ငါးမန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ငါးမန်း
Grey reef shark
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက [[Animalia]]
မျိုးပေါင်းစု [[Chordata]]
မျိုးပေါင်း [[Chondrichthyes]]

ငါးမန်း။ ။ ကမ္ဘာအရပ်ရပ်ရှိ ငါးမန်းတို့တွင် တစ်တောင်သာသာမျှသာရှိ သော ငါးမန်းငယ်မျိုးမှ ကိုယ်ထည်ကြီးမားသော ငါးမန်းကြီးမျိုး အထိ အမျိုးများစွာရှိသည်။ ငါးမန်းတို့သည် ငလိပ်ကျောက်များ နှင့်အတူ 'ဆီလာချီး' မျိုးစဉ်တွင် ပါဝင်ကြသည်။ငါးမန်းကြီးမျိုး သည် ပေ ၄ဝ မှ တစ်ခါတစ်ရံ ပေ ၆ဝ လောက်အထိပင် ကြီးမားသည်။ ငါးမန်းကို အေးသောအရပ်ဒေသများမှထက် ပူ သောနေရာဒေသများတွင် ပို၍တွေ့မြင်ရသည်။ ငါးမန်းတို့သည် ခရီးဝေးဝေး သွားလာကာ ကျက်စားတတ်သည်။ ကမ္ဘာ့မြောက် ဘက် ဝင်ရိုးစွန်းတို့ရှိ ဂရင်းလန်းကျွန်းအနီးမှ ငမန်းတို့သည် ပြင်သစ်နိုင်ငံကမ်းခြေသို့ပင်ရောက်အောင် ဆင်းလာ၍ ကျက်စား တတ်ကြသည်ဟု ဆိုသည်။

အပြုအမူ အလေ့အကျင့်ကိုလိုက်၍ ငါးမန်းတို့တွင် အမျိုး နှစ်မျိုး ကွဲပြားသည်။ တစ်မျိုးမှာ ပင်လယ်အောက်ခြေတွင် ကျက်စားတတ်သော ငမန်းမျိုးဖြစ်၍ အခြားတစ်မျိုးမှာ ရေမျက် နှာပြင်အနီးတွင်သာ ကျက်စားတတ်သော ငမန်းမျိုးဖြစ်သည်။ ပထမငါးမန်းမျိုးသည် လူသတ္တဝါများကို အလျင်းအန္တရာယ်မပြု တတ်ပေ။ ထိုငါးမန်းတို့၏ ဦခေါင်းသည် ခုံးတုံးတုံးဖြစ်ပြီး သွား များမှာ မာကျော၍ ဝိုင်းနေလေသည်။ ထိုသွားမျိုးရှိသော ငမန်း မျိုးသည် ငါးမန်းတို့တွင် အလွန်ရှားပါး၍ ရှေးလည်း အကျဆုံး ဖြစ်၏။ ဒုတိယငါးမန်းမျိုးသည် လူသတ္တဝါများကို အလွန် အန္တရာယ်ပေးတတ်ကြသည်။ ဝေလငါးကြီးများကိုပင် အသား တုံးကြီးများပဲ့၍ ပါသွားအောင် ကိုက်ဖြတ်တတ်ကြ၏။

ငါးမန်းတို့ကို မြန်မာနိုင်ငံကမ်းရိုးအလွန် ဘင်္ဂလားပင်လယ်ထဲ တွင်လည်း အနှံ့အပြား တွေ့ရှိရ၏။ ပင်လယ်ကမ်းရိုးဒေသ တို့မှတစ်ပါး အခြားဒေသတို့တွင် ငါးမန်းကို ဟင်းလျာအဖြစ် စားလေ့မရှိသော်လည်း အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန် အတွက်မူ အသုံးပြုကြသည်။ မြန်မာနိုင်ငံတွင် ငါးမန်းရေကို ဓားရိုးဖုံးရန် အသုံးပြုလေ့ရှိသည်။ အမြီးမှတစ်ပါး ငါးမန်း၏ ဆူးတောင်ကို နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့ရောင်းချ ရသည်။ တရုတ်နိုင်ငံတွင်မူ ထိုဆူးတောင်များကို စားသုံး၍ ယင်းမှ ကော်တစ်မျိုး ပြုလုပ်ယူလေသည်။ ငမန်းအသည်းမှ ရသောအဆီတွင် ဗီတာမင်အေဓာတ်များစွာ ပါရှိသဖြင့် ငါးကြီး ဆီအစား ငါးမန်းဆီကို ချက်လုပ်ရောင်းချလေ့ရှိကြ၏။

ငါးမန်းမျိုးတွင် ငါးမန်းခေါင်းဝိုင်း၊ ငါးမန်းတောင်မဲ၊ ငါးမန်း ငှက်ပျံ၊ ငါးမန်းနီ၊ ငါးမန်းကျွဲ၊ ငါးမန်းသံဝတ်၊ ငါးမန်းပြောက်၊ ငါးမန်း စွယ်သည်၊ ငါးမန်းကား၊ ငလိပ်ကျောက်၊ လိပ်ကျောက် တံခွန်၊ လျှပ်စစ်လိပ်ကျောက် စသည်တို့ ပါဝင်သည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ahoj