公司 (Hong Kong) | See Ashes of Time. Loosely based on the novel. Directed by Wong Kar-Wai, starring Leslie Cheung, Brigitte Lin, Tony Leung Ka-Fai, Tony Leung Chiu-Wai, Jacky Cheung and Carina Lau. |
တီဗွီဇာတ်လမ်းတွဲ [ပြင်ဆင်ရန်]
| Year | Production | Guo Jing | Huang Rong | Additional information |
|---|---|---|---|---|
| 1976 | Commercial Television (Hong Kong) | Jason Pai | Michelle Yim | Jason Pai reprised his role as Guo Jing in the 1995 TVB version of The Return of the Condor Heroes |
| 1982 | TVB (Hong Kong) | Felix Wong | Barbara Yung | See The Legend of the Condor Heroes (1982 TV Series) |
| 1988 | CTV / ATV (Hong Kong, Taiwan) | Howie Wong | Idy Chan | Idy Chan previous played Xiaolongnü in the 1983 TVB production of The Return of the Condor Heroes. |
| 1992 | TVB (Hong Kong) | Titled Rage and Passion (中神通王重陽) | ||
| 1993 | TVB (Hong Kong) | Chinese title 射鵰英雄傳之九陰真經. Loosely based on the novel. Starred David Chiang, Fiona Leung, Julian Cheung and Emily Kwan. | ||
| 1994 | TVB (Hong Kong) | Julian Cheung | Athena Chu | See The Legend of the Condor Heroes (1994 TV series) |
| 1994 | TVB (Hong Kong) | Titled The Condor Heroes Return (射鵰英雄傳之南帝北丐) | ||
| 2003 | Ciwen Pictures (Mainland China) | Li Yapeng | Zhou Xun | Produced by Zhang Jizhong. Co-starring Zhou Jie and Jiang Qinqin. Ba Yin, who played Jebe, played Jinlun Guoshi in The Return of the Condor Heroes (2006), and Genghis Khan in The Legend of Condor Heroes (2007). Its English title was broadcast as Legend of the Arching Hero in Singapore. |
| 2008 | Chinese Entertainment Shanghai (Mainland China) | Hu Ge | Ariel Lin | Hu Ge had a car accident in September 2006 while Ariel Lin finished filming They Kiss Again, causing a short delay in shooting. Co-starring Yuan Hong, Liu Shishi, Anthony Wong and Bryan Leung. It was broadcast on July 26, 2008. |
ရုပ်ပြ [ပြင်ဆင်ရန်]
- In 1998, Hong Kong's Ming Ho (明河社) (Charm Max) published a 38 volume comic series illustrated by Li Zhi Qing. This was published in Indonesia by MNC Comics in 2000.