ငွေစက္ကူ

ဝီကီပီးဒီးယား မှ

ငွေစက္ကူဆိုသည်မှာ ဘဏ် သို့မဟုတ် အခြားလိုင်စင်ရ အာဏာပိုင်အဖွဲ့မှ ထုတ်ဝေထားသော စက္ကူဖြင့် ရိုက်နှိပ်ထားသော ငွေကြေးဖြစ်ကာ ကိုင်ဆောင်သူမှ ပြန်လည်တောင်းခံသည့် အခါ ညီမျှသော ပမာဏကို ပြန်လည် ပေးအပ်ရသည်။ မူလပထမက ကူးသန်းရောင်းဝယ်ရေးဘဏ်များမှ ငွေစက္ကူကို ရွှေဒင်္ဂါး သို့မဟုတ် ငွေဒင်္ဂါးများ အစားထုတ်ပေးခဲ့ပြီး ကိုင်ဆောင်သူမှ ဘဏ်သို့ ပြန်လည်ယူဆောင်လာသည့် အခါတွင် ဘဏ်မှ ဒင်္ဂါးဖြင့် ပြန်လည် လဲလှယ်ပေးရသည်။