ငှက်တော်
| ငှက်တော် | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Dicrurus macrocercus'' | ||||||||||||||
ငှက်တော် ငှက်တော်သည် လင်းမြီးဆွဲငှက်နှင့်အတူ 'ဒိုင်ကရိုရီဒေး' မျိုးရင်းတွင် ပါဝင်သည်။ ငှက်တော်မျိုး အများပင် ရှိသည်။ ပါဏဗေဒအမည်ဖြင့် 'ဒိုင်ကရုရပ်ပါရာဒီဆီယပ်ရန်ဂွန်နစ်ဆစ်' ဟုခေါ်သော ငှက်တော်ကို ငှက်တော်မြီးတော်ရှည်ဟူ၍ သိကြ သည်။ ကျီးကန်း၊ လင်းမြီးဆွဲငှက်တို့ကဲ့သို့ သပိတ်ရောင် အဆင်းရှိသည်။ ကိုယ်အလျား ၁၄ လက်မရှိ၍ ရှည်လျားသော အမြီးခွသည် ၁၃ လက်မအထိ ထိုးထွက်နေသည်။ ဤငှက်တော်သည် အသံအမျိုးမျိုးပြု၍ အော်တတ်သည်။ အခြားငှက်များ၏ အသံကိုလည်း အတုခိုး၍ အော်တတ်သည်။ ထိုငှက်၏အော်သံကို တစ်နေ့လုံး အဝေးကပင် ကြားနိုင်သည်။ ၆ ကောင်ခန့် အသင်းအပင်းဖွဲ့၍ နားနေရာမှ မကြာခဏ ထပျံ ၍ ပိုးမွှားများကို ထိုးသုတ်တတ်ကြသည်။ ထိုနောက် နားနေရာ သို့ တစ်ဖန်ပြန်လာတတ်ကြသည်။ မတ်လမှ မေလအတွင်းတွင် ငှက်တော်ကလေးများ ပေါက်ကြသည်။ အသိုက်ကို ပင်မြင့် ပေါ်၌ လုပ်တတ်သည်။ တစ်မြုံလျှင် ၃ ဥမှ ၄ ဥ အထိ ရှိသည်။ ဥမှာ ရှည်မျောမျော ခပ်ချွန်ချွန်ဖြစ်သည်။ ဥအရောင် မှာ အဖြူအောက်ခံပေါ်တွင် အနီ၊ အညို၊ ခရမ်းရောင်အပြောက် အစက်များ ရှိသည်။ ဤငှက်တော်မျိုးကို အရှေ့တိုင်းနိုင်ငံများတွင် အနှံ့အပြား တွေ့ရသည်။ မြန်မာနိုင်ငံ ပဲခူးရိုးမတောင်ရှိ ကျွန်းတောများ တွင် အမြင်ရများသည်။ တောင်ခြေရှိ သစ်တောများတွင် နေလေ့ရှိသည်။ ပေ ၃ဝဝဝ ထက်မြင့်သော အရပ်ဒေသတွင် မနေကြချေ။[၂]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN2008
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)