ငူငှက်
| ငူငှက် Pompadour Green Pigeon | ||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သဘာဝထိမ်းသိမ်းခြင်းအခြေအနေ | ||||||||||||||
Least Concern (IUCN Red List Ver.3.1 (2001))[၁] |
||||||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Treron pompadora'' | ||||||||||||||
ငူငှက် Pompadour Green Pigeon [ပြင်ဆင်ရန်]
ငူသည် ခို၊ချိုးငှက်တို့နှင့်အတူ 'ကိုလံဗီဒီ'မျိုးရင်းတွင် ပါဝင် သည်။ ငူ၌ စိမ်းစိုသော အမွေးအတောင်များ ရှိ၏။ ငူအမျိုး ပေါင်း များပြားသဖြင့် တစ်မျိုးနှင့်တစ်မျိုးကို ခွဲခြား၍ သိရန်မှာ မလွယ်ကူချေ။ အထူးသဖြင့် ငူအမများကို အမျိုးခွဲခြား သိရန် မှာ သာ၍ပင် ခက်ခဲသည်။
ငူတို့သည် အအုပ်အသင်းနှင့် နေတတ်ကြသည်။ ညောင်ပင် များ၌ များသောအားဖြင့် ကျက်စားတတ်ကြသည်။ သစ်ပင် ထက်၌ နားနေကြစဉ် သစ်ရွက်စိမ်းများနှင့် ခွဲခြား၍ မရနိုင်ပေ။ လေချွန်သံဖြင့် အော်မြည်ကြသောအခါမှ ယင်းတို့ ရှိမှန်းကို သိကြရသည်။ ငူ၏ ကိုယ်အရှည်အလျားမှာ ၁ဝ လက်မ၊ ၁၂ လက်မခန့် ရှိသည်။ ကိုယ်၏ အလုံးအထည်မှာ အလျားနှင့် လိုက်လျောစွာ ရှိသဖြင့် ကြည့်၍ကောင်းသော ငှက်မျိုး ဖြစ် လေသည်။ ထိုငှက်၏ခြေများသည် သစ်ပင်တက်နိုင်ရန်အတွက် ကျယ်ပြန့်၍ သန်စွမ်း၏။
ငူတို့တွင် ခြေဝါငူ၊ ရင်ပတ်ဝါငူ၊ နှုတ်သီးထူငူ စသည်ဖြင့် ငူအမျိုးမျိုး ရှိသည်။ ယင်းတို့ကို နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ အင်ဒိုချိုင်းနား၊ မလ္လာယုကျွန်းဆွယ်၊ ဂျာဗားကျွန်းတို့၌ တွေ့ရသည်။ [၂]
ပုံများ [ပြင်ဆင်ရန်]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Template:IUCN
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)