ငါးလိပ်ကျောက်
| ငါးလိပ်ကျောက် | ||||||||||
|---|---|---|---|---|---|---|---|---|---|---|
| Southern stingray (Dasyatis americana) | ||||||||||
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||
|
||||||||||
ငါးလိပ်ကျောက်သည် ငါးမန်းနှင့်အတူ မျိုးစဉ်တစ်ခုတည်း ဝင်ပင် ဖြစ်သော်လည်း ငါးမန်းနှင့်အသွင်ကွဲ၏။ ကိုယ်ရော ခေါင်းပါ ပြားရုံမက ရင်ဆူးတောင်များသည်လည်း ပြားပြီး ဘေးတဖက်တချက်သို့ ကားထွက်နေသည်။ ပုံသဏ္ဌာန်အားဖြင့် ငါးလိပ်ကျောက်သည် ကစားစရာ စွန် နှင့်သော်၎င်း၊ ယပ်တောင်နှင့် သော်၎င်း တူ၏။ အခြားငမန်းများနှင့် မတူသော ထူးခြားချက် မှာ ယင်း၌ ကျာပွတ်နှင့် တူသည့်အမြီးပါရှိခြင်း ဖြစ်သည်။ ယင်းကို လိပ်ကျောက်မြီးဟု ခေါ်သည်။ ကျောဆူးတောင်သည် အမြီးရင်းနား တွင်ရှိ၍ စအိုဆူးတောင် အလျှင်းမရှိချေ။ လိပ်ကျောက်မျိုးဝင် ဖြစ်သော လိပ်ကျောက်တံခွန်၏ အမြီး၌ ရန်သူပြင်းထန်စွာ အဆိပ်တက်အောင်ထိုးနိုင်သော လိပ် ကျောက်ဆူးရိုး တစ်ချောင်း ဖြစ်စေ၊ နှစ်ချောင်းဖြစ်စေ ပါရှိသည်။ လိပ်ကျောက်ဆူးကို မြန်မာတို့ ဆေးဖော်ရန် အသုံးပြုကြ၏။
လိပ်ကျောက်မျိုးတွင် လိပ်ကျောက်တံခွန်၊ လိပ်ကျောက်တင် မဲ၊ လိပ်ကျောက်နှာမောင်းတို၊ လိပ်ကျောက်ထမနဲ၊ လိပ်ကျောက်စွန်၊ လိပ်ကျောက်စွန်မောင်ရှင်၊ လိပ်ကျောက်စွန်မီးသောက်တို့ ပါဝင်ကြသည်။
လျှပ်စစ်လိပ်ကျောက်ဟူသော လိပ်ကျောက်မျိုး၏ ထူးခြား ချက်မှာ ရန်သူကိုသော်၎င်း၊ စားမည့် သားကောင်ကိုသော်၎င်း လျှပ်စစ်ဓာတ်လိုက်သွားအောင် ပြုနိုင်ခြင်းဖြစ်သည်။ လျှပ်စစ် လိပ်ကျောက်မှ လွှတ်သော လျှပ်စစ်ဓာတ်အားသည် လူ တစ်ယောက်ကိုပင် သေစေနိုင်လောက်သည်။
ကိုးကား [ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)