ငါးမြစ်ချင်း

ဝီကီပီးဒီးယား မှ
Rohu
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Cypriniformes
မျိုးရင်း: Cyprinidae
မျိုးရင်းသေး: Labeoninae
မျိုးစု: Labeo
မျိုးစိတ်:
L. rohita
ဒွိနာမ
Labeo rohita
Synonyms
  • Cyprinus rohita Hamilton, 1822

ငါးမြစ်ချင်း (Labeo Rohita) သည် ငါးသိုင်းမျိုးဖြစ်၍ 'စိုင်ပရီနီဒီး'မျိုးရင်းတွင် ပါဝင်သည်။ ပါဏဗေဒအလိုအားဖြင့် ငါးမြစ်ချင်းကို 'လေဗအိုရို ဟီတာ'ဟုခေါ်သည်။ ငါးကိုယ်သည် ရှည်လျား၍ အမြီး ဖက်သို့ ရှူးသွားသည်။ နှာတံမှာ မချွန်ဘဲ ထိပ်လုံးဖြစ်၍ မေးရိုးအရှေ့သို့ အနည်းငယ်ထွက်နေသည်။ နှုတ်ခမ်းမှာထူ၏။ နှုတ်သီး မွေးတိုတို ၂ စုံပါရှိသည်။ အမြီးခွသည် ရှည်ထွက် နေသည်။ အရောင်မှာ ကျောဖက်တွင် ပြာလဲ့လဲ့ သို့မဟုတ် အညိုရောင်ရှိပြီး ဘေးနှင့် အောက်ဘက်တွင် ငွေရောင်ရှိသည်။ အချို့ငါးမြစ်ချင်းများတွင် အကြေးခွံ၌ အစက်တစ်ခုစီပါသည်။ ဆူးတောင်များမှာ အနီရောင် သို့မဟုတ် အမည်းရောင်ရှိသည်။ ငါးမြစ်ချင်းသည် အရှည် ၃ ပေ သို့မဟုတ် ၃ ပေကျော်ကျော် အထိ ကြီးထွားသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Labeo rohita" (2010). IUCN Red List of Threatened Species 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T166619A6248771.en. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)