ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ

ဝီကီပီးဒီးယား မှ

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်-၁၅)ကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ပြဋ္ဌာန်းသည်။

ယင်းဥပဒေအရ ဆန္ဒပြမည့်သူများသည် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သံရုံးများ စသည့်နေရာဒေသ အနီးတဝိုက်၌ ဆန္ဒပြပိုင်ခွင့်မရှိပေ။ ဆန္ဒပြသူများအနေဖြင့် မိမိတို့ကြွေးကြော်မည့် ဆောင်ပုဒ်၊ အသုံးပြုမည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတို့၏ အလံ၊ နေရာတို့ကို အာဏာပိုင်များထံ ၅ ရက် ကြိုတင်၍ ခွင့်ပြုချက်ရယူခြင်း လုပ်ဆောင် ရမည်ဖြစ်ပြီး နိုင်ငံတော်အလံကိုပါ ကိုင်ဆောင်ကြရမည် ဖြစ်သည်။ ဆန္ဒပြရာတွင် လက်နက်များ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ သံဃာတော်များက ဆန္ဒပြပိုင်ခွင့် မရှိပေ။

၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့်တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်သည်။ နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ အခန်း (၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခွင့် ရတော့မည်။ 29 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 December 2011 တွင် ပြန်စစ်ပြီး။