ငှက်ကြီးဒုံးစပ်
| ငှက်ကြီးထုံးစပ် | ||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||
|
||||||||||||
ငှက်ကြီးဒုံးစပ်[ပြင်ဆင်ရန်]
ငှက်ကြီးဒုံးစပ်သည် ငှက်ကျားမျိုးရင်းဝင် ဖြစ်သည်။ ခြေတံ နှင့် နှုတ်သီးရှည်၍ အကြည့်ရ အလွန် ဆိုးသောငှက်မျိုးဖြစ်၏။ ရပ်နေသောအခါ ၅ ပေခန့်မြင့်၍ အတောင်များကို ဖြန့်ကာ တိုင်းတာလျှင် တစ်ဖက်များမှ တစ်ဖက်ဖျားသို့ ၁၄ ပေမျှ ရှိ တတ်သည်။
ငှက်ကြီးဒုံးစပ်သည် ငါးများ၊ ဖားများ၊ မြွေများမှအစ ပုပ်ရိ နေသော အသေကောင်များကို စားသောက်တတ်၏။ ထိုသို့ အပုပ်အစပ်များကို ရှင်းလင်းပေးတတ်သဖြင့် အိန္ဒိယ နိုင်ငံတွင် အစိုးရတို့သည် ထိုငှက်များအား မသတ်ဖြတ်ရန် ဥပဒေဖြင့် ကာကွယ်ပေးထားလေသည်။ ငှက်ကြီးဒုံးစပ်များကို အာရှတိုက် တောင်ပိုင်းနှင့် အာဖရိကတိုက်တွင် တွေ့ရသည်။ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၌ တွေ့ရသော ငှက်ကြီးဒုံးစပ်မျိုးကို ပါဏဗေဒ အမည်အားဖြင့် 'လက်တိုတိုင်လပ် ဒျူဗီယပ်'ဟု ခေါ်သည်။ ဂျာဗားကျွန်း၌ တွေ့ရသောအမျိုးကို 'လက်တို တိုင်လပ် ဂျာဗန် နစ်ကပ်'ဟု ခေါ်သည်။ ယင်းကို မြန်မာတို့က ဒုံးမြီးကွက်ဟု ခေါ်ကြသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)